ရှေ့သို့
Image

ဘိုင်ယန်မြူးနစ်ကို ပင်နယ်တီ အဆုံးအဖြတ်နဲ့ အနိုင်ရရှိပြီး အော်ဒီဖလားကို ဗိုလ်စွဲခဲ့တဲ့ စပါး

10:30 AM, 1 August

စပါးအသင်းဟာ ဗုဒ္ဓဟူးနေ့က ကစားခဲ့တဲ့ အော်ဒီဖလား ပွဲစဉ်မှာတော့ ဘိုင်ယန်မြူးနစ် အသင်းကို ပင်နယ်တီ အဆုံးအဖြတ်နဲ့ အနိုင်ရရှိပြီး အော်ဒီဖလားကို ဗိုလ်စွဲခဲ့ပါတယ်။

စပါးအသင်းဟာ ဘိုင်ယန်မြူးနစ် အသင်းကို ပွဲကစားချိန် ၁၉ မိနစ်မှာ လာမယ်လာရဲ့သွင်းဂိုး ၁ ဂိုး ၊ ပွဲကစားချိန် ၅၉ မိနစ်မှာ အဲရစ်ဆင်ရဲ့သွင်းဂိုးတွေနဲ့ ဦးဆောင်နိုင်ခဲ့ပေမယ့် ဘိုင်ယန်မြူးနစ်  အသင်းက ပွဲကစားချိန် ၆၁ မိနစ်မှာ ဂျန်ဖီတီက ချေပဂိုး ပြန်လည်  သွင်းယူ နိုင်ခဲ့သလို ပွဲကစားချိန် ၈၁ မိနစ်မှာ အယ်လ်ဖွန်ဆို ဒေးဗီးစ် တို့က ပြန်လည် ချေပနိုင်ခဲ့တာ ဖြစ်ပါတယ်။

စပါးအသင်းဟာ ပထမပိုင်းမှာ ဂျာမန် ချန်ပီယံကို အကောင်းဆုံး ပုံစံတစ်ရပ်နဲ့ ကစားနိုင်ခဲ့ပြီး ညာနောက်ခံလူ နေရာမှာ ၀င်ကစားတဲ့ ကိုင်လီ ဝေါ်ကာ ပီတာကလည်း ခြေစွမ်းပြ ကစား နိုင်ခဲ့တာ  မြင်တွေ့ခဲ့ရပါတယ်။

စပါး ကွင်းလယ် ကစားသမား လာမယ်လာရဲ့ဦးဆောင်ဂိုး အပြီးမှာ ဘိုင်ယန်မြူးနစ် ကစားသမား နစ်ကလက် ဆူလီရဲ့ ကန်ချက် ကောင်းခဲ့ပေမယ့် ဂိုးပေါက်နဲ့ လွဲချော်ခဲ့ပါတယ်။

ပထမပိုင်း အပြီးမှာတော့ စပါးအသင်းဟာ ကွင်းလယ် ကစားသမား လာမယ်လာရဲ့ တစ်လုံးတည်းသောဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပြီး ဒုတိယပိုင်းမှာလည်း တိုက်စစ်မှူး ဆွန်ဟောင်မင်ရဲ့ ကန်ချက် ကောင်းခဲ့ပေမယ့် ဂိုးပေါက်နဲ့ လွဲချော်ခဲ့ပါတယ်။

အဲ့နောက်မှာတော့ ကွင်းလယ် ကစားသမား အဲရစ်ဆင်က နောက်ထပ် ဦးဆောင်ဂိုးတစ်ဂိုး သွင်းယူနိုင်ခဲ့ပြီး ဘိုင်ယန်မြူးနစ်ကတော့ ဂျန်ဖီတီနဲ့ အယ်လ်ဖွန်ဆို ဒေးဗီးစ်တို့က ချေပဂိုး ပြန်လည်သွင်းယူနိုင်ခဲ့ကာ ပွဲပြီးဆုံးချိန်မှာ တစ်ဖက် ၂ ဂိုးဆီ သရေကျနေခဲ့တာ ဖြစ်ပါတယ်။ အဲဒီနောက်   ပင်နယ်တီ အဆုံးအဖြတ် ခံယူရာမှာ တစ်ဖက် ၅ ဂိုးအထိ  သရေ ဖြစ်နေခဲ့ပြီး ၆ လုံးမြောက်မှာ ဘိုင်ယန် နောက်ခံလူ ဘိုတန်ရဲ့ ကန်ချက်ကို စပါး ဂိုးသမား ဂါဇန်နီဂါ ကာကွယ်နိုင်ခဲ့တာကြောင့် စပါးအသင်းက အနိုင်ရရှိပြီး အော်ဒီဖလားကို ဗိုလ်စွဲခဲ့ပါတယ်။

#စပါး #လာမယ်လာ #အဲရစ်ဆင်