ရှေ့သို့
Image

ပေါင် ၄၅ သန်းနဲ့ ဆီဘယ်လော့စ်၊ ပီပီတို့ကို ခေါ်ယူနိုင်ဖို့ အာဆင်နယ် ဘယ်လို ဆောင်ရွက်ခဲ့သလဲ

4:55 PM, 1 August

အာဆင်နယ်အသင်းရဲ့ လက်ရှိရာသီ ကစားသမား ခေါ်ယူမှုတွေ ဖြစ်တဲ့ ဆီဘယ်လော့စ်၊ ပီပီတို့ကို ခေါ်ယူ နိုင်ခဲ့တာ အားကစား ဒါရိုက်တာ ရာအူးလ် ဆန်ဟက်လီကြောင့်လို့ ပြောရင်တော့ မှားမယ် မထင်ပါဘူး။ ဆန်ဟက်လီဟာ အာဆင်နယ်အသင်း မိတ်ဆက်ခဲ့တဲ့ နောက်ခံလူ ဆာလီဘာရဲ့ ဗီဒီယိုမှာ ကနေတာကို မြင်တွေ့ခဲ့ရပါတယ်။
အလားတူ ကစားသမားကောင်း တစ်ဦးဖြစ်တဲ့ နီကိုလက်စ် ပီပီကို ကနဦး ပေါင် သန်း၂၀ နဲ့ ခေါ်ယူနိုင်အောင် စွမ်းဆောင်ပေးခဲ့သလို ဆာလီဘာကိုလည်း ကနဦး ၃သန်း၊ ဆီဘယ်လော့စ်ကို အငှားနဲ့အတူ တီယာနေးကို ခေါ်ယူဖို့ ဆက်လက် ကြိုးပမ်းလျက် ရှိနေပါတယ်။ သတင်းတွေအရ အာဆင်နယ်အသင်းမှာ ပေါင် ၄၅ သန်းသာ အပြောင်းအရွှေ့ အသုံးစရိတ်ရှိပြီး ကြီး ၆ ကြီးမှာ အနည်းဆုံးပဲ ဖြစ်ပါတယ်။
အဆိုပါ ပေါင် ၄၅ သန်းကို အသုံးပြုပြီး ဆန်ဟက်လီဟာ ကစားသမား ၄ ဦးကို ခေါ်ယူ ပေးခဲ့ပါတယ်။ အဆိုပါ ကစားသမားတွေထဲမှာ ပွဲထွက် လူစာရင်းမှာ အသုံးပြုလို့ရတဲ့ ကစားသမားတွေ ပါဝင်သလို အနာဂတ်အတွက် လူငယ် ကစားသမားတွေလည်း ပါဝင်ပါတယ်။
ပီပီ ရောက်ရှိလာခဲ့တာကြောင့် ပရိသတ် ၈၀% လောက်ကတော့ အာဆင်နယ်အသင်းရဲ့ တိုက်စစ် ၃ ဦးဟာ လီဗာပူး အသင်းထက် သာလွန်တယ်လို့ ယုံကြည်နေကြပြီ ဖြစ်ပါတယ်။ ဆီဘယ်လော့စ်ဟာ နည်းပြ အမ်မရီရဲ့ ကစားသမားကွက်နဲ့ အံဝင်မယ့် ကစားသမား ဖြစ်သလို ပေါင် ၆ သန်းနဲ့ ၀ယ်ယူထားခဲ့တဲ့ မာတီနယ်လီ ဟာလည်း အာဆင်နယ် အသင်းရဲ့ တိုက်စစ် လိုအပ်ချက်ကို ဖြည့်စွမ်းပေးနိုင်မှာ ဖြစ်ပါတယ်။
ဆာလီဘာကတော့ စိန့်အက်တီယန် အသင်းမှာ အငှားပြန်လည် သွားရောက် ကစားရမှာ ဖြစ်ပေမယ့် ကနဦး ပေါင် ၃ သန်းသာ ပေးရတာကတော့ တော်တော်လေးကို တန်တဲ့ အပြောင်းရွှေ့လို့ ပြောရမှာပါ။ ဒါကြောင့် နှစ်ပေါင်းများစွာ ဝေးကွာနေတဲ့ ဆုဖလားတွေကို အာဆင်နယ်အသင်း ပြန်လည် ရယုသွားမလား ဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။
ဆန်ဟက်လီ ဆိုတာကတော့ ဘာစီလိုနာအသင်းမှာ အုပ်ချုပ်သူ ရာထူး ရယူထားခဲ့တဲ့ သူတစ်ယောက် ဖြစ်ပါတယ်။ ၅ နှစ်ကြာ ဘာစီလိုနာအသင်းမှာ တာဝန် ထမ်းဆောင်ခဲ့ပြီးနောက် အားကစား ဒါရိုက်တာ ရာထူးကို ရယူခဲ့ပါတယ်။
အာဆင်နယ် အသင်းကတော့ အသင်းက ထွက်ခွာသွားခဲ့တဲ့ ဂါဇီဒစ်ရဲ့ နေရာမှာ အစားထိုးဖို့အတွက် ဆန်ဟက်လီကို ခေါ်ယူခဲ့တာ ဖြစ်ပါတယ်။

#နီကိုလက်စ်ပီပီ #ဆီဘယ်လော့စ်