ရှေ့သို့
Image

နီကိုလပ်စ် ပီပီကို လက်လွှတ်ခဲ့ရပြီးနောက် ခရစ္စတယ် ပဲလေ့စ် တောင်ပံကစားသမား ဇာဟာ ဖက် မြှားဦးလှည့်လာတဲ့ နာပိုလီ

4:16 PM, 1 August

နာပိုလီအသင်းဟာ ထိပ်တန်း တောင်ပံကစားသမားတစ်ဦး  ခေါ်ယူလိုနေပြီး ခရစ္စတယ်ပဲလေ့စ် ကြယ်ပွင့် ၀ီဖရိုင်း ဇာဟာကို ပေါင်သန်း ၆၀ ဖြင့် ကမ်းလှမ်းဖို့ ပြင်ဆင်လာကြောင်း သိရပါတယ်။
စီးရီးအေ ကလပ်အသင်းဟာ ဇာဟာရဲ့အသင်းဖော် ဖြစ်တဲ့ အာဆင်နယ်သို့  ပြောင်းရွှေ့ရန် သဘော တူညီ ထားတဲ့  အသက် ၂၄ နှစ်အရွယ်  အိုင်ဗရီကို့ စ် အသင်းဖော် ကစားသမား နီကိုလပ်စ် ပီပီ ကို ခေါ်ယူရန် ပစ်မှတ် ထားခဲ့တာ ဖြစ်ပါတယ်။
လက်ရှိမှာတော့ နိုင်ငံခြားသို့  ထွက်ကစားရန် လမ်းပွင့်နေတဲ့ အသက် ၂၆ နှစ်အရွယ်  ဇာဟာကို နာပိုလီ နည်းပြ ကားလို့ စ် အန်ဆယ်လော့တီက မျက်စိကျလာတာပါ။
အာဆင်နယ်အသင်းဟာ ပီပီကို အမိအရ ဖမ်းဆုပ်နိုင်ခဲ့သလို ပေါင်သန်း ၄၀ ဖြင့် ကမ်းလှမ်းမှုကို ပဲလေ့စ်က ပယ်ချခဲ့တာကြောင့် ငယ်ဘ၀ အိပ်မက်မက်ခဲ့ရတဲ့ အသင်းထံ ပြောင်းရွှေ့ ဖို့ ဇာဟာရဲ့စိတ်ကူးဟာ ပျက်ပြယ် ခဲ့ရတာပါ။
ဂန်းနားဟာ ဇာဟာအတွက် ကစားသမား အလိုက်ပေးခြင်းဖြင့် ချဉ်းကပ်ခဲ့သော်လည်း ပဲလေ့စ် အမူဆောင်ချုပ် စတီဗ် ပါရစ်က ငြင်းဆန်ခဲ့တာ ဖြစ်ပါတယ်။
အဲဒီနောက် အဲဗာတန် အသင်းဟာလည်း ဇာဟာအတွက် အပြောင်းအရွှေ့ ဖြစ်လာရန် ကံစမ်းမှု လုပ်ခဲ့ပေမယ့် ၎င်းတို့ ရဲ့ ကြယ်ပွင့်ဟာ ရောင်းချဖို့ အတွက် မဟုတ်ကြောင်း ဆိုခဲ့သလို ပေါင် ၅၅ သန်းဖြင့် ကမ်းလှမ်းမှု ကိုလည်း ပဲလေ့စ်က ထပ်မံ ပယ်ချခဲ့ပါတယ်။
ဒါပေမယ့် လက်ရှိအခါမှာတော့ နာပိုလီ အသင်းဟာလည်း ပဲလေ့စ်ရဲ့ မေးခွန်းကို ဖြေရှင်း သွားဖို့ ဝင်ရောက်လာခဲ့ပြီး ပေါင်သန်း ၆၀ ၀န်းကျင်ဖြင့် ကမ်းလှမ်းသွားဖို့ ပြင်ဆင်နေပါတယ်။
အလားတူ ဇာဟာ ကိုယ်တိုင်ကလည်း ဆဲလ်ဟာ့ပါ့ခ်ကနေ ထွက်ခွာသွားချင်ကြောင်း ယခုနှစ် နွေရာသီမှာ ဖွင့်ဟ ပြောဆိုထားပါတယ်။ ဒါ့အပြင် သူရဲ့ ရည်မှန်းချက်က  ချန်ပီယံလိဂ် ကစားရဖို့ ဖြစ်ကြောင်း ဆိုထားတာကြောင့် စီးရီးအေမှာ ဒုတိယ နေရာရထားတဲ့ နာပိုလီ အနေနဲ့ ခေါ်ယူနိုင်မယ့် အခွင့်အရေး ရှိနေတာ ဖြစ်ပါတယ်။

#စီးရီးအေ #ဇာဟာ