ရှေ့သို့
Image

ယူနိုက်တက်ကို ပြောင်းရွှေ့ဖို့အတွက် Whatsappမှာ ဒိုင်ဘားလားကို ရော်နယ်ဒို တိုက်တွန်းခဲ့

4:12 PM, 2 August

ယူနိုက်တက် ဂန္တ၀င် ရော်နယ်ဒိုဟာ ဂျူဗင်တပ်စ်ကနေ မန်ယူကို ပြောင်းရွှေ့ဖို့ နီးစပ်နေတဲ့ အသင်းဖော် ဒိုင်ဘားလားကို အိုးထရက်ဖို့ဒ်ကို ပြောင်းရွှေ့ဖို့ တိုက်တွန်းခဲ့ကြောင်း သိရပါတယ်။

ဒိုင်ဘားလားဟာ ကြာသပတေးနေ့က တူရင်ကို ပြန်လာခဲ့ပြီး အသင်းသားတွေရဲ့ Whatsapp Group Chat မှာ အိုးထရက်ဖို့ဒ်ကို ပြောင်းရွှေ့ဖို့ အတွက် ရော်နယ်ဒိုရဲ့ အကြံဥာဏ်ကို မေးမြန်းခဲ့တာ ဖြစ်ပါတယ်။

ရော်နယ်ဒိုဟာ မန်ယူအသင်းကို ပြောင်းရွှေ့မယ့် ဒိုင်ဘားလားရဲ့ အစီအစဉ်ကို ခွင့်ပြုခဲ့ဟန်ရှိပြီး ယူနိုက်တက်မှာ ဆုဖလားတွေ ဆွတ်ခူးဖို့ တိုက်တွန်းခဲ့တယ်လို့ သိရပါတယ်။

ဂျူဗင်တပ်စ်အသင်းမှာတော့ ရော်နယ်ဒိုနဲ့အတူ အားကစား ဒါရိုက်တာ ပါရာတီချီ၊ ဒုဥက္ကဌ နက်ဗက်တို့ဟာ သြဇာအကြီးမားဆုံးသူတွေအဖြစ် သတ်မှတ်ခံထားရပါတယ်။

ဒီလစ်ခ်ျကို ခေါ်ယူနိုင်ဖို့ ရော်နယ်ဒိုက စွဲဆောင်ခဲ့သလို အခြားကစားသမား ခေါ်ယူမှုမှာလည်း ရော်နယ်ဒိုက  ပါဝင်ပတ်သက်နေတယ်ဆိုတာ ငြင်းစရာ မရှိပါဘူး။

ဒိုင်ဘားလားရဲ့ ဂျူဗင်တပ်စ်အသင်းနဲ့ အနာဂတ်ဟာ ပြီးဆုံးသွားခဲ့ပြီဖြစ်ပြီး အသင်းကနေ ထွက်ခွာဖို့ တောင်းဆိုထားခဲ့တာ ဖြစ်ပါတယ်။

ဒိုင်ဘားလားဟာ သူ့ရဲ့ စွမ်းဆောင်ရည်တွေကို အသင်းတစ်သင်းမှာ ပြသလိုနေပြီး ရော်နယ်ဒိုရဲ့ အကြံပြုချက်ကို မေးမြန်းခဲ့တာ ဖြစ်ပါတယ်။ နည်းပြသစ် ဆာရီဟာ လူကာကူကို သဘောကျတဲ့ နည်းပြတစ်ဦးဖြစ်တာကြောင့် အဆိုပါ အပြောင်းအရွှေ့က ဖြစ်ပေါ်လာဖို့ ရှိနေပါတယ်။

DailyMail ကတော့ ဒိုင်ဘားလားဟာ ယူနိုက်တက်ရဲ့ ကမ်းလှမ်းမှုကို လက်ခံပြီး အိုးထရက်ဖို့ဒ်ကို ပြောင်းရွှေ့တော့မယ်လို့ ဖော်ပြခဲ့ပါတယ်။

#မနျခကျြစတာယူနိုကျတကျ #ဒီလစ်ဂ်ျ