ရှေ့သို့
Image

မန်ချက်စတာယူနိုက်တက်ရဲ့ကမ်းလှမ်းချက်ကို ဘာကြောင့် ပယ်ချခဲ့သလဲဆိုတာ ရှင်းပြလိုက်တဲ့ အက်သလက်နောက်ခံလူဟောင်း ဒီယေဂို ဂိုဒင်

5:13 PM, 30 July

အက်သလက်တီကို မက်ဒရစ် ဂန္တ၀င် ကစားသမားဟောင်း  ဒီယေဂို ဂိုဒင်က ယမန်နှစ် နွေရာသီက ဘာကြောင့် မြင့်မားတဲ့ လစာနဲ့ ယူနိုက်တက်ကို ပြောင်းရွေ့ နိုင်မယ့် အခွင့်အရေးကို ပယ်ချ ခဲ့ရသလဲ ဆိုတာ ထုတ်ဖော် ပြောဆို သွားပါတယ်။

ဥရုဂွေး ကစားသမားဟာ အက်သလက်နဲ့ စာချုပ်ကုန်ခါနီးမှာ အင်တာမီလန်သို့ ပြောင်းရွေ့ ခဲ့တာ ဖြစ်ပြီး လွန်ခဲ့တဲ့ တစ်နှစ်ခန့်က  အိုးထရစ်ဖို့ ဒ်သို့  ရောက်ရှိမယ့် အခွင့်အရေးရခဲ့တာ ဖြစ်ပါတယ်။

အသက် ၃၃နှစ်သားဟာ ဂျိုဆေး မော်ရင်ဟိုရဲ့ ကမ်းလှမ်းချက်ကို ပယ်ချပြီး ၀မ်ဒါ မက်ထရို ပိုလီတာနိုမှာ နောက်ထပ် တစ်နှစ် ဖြတ်သန်းခဲ့ပါတယ်။

ဂါဇက်တာ ဒယ်လို သတင်းစာကို ဂိုဒင်က ပြောရာမှာ “ရက်စ် လွန်ခဲ့တဲ့ တစ်နှစ်တုန်းက ဂျူဗင်တပ်စ်၊ မန်ချက်စတာ ယူနိုက်တက်တို့ရဲ့ ကမ်းလှမ်းမှုတွေ အပြင် မန်စီးတီးလည်း ရှိခဲ့တယ်။ ဒါပေမဲ့ အဲဒီတုန်းက အက်သလက်နဲ့ ကျွန်တော့်စာချုပ်က ရှိနေတယ် ထွက်ခွာဖို့  မစဉ်းစားခဲ့ဘူး။ အခုကတော့ ကွဲပြားပါတယ်။ စာချုပ်ကလည်း အဆုံးသတ်ချိန် ရောက်ခဲ့ပြီလေ”

ယခုနှစ်နွေရာသီ အစပိုင်းမှာ ဂိုဒင်ဟာ အက်သလက်မှာ ၉နှစ်တာ ကျင်လည်ခဲ့တဲ့ အချိန်ကို အဆုံးသတ်ပြီး အင်တာမီလန် အသင်းထံ အလွတ်ဖြင့် ထွက်ခွာလာခဲ့ပါတယ်။

အတွေအကြုံ ပြည့်ဝတဲ့ နောက်ခံလူ တစ်ဦးအတွက်  အင်တာမီလန် အသင်းက ကမ်းလှမ်းလာတဲ့အချိန် မတူညီတဲ့ အနေအထား ဖြစ်ခဲ့တယ်လို့ ဂိုဒင်က ဆိုပါတယ်။

“အင်တာမီလန် ကျွန်တော့်ကို ကမ်းလှမ်းသလို ဘယ်အသင်းမှ မရှိခဲ့ဘူးလို့  ကျွန်တော် အခိုင်အမာ ပြောလို ရတယ်။ ပထမဆုံး သူတို့ လာတယ်။ တခြားသော ကလပ်တွေထက် ယုံကြည်လောက်တဲ့ ဆုံးဖြတ်ချက်မျိုးနဲ့  ဖြစ်တယ်။ သူတို့က ကျွန်တော့်ကို ပရောဂျက် ပြတယ်။ ကျွန်တော်လိုပဲ ရည်မှန်းချက် မြင့်မားတဲ့ အရာပေါ့။ အဲဒီမှာ ကျွန်တော် ပါဝင်သွားဖို့ သဘော ကျတယ်။ အင်တာ အသင်း အတွက်လည်း ပါဝင် ကူညီချင်တယ်” ဟု ပြောကြားသွားခဲ့ပါတယ်။

#လာလီဂါ #ဂိုဒင်