ရှေ့သို့
Image

ပီပီရဲ့ အောင်ပွဲခံပုံကို အတုခိုးခဲ့တဲ့ တီယာနေး တစ်ယောက် အသင်းထံ ရောက်ဖို့ သေချာ နေပြီဟု အာဆင်နယ် ပရိသတ်တွေ ယူဆ

9:37 AM, 3 August

အာဆင်နယ်အသင်း ပရိသတ်တွေကတော့ ဆဲလ်တစ် နောက်ခံလူ တီယာနေးဟာ မကြာသေးခင်က ရောက်ရှိလာတဲ့ တောင်ပံ ကစားသမား ပီပီရဲ့ အောင်ပွဲခံမှု ပုံစံကို အတု ခိုးခဲ့ တာကြောင့် သိပ် မဝေးတော့တဲ့ ကာလမှာ တီယားနေး တစ်ယောက် အာဆင်နယ် အသင်းကို ရောက်ရှိ လာတော့ မယ်လို့ ယူဆ နေကြ ပါတယ်။

တောင်ပံ ကစားသမား ပီပီဟာ အာဆင်နယ် အသင်းကို ယမန်နေ့ က  ကလပ်စံချိန်တင် ပြောင်းရွှေ့ကြေးနဲ့ လိုင်လီအသင်းကနေ ရောက်ရှိ လာခဲ့တာ ဖြစ်ပါတယ်။

အသက် ၂၄နှစ်သားဟာ  လိုင်လီမှာ ဂိုးသွင်း ပြီးတာနဲ့ မျက်လုံးပေါ်ကို လက်တစ်ဖက် တင်ကာ အောင်ပွဲ ခံလေ့ ရှိတာပါ။

အဆိုပါ အောင်ပွဲ ခံမှု ပုံစံမျိုးကို အာဆင်နယ် အသင်းက ခေါ်ယူဖို့ ကြိုးပမ်း နေတဲ့ ဆဲလ်တစ် နောက်ခံလူ ကလည်း တုပ  ပြုလုပ် ခဲ့တယ်လို့ လူမှု မီဒီယာ တွေမှာ သတင်းနဲ့ တကွ ပုံတွေ ပြန့်နှံ လာခဲ့ ပါတယ်။

အသက် ၂၂နှစ် သားကို အာဆင်နယ် အသင်းက အခုနှစ် နွေရာသီ တစ်လျောက်လုံး ခေါ်ယူဖို့ ကြိုးပမ်း နေခဲ့တာ ဖြစ်ကာ အခုလည်း တီယားနေး တစ်ယောက် သြစတြီးယားမှာ လေ့ကျင့်ခန်း ဆင်းစဉ် ကစားသမားသစ် ပီပီရဲ့ ပုံစံမျိုး ပြုလုပ်ခဲ့တဲ့ ဓာတ်ပုံကို မီဒီယာ တွေက အမိအရ ရိုက်ကူး နိုင်ခဲ့ပါတယ်။

ဒါကြောင့် အာဆင်နယ် အသင်း ပရိသတ်တွေဟာ တွစ်တာ ပေါ်မှာ ပွက်လော ရိုက်လာ ခဲ့ကြပါတယ်။

“တီယာနေး တစ်ယောက် ပီပီရဲ့အောင်ပွဲ ခံမှုကို အားကျ နေပြီ။ တစ်ခုခုတော့ ထူးခြား တော့မယ် ”လို့ အဆိုပါ ဓာတ်ပုံနဲ့ ပတ်သတ်ပြီး ပရိသတ် တစ်ဦးက ရေးသား ခဲ့ပါတယ်။

“အာဆင်နယ်ကို ပီပီ ရောက်မယ် ဆိုတာ တီယာနေး တစ်ယောက် သိပြီး သားပါ။သူလည်း မကြာခင် ပီပီ နောက် လိုက်လာ တော့မှာ ”လို့ နောက်ထပ် ပရိသတ် တစ်ဦးက ရေးသား ခဲ့ပါတယ်။

လီဗာပူး အသင်းဟာ အဆိုပါ လိုင်လီ တောင်ပံ ကစားသမား ကို ခေါ်ယူဖို့ စိတ်ဝင်စား ခဲ့ပေမယ့်လည်း ပထမ ပွဲထွက်ခွင့် နေရာ အတွက် အာမခံချက် မရှိတာကြောင့် လက်လျော့ ခဲ့ရတာ ဖြစ်ပါတယ်။

ဒါကြောင့် ပီပီဟာ အာဆင်နယ် အသင်းမှာ တိုက်စစ်မှူး လာကာဇက်တီ ၊ အူဘာမီယန်းတို့နဲ့ အတူ တွဲဖက်ကာ ၃ယောက်တွဲ ဒိပ်ဒိပ်ကြဲ တိုက်စစ်ကို မြင်တွေ့ ရဖွယ် ရှိပါတယ်။

“ကျွန်တော် အာဆင်နယ်အသင်း မလာခင် ကတည်းက လာကာဇက်တီနဲ့ အူဘာမီယန်းတို့ အကြောင်း သိပြီး သားပါ။ အထူးသဖြင့် လာကာနဲ့ဆို ပြင်သစ်မြေမှာ ပြိုင်ဘက် အဖြစ် ကစားဖူး ပါတယ်။

အခုတော့ ကျွန်တော် သူနဲ့ အတူ တွဲဖက်ပြီး အာဆင်နယ် အသင်းမှာ  ကစား ရတော့မှာ ဖြစ်တဲ့အတွက် ဂုဏ်ယူ မိပါတယ်။

တကယ့်ကို စိတ် လှုပ်ရှားစရာပါ။ ဘာလို့လဲ ဆိုတော့ ကျွန်တော့် အတွက် မလွယ်ကူ ခဲ့ဘူးလေ။ ဒီကို လာရဖို့ အတွက် အချိန် အတော်ကြာ ရုန်းကန် ခဲ့ရပါတယ်။အခုတော့ ကျွန်တော် တကယ့်  ထိပ်တန်း ကလပ်ကို ရောက်ရှိ လာပါပြီ ”လို့ ပီပီက ပြောကြား ခဲ့ပါတယ်။

#နီကိုလက်စ်ပီပီ #တီယာနေး