ရှေ့သို့
Image

ကွန်မြူနတီဒိုင်း ချန်ပီယံဖြစ်ချင်တာက စီးတီးအပေါ် အသာစီးရလိုမှုကြောင့် မဟုတ်ကြောင်း ဟန်ဒါဆန် ရှင်းလင်း

9:34 AM, 2 August

လီဗာပူးအသင်းခေါင်းဆောင် ဟန်ဒါဆန်က ကွန်မြူနတီဒိုင်း ပြိုင်ပွဲမှာ အနိုင်ရဖို့ တွန်းအားပေးနေတဲ့ အရာဟာ နောက်ထပ်ဆုဖလား တစ်လုံးရရှိဖို့သာ ဖြစ်ပြီး မန်စီးတီးအသင်းကို စောစီးစွာ အသာစီးရဖို့ မဟုတ်ကြောင်း ရှင်း လင်း ပြောဆိုလိုက်ပါတယ်။ ပြီးခဲ့တဲ့ရာသီက မန်စီးတီးဟာ ပရီးမီးယားလိဂ်သာမက အက်ဖ်အေ ဖလားကိုလည်း ရရှိခဲ့တဲ့ အတွက်ကြောင့် ယခုရာသီ အစမှာတော့ ပုံမှန်ကစားနေကြ ကွန်မြူနတီဒိုင်းပွဲကို တနင်္ဂနွေနေ့မှာ ပရီးမီးယားလိဂ် ဒုတိယဆုရှင် လီဗာပူးနဲ့ ၀င်ဘာလေမှာ ကစားရမှာဖြစ်ပါတယ်။

၁၉ နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် ရရှိနိုင်မည့် ပရီးမီးယားလိဂ်ဖလားကို ရမှတ် ၁ မှတ်တည်းဖြင့် စီးတီးထံ  လွှဲပြောင်း ပေးအပ်ခဲ့ရပေမယ့် မက်ဒရစ်မှာ ကျင်းပခဲ့တဲ့ ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ ပြည်တွင်းပြိုင်ဘက် စပါးအ သင်းကို အနိုင်ယူ ကာ ၆ ကြိမ်မြောက် ဆုဖလား ရရှိခဲ့ပါတယ်။ မန်စီးတီးနဲ့ လီဗာပူးတို့ဟာ ယခုရာသီမှာလည်း ချန်ပီယံဆုဖလား ပြိုင်ဆိုင်ဖို့အတွက် အဓိက အားပြိုင်ရလိမ့်မယ်လို့ ကျွမ်းကျင်သူတွေက သုံး သပ်နေကြပါတယ်။ 

''၀င်ဘာလေမှာ ကစားရခြင်းက ငြီးငွေ့ဖွယ်ကောင်းတယ်လို့ ကျွန်တော်က မထင်မိပါဘူး''လို့ ဟန်ဒါဆန်က ပြောပါတယ်။ ''လီဗာပူးနဲ့ပဲဖြစ်ဖြစ် အင်္ဂလန်နဲ့ပဲဖြစ်ဖြစ် ၀င်ဘာလေမှာ မိနစ်အနည်းငယ်ပဲ ကစားရင်တောင် ကျွန်တော် ကံကောင်းပါတယ်''

''၀င်ဘာလေကို လာရောက်ကစားရတဲ့ ခံစားချက်က အရမ်းကိုထူးခြားပါတယ်။ အဲဒီပွဲကတော့ အရမ်းကို ထူးခြားတဲ့ပွဲဖြစ်မှာပါ၊ ကွန်မြူနတီဒိုင်းကို ကစားရတာက ကျွန်တော့်အတွက်တော့ ပထမဆုံးပါပဲ''

''ကျွန်တော်တို့က အနိုင်ရရှိချင်ပြီး အဲ့ဒီအတွက် စိတ်ပူပန်ခြင်း မရှိပါဘူး၊ အနိုင်ရရှိဖို့ အတွက်လည်း ပြိုင်ဘက်နဲ့ မျှတမှု ရှိပါတယ်''

''မန်စီးတီးအတွက်လည်း အတူတူပါပဲ။ ဒါဟာ ကျွန်တော်တို့အတွက် နောက်ထပ် ပြိုင်ပွဲတစ်ပွဲဖြစ်ပြီး အဲဒီပွဲကို  တော့ ကျွန်တော်တို့က အနိုင် ရရှိနိုင်ပါတယ်။ ကျွန်တော်တို့ကတော့ ဒီပွဲမှာ အနိုင်ရချင်ရုံ သက်သက်ပဲရှိပြီး ဒီပွဲနိုင်လိုက်တာနဲ့ စီးတီးအပေါ် အသာရသွားပြီလို့လည်း မထင်ပါဘူး''

''ကျွန်တော်တို့ဟာ မန်စီးတီးအသင်းကို လေးစားပါတယ်၊ ပြီးခဲ့တဲ့ ရာသီကလည်း အောင်မြင်မှုရရှိခဲ့ပြီး ဒီရာသီ မှာလည်း အာရုံစိုက်မှာ ဖြစ်တဲ့အတွက်ကြောင့် လေးစားမိတာပါ။ ဒီပွဲမှာတော့ ကျွန်တော်တို့ပရိသတ်တွေ အတွက် အကောင်းဆုံး လုပ်နိုင်တာထက်ကိုပိုပြီး ကြိုးစား ကစားသွားမှာပါ''လို့ သူက ဆက်ပြောပါတယ်။

#လီဗာပူး #မနျစီးတီး #ဟန်ဒါဆန်