ရှေ့သို့
Image

ဘရူနိုဖာနန်ဒက်စ်ကို ကြားဖြတ်ခေါ်ယူဖို့ တော့တင်ဟမ်အသင်း ဆွေးနွေးမှုတွေ ပြုလုပ်နေ

3:51 PM, 2 August

စပါးအသင်းဟာ လိုဆယ်ဆိုကို ခေါ်ယူနိုင်ခဲ့ခြင်း မရှိတဲ့နောက်မှာ ယူနိုက်တက် ပစ်မှတ် စပို့တင်းလစ္စဘွန်း ကွင်းလယ်လူ ဘရူနို ဖာနန်ဒက်စ်ကို ခေါ်ယူဖို့ ဆွေးနွေးမှုတွေ ပြုလုပ်နေပြီ ဖြစ်ပါတယ်။

စပါးအသင်းဟာ အပြောင်းအရွှေ့ ဈေးကွက် မပိတ်ခင်မှာ ကွင်းလယ်တိုက်စစ် ကစားသမားတစ်ဦးကို ခေါ်ယးဖို့ ကြိုးစားနေပြီး အဓိက ပစ်မှတ်အဖြစ် လိုဆယ်ဆိုကို သတ်မှတ်ထားခဲ့တာ ဖြစ်ပါတယ်။

ဒါပေမယ့် ဘက်တစ်အသင်းနဲ့ ပြောင်းရွှေကြေး သဘောတူညီမှု မရရှိခဲ့ပဲ ဘရူနို ဖာနန်ဒက်စ်ကို ခေါ်ယူဖို့ များဦး လှည့်လာခဲ့တာ ဖြစ်ပါတယ်။

ဇွန်လလယ်တုန်းက ဖာနန်ဒက်စ်ကို ခေါ်ယူမယ်ဆိုတဲ့ သတင်းတွေကို စပါးအသင်းက ငြင်းပယ်ထားခဲ့ပေမယ့် ယခုအချိန်မှာတော့ အမှန်တကယ် ခေါ်ယူဖို့ ကြိုးပမ်းလာခဲ့တာဖြစ်ပြီး တာဝန်ရှိသူ ၂ဦးကို အပြောင်းအရွှေ့ကိစ္စ ဆွေးနွေးဖို့အတွက် လစ္စဘွန်းမြို့ကို စေလွှတ်ခဲ့ပြီ ဖြစ်ပါတယ်။

ဖာနန်ဒက်စ်ကို မန်ယူအသင်းကလည်း ခေါ်ယူဖို့ အကြီးအကျယ် ချိတ်ဆက်နေပေမယ့် သတ်မှတ်ထားတဲ့ ပြောင်းရွှေ့ကြေး မြင့်မားလွန်းတာကြောင့် ပေါ်တူဂီသားအပေါ် စိတ်ဝင်စားမှု လျော့ကျလာခဲ့တာ ဖြစ်ပါတယ်။

ဒါကြောင့် ယူနိုက်တက်ဟာ အဓိက ပစ်မှတ်ဖြစ်တဲ့ နောက်ခံလူ မက်ဂွါရီဘက်ကို အာရုံပြောင်းသွားခဲ့ပြီ ဖြစ်ပါတယ်။

စပါးအသင်းဟာ နွေရာသီ ပထမဆုံး ခေါ်ယူမှုအဖြစ် ကွင်းလယ်လူ အန်ဒွန်ဘီလီကို ကလပ်စံချိန်တင် ပေါင် ၆၅ သန်းဖြင့် ခေါ်ယူထားခဲ့ပြီ ဖြစ်သလို လိဒ်အသင်းက ဂျက် ကလိတ်ခ်ကိုလည်း ခေါ်ယူခဲ့ကာအသင်းဟောင်းဆီ ၁ ရာသီ အငှား ပြန်ချခဲ့ပါတယ်။

#စပါး #ဘရူနိုဖာနန်ဒတ်စ်