ရှေ့သို့
Image

တီယာနေးရဲ့တန်ကြေးအတိုင်း အာဆင်နယ်ကမ်းလှမ်းမှု မရှိသေးဘူး လို့ ပြောဆိုလိုက်တဲ့ နည်းပြ နေးလ်လင်နွန်

1:32 PM, 3 August

အာဆင်နယ် အသင်းရဲ့ ပစ်မှတ် တီယာနေးနဲ့  ပတ်သတ်ပြီး တန်ကြေး သတ်မှတ် ထားမှုကို ဆဲလ်တစ် အသင်းက  ပြောင်းလဲသွားမှာ မဟုတ်ပါဘူးလို့ နည်းပြ နေးလ်လင်နွန်က ပြောဆို လိုက်ပါတယ်။

ပရီးမီးယားလိဂ် ကလပ်ရဲ့ နှစ်ကြိမ် တိုင်တိုင် ကမ်းလှမ်း ထားမှုကို ဆဲလ်တစ်က ပယ်ချ ထားတာဖြစ်ပြီး နောက်တန်း ကစားသမားရဲ့ တန်ကြေးက ပေါင် ၂၅သန်းပဲ ဖြစ်ပါတယ်။

အာဆင်နယ် အသင်းရဲ့ အရင်က ကမ်လှမ်းမှုဟာ များပြား ခဲ့သော်လည်း ဆဲလ်တစ် အသင်းကတော့ ပိုပြီး လိုချင်နေ တာ ဖြစ်ပါတယ်။

သူ့ရဲ့ အခြေအနေနှင့် ပတ်သတ်ပြီး လင်နွန်ကတော့ အေးအေး ဆေးဆေးပဲဖြစ်ပြီး စကော့တလန် ပရီးယားရှစ် ချန်ပီယံ ကတော့ သူတို့  သတ်မှတ်ထားတဲ့ ဈေး မရမချင်း ရောင်းချမှာ မဟုတ်ပါဘူး။

'' အင်္ဂလန်ရဲ့ အပြောင်းအရွေ့က ကြာသပတေးနေ့တွင် ပိတ်သိမ်းမှာ ဖြစ်ပါတယ်။ အဲ့ဒါကတော့ ဘယ် ကစားသမား မဆို ပုံစံမကျ ဖြစ်သွား နိုင်ပါတယ်။

ကမ်းလှမ်းမှု နှစ်ကြိမ်ကို ကျွန်တော်တို့က ငြင်းပယ် ထားတာ ဖြစ်ပြီး ကစားသမား အတွက် ကျွန်တော်တို့ရဲ့ တန်ကြေး  သတ်မှတ် ထားမှုကို ကလပ်တွေကလည်း သိရှိနေတာ ဖြစ်ပါတယ် ''


'' သူက အသက် ၂၂ နှစ် အရွယ်သာ ရှိသေးပြီး တိုးတက်ဖို့အတွက် ကြိုးစား နေတုန်း ဖြစ်ကာ လက်ရှိ အခြေအနေ ကိုပဲ အာရုံစိုက် နေပါတယ်''
ဟု ပြောကြား သွားခဲ့ပါတယ်။

#တီယာနေး