ရှေ့သို့
Image

အပြောင်းအရွှေ့နဲ့ ပတ်သတ်ပြီး ပိုချက်တီနိုနဲ့ အဆင်မပြေ ဖြစ်ခဲ့ပြီးနောက် တွစ်တာ စာမျက်နှာရဲ့ထိပ်ဆုံးမှာ ဝေဖန်ခံနေရတဲ့ စပါး ဥက္ကဌ

3:57 PM, 1 August

စပါးအသင်းဥက္ကဌ လီဗိုင်းဟာ အပြောင်းအရွှေ့ကိစ္စနဲ့ ပက်သက်ပြီး နည်းပြ ပိုချက်တီနိုနဲ့  အဆင်မပြေ ဖြစ်နေတဲ့နောက် #LevyOut ဆိုတဲ့စာသားနဲ့ တွင်တာ စာမျက်နှာထက်မှာ ထိပ်ဆုံးကနေ ပရိသတ်တွေရဲ့ ဝေဖန်ခံနေရပါတယ်။မနေ့က ပွဲအပြီးမှာတော့ စပါးနည်းပြ ပိုချက်တီနို အနေနဲ့ မိမိဟာ အသင်းရဲ့မန်နေဂျာ ရာထူးကနေ နည်းပြ ရာထူးကို ပြောင်းလဲသွားပြီ ဖြစ်ပြီး နောက်ပိုင်းတွင် ကလပ်အသင်းရဲ့အပြောင်းအရွှေ့တွေမှာ ပါဝင် တော့မှာ မဟုတ်ကြောင်း ထူးဆန်းစွာ ဖွင့်ဟ ပြောကြားခဲ့တာ ဖြစ်ပါတယ်။ရီးရဲလ်မက်ဒရစ် အသင်းကို ၁-၀ ဂိုးနဲ့ အနိုင်ရရှိခဲ့တဲ့ ပွဲစဉ်အပြီးမှာတော့ နည်းပြ ပိုချက်တီနိုက နောက်ခံလူ ဒန်နီရို့စ်အပြောင်းအရွှေ့ နဲ့ ကစားသမားသစ် ခေါ်ယူမယ့် အကြောင်းအရင်းတွေကို ဖြေကြားဖို့ ငြင်းဆန်ခဲ့ပါတယ်။
“ဘောလုံးမှာက မထင်မှတ်ထားတာတွေ ဖြစ်ပျက်နိုင်ပါတယ်။ ကစားသမားသစ်တွေလည်း ရောက်လာနိုင်သလို အသင်း ကစားသမားတွေလည်း ထွက်ခွာ သွားနိုင်ပါတယ်။ ပြီးတော့ အဲ့လိုမျိုး အခြေအနေတွေက ကျွန်တော့် လက်ထဲမှာ ရှိမနေပါဘူး။ ဥက္ကဌ လီဗိုင်းနဲ့သာ သက်ဆိုင်ပါတယ်”လို့ ပိုချက်တီနိုက ပြောပါတယ်။
“ချန်ပီယံဆုကို စိန်ခေါ်ချင်တယ် ဆိုရင်တော့ လူစာရင်းကို အပြောင်းအလဲလုပ်ဖို့ လိုပါတယ်။ ကျွန်တော် ကတော့ အသင်းနည်းပြအဖြစ်ပဲ ရှိပါတယ်။အသင်း လိုအပ်ချက်ကို တာဝန်ရှိသူတွေက ဆက်လုပ်သွားမှာပါ”လို့ ပိုချက်တီနိုက ဆိုပါတယ်။စပါးအသင်း ပရိသတ်တွေကတေ့ တွစ်တာကနေ နည်းပြ ပိုချက်တီနိုကို ထောက်ပံ့ပေးဖို့ ပျက်ကွက်နေတဲ့ ဥက္ကဌ လီဗိုင်းကို ဒေါသထွက်နေကြတာ ဖြစ်ပါတယ်။
“လီဗိုင်းက ခရွန်ကီထက် ပိုဆိုးပါတယ်။ ဘယ်သူကမှ ကိုယ့်အသင်းပိုင်ရှင်ကို အမုန်း မပွားချင်သလို အပြစ်လည်း မဆိုချင်ပါဘူး”လို့ ဂလန်း အမည်ရသူ တွစ်တာ အသုံးပြုသူက ရေးသားခဲ့ပါတယ်။
“မက်ဒရစ်က နည်းပြအသစ် လိုနေတယ်။ အဲ့ကိုသာ နည်းပြ သွားလုပ်လိုက်ပါ ပိုချက်ရေ”လို့ နောက်တစ်ဦးက ရေးသားခဲ့ပါတယ်။
“ကျေးဇူးပြုပြီး မိုက်အက်ရှ်လေနဲ့ လူချင်းချိန်းလို့ ရမလား”လို့ ကီရွန်က ရေးသားခဲ့ပါတယ်။
အာဆင်နယ်ပရိသတ်တစ်ဦးဖြစ်တဲ့ လီယန်ကတော့ “ငါတို့မှာက ပေါင် ၄၅ သန်းပဲရှိတယ်။ ဒါပေမယ့်  မင်းတို့အသင်းကို ကျော်ဖြတ်ပြီး ဆာလီဘာကို ခေါ်ယူနိုင်ခဲ့တယ်။ ပီပီကိုလည်း ပေါင် ၇၂ သန်းနဲ့ ခေါ်ယူခဲ့တယ်။ ဒီပြိုင်ပွဲကို ငါချစ်တယ်”လို့ တွစ်တာမှာ ရေးသားခဲပါတယ်။
“ဒီလိုကိစ္စ ဖြစ်လာတာဟာ အလွန်ပဲ ရှက်စရာကောင်းပါတယ်”လို့ ဒန်က ရေးသားခဲ့ပါတယ်။

#စပါး #ပိုချက်တီနို #လီဗိုင်း