ရှေ့သို့
Image

ပရီးမီးယားလိဂ်ရဲ့အကောင်းဆုံး အကယ်ဒမီထွက် ကစားသမားတွေ မွေးထုတ် ပေးထားတဲ့ မန်ချက်စတာ ယူနိုက်တက်

5:06 PM, 30 July

မန်ချက်စတာ ယူနိုက်တက်အသင်းဟာ ပြီးခဲ့တဲ့ရာသီက အဆင့်ခြောက် နေရာမှာသာ ရပ်တည်နိုင်ခဲ့ပေမယ့် ပရီးမီးယားလိဂ်မှာတော့ အကယ်ဒမီ ကစားသမား အများဆုံး မွေးထုတ်နိုင်တဲ့ အသင်းအဖြစ် ရပ်တည်ခဲ့ပါတယ်။

စာရင်းတွေ အရတော့ ၂၀၁၈ - ၂၀၁၉ ရာသီမှာ ယူနိုက်တက် အကယ်ဒမီထွက် ကစားသမား အယောက် ၂၀ ထိ ပရီးမီးယားလိဂ် အသင်းတွေမှာ ပါဝင် ကစားခဲ့ပါတယ်။

ကစားသမားတွေရဲ့ ပါဝင် ကစားခွင့်ရတဲ့ အချိန်က မိနစ်ပေါင်း ၂၇၀၀၀ ကျော်ပြီး ဒုတိယနေရာက စပါးအသင်းထက် မိနစ် ၁၀၀၀၀ နီးပါး ပိုများပါတယ်။ တတိယ နေရာမှာတော့ ဆောက်သမ်တန် အကယ်ဒမီထွက်တွေက နေရာယူထားပြီး မနှစ်က ပေါ်တူဂီကလပ်တွေရဲ့ အကယ်ဒမီ ကစားသမား မွေးထုတ်မှု နှုန်းကလဲ သိသိသာသာ မြင့်တက်လာခဲ့ပါတယ်။


အပြောင်းအလဲ မရှိခဲ့တဲ့ ထိပ်ဆုံးနေရာ

=====================

အကယ်ဒမီထွက် ကစားသမားတွေကို နေရာပေးတဲ့ အသင်းတွေနဲ့ တခြားအသင်းမှာ ကစားနေတဲ့ အကယ်ဒမီ ကစားသမားတွေ မွေးထုတ်နိုင်ခဲ့တဲ့ ကလပ်အသင်း စာရင်းမှာတော့ မန်ချက်စတာ ယူနိုက်တက် အသင်းက ထိပ်ဆုံးနေရာမှာ သုံးနှစ် ဆက်တိုက် သိမ်းပိုက်နိုင်ခဲ့ပါတယ်။

ယူနိုက်တက် အကယ်ဒမီထွက်တွေရဲ့ ပွဲကစားချိန်တွေက တစ်ရာသီပြီးတစ်ရာသီ လျှော့ကျ လာခဲ့ပေမယ့်လည်း ယူနိုက်တက်ဟာ ထိပ်ဆုံးနေရာမှာ ရှိနေဆဲပါပဲ။ ပထမနှစ်မှာ ၄၄၀၅၅ မိနစ်ကနေ ၂၀၁၇ - ၂၀၁၈ ရာသီမှာတော့ ၃၂၁၅၇ မိနစ် နဲ့ ပြီးခဲ့တဲ့ ရာသီမှာတော့ ၂၇၃၉၅ မိနစ်နဲ့ ပထမနေရာမှာပဲ ဆက်တိုက် ရပ်တည်နိုင်ခဲ့ပါတယ်။

လက်ရှိအသင်းမှာတင် ပေါလ်ပေါ့ဘာ ၊ မားကပ်စ် ရပ်ရှ်ဖို့ဒ် နဲ့ ဂျက်ဆီ လင်ဂတ်တို့ ရှိနေပြီး ဂျိုရှူအာကင်း ၊ မိုက်ကယ်ကိန်း နဲ့ ခရိတ်ကာကတ် တို့က ဘုန်းမောက် ၊ အဲဗာတန် နဲ့ ၀က်ဖို့ဒ် အသင်းတွေအတွက် မိနစ် ၃၀၀၀ ကျော် ကစားပေးထားကြပြီး တွမ်ဟီတန် ၊ ဖီးလ်ဘာစလေ နဲ့ ရော်ဘီဘရက်ဒီ တို့က ဘန်လေအသင်းအတွက်  မိနစ် ၄၄၀၀ ကျော် ကစားပေး ထားခဲ့ကြပါတယ်။

စပါးအသင်းရဲ့ကစားသမားတွေ ကစားခွင့်ရတဲ့ အချိန်တွေကလဲ ၂၂၃၁၄ မိနစ်ကနေ ၁၇၉၀၃ မိနစ်ထိ ကျဆင်းသွားခဲ့ပြီး ယူနိုက်တက်နဲ့ ၃၅၁ မိနစ် အကွာကနေ ၉၄၉၂ မိနစ်ထိ ကွာခြား သွားခဲ့ပါတယ်။

ဆောက်သမ်တန် အသင်းရဲ့ အကယ်ဒမီထွက်တွေကလဲ ပြီးခဲ့တဲ့ ရာသီက ပရီးမီးယားလိဂ်မှာ ၁၁ ယောက်ထိ ကစားခွင့်ရခဲ့ပြီး ၉ ယောက်က မိခင်အသင်းမှာပဲ ဖြစ်ပါတယ်။ ယူနိုက်တက် ဘယ်နောက်ခံလူ လုခ့်ရှော နဲ့

ဖူလ်ဟမ်က ကာလမ် ချန်ဘားတို့က ပြီးခဲ့တဲ့ရာသီက အများဆုံး ပွဲထွက်ခွင့်အဖြစ် ၁၅၉၆၄ မိနစ်အထိ ပွဲထွက် ပါဝင် ထားခဲ့ကြပါတယ်။ စိန့်အသင်းဟာ ထိပ်ဆုံးငါးသင်း အတွင်းမှာတော့ ကျဉ်းမြောင်းတဲ့ ကွာဟချက်လေးနဲ့ ချဲလ်ဆီး နဲ့ မန်စီးတီး တို့ကိုကျော်ကာ အဆင့်ခြောက် နေရာကနေ အဆင့်သုံးနေရာထိ ထိုးတက်သွားတာလဲ ဖြစ်ပါတယ်။


ရှက်ဖီး ယူနိုက်တက်ရဲ့ဂုဏ်ယူစရာ စံချိန်ရှင် ကစားသမား ဘရွတ်

===================================

ရှက်ဖီး ယူနိုက်တက် အသင်းကလဲ အကယ်ဒမီ ကစားသမားကောင်းတွေ မွေးထုတ်တဲ့ နေရာမှာ နာမည်ကျော်ပါတယ်။ ရှက်ဖီးအသင်းဟာ ၂၀၁၆ - ၂၀၁၇ ရာသီက ချန်ပီယံရှစ်မှာ အဆင့်ရှစ် နေရာမှာ ရပ်တည်နိုင်ခဲ့ပြီး နောက်တစ်နှစ်မှာတော့ အဆင့်ငါးနေရာမှာ ရပ်တည် နိုင်ခဲ့ပါတယ်။

ရှက်ဖီး အကယ်ဒမီရဲ့ ဂုဏ်ယူစရာ ထုတ်ကုန်တွေဖြစ်တဲ့ ကိုင်လီဝေါ်ကာ ၊ ဟယ်ရီ မက်ဂွာရီ ၊ ဖီးလ် ဂျာဂျီရယ်ကာ ၊ ဒေါမနစ် ကလာဗက် လီဝင် ၊ မတ်လိုတန် နဲ့ ကိုင်လီ နော့တန် တို့ကို မွေးထုတ် ပေးခဲ့ပါတယ်။ ဆွမ်ဆီးက နော့တန်နဲ့ အဲဗာတန်က ဂျာဂျီရယ်ကာတို့ရဲ့ ပွဲထွက်ခွင့်တွေ လျော့ကျခဲ့ပေမယ့် 

သူတို့က ရှက်ဖီး အကယ်ဒမီ အတွက်တော့ အကောင်းဆုံး ကစားသမားတွေ ဖြစ်ပါတယ်။ ဒေးဗစ် ဘရွတ်ကတော့ ပြီးခဲ့တဲ့နှစ် နွေကမှ ဘုန်းမောက်အသင်းနဲ့ စာချုပ်ချုပ်ခဲ့တာဖြစ်ပြီး ရှက်ဖီးမှာ မိနစ် ၃၀၀ သာ ကစားခဲ့ရပေမယ့် ပရီးမီးယားလိဂ်မှာတော့ ဝေးလ်ကွင်းလယ်လူဟာ မိနစ်ပေါင်း ၂၄၀၀ ကျော် ကစားခွင့် ရခဲ့ပါတယ်။

နည်းပြ ခရစ္စ၀ိုက်ဒါရဲ့ရှက်ဖီးအသင်းဟာ ပရီးမီးယားလိဂ်ကို တန်းတက်ခွင့်ရတာနဲ့  ဂျာဂျီရယ်ကာကို တစ်နှစ် စာချုပ်နဲ့ ခေါ်ယူခဲ့ပါတယ်။ ကွန်ဗန်ထရီ အသင်းကလဲ ကစားသမား မွေးထုတ်မှု အဆင့်မှာတော့ လက်စတာက ဂျိမ်းစ်မက်ဒီဆင် ၊ ဖူလ်ဟမ်က ဆိုင်းရပ်စ် ခရစ္စတီး နဲ့ ဘုန်းမောက်က ကယ်လန် ၀ီလ်ဆင် တို့ကြောင့်

အဆင့် ၁၁၃ ကနေ အဆင့် ၂၀ အတွင်းကို ရုတ်ချည်း ခုန်တက်သွားခဲ့ပါတယ်။


ပေါ်တူဂီ ကလပ်တွေရဲ့ ဦးမော့လာမှု

===================

လွန်ခဲ့တဲ့ နှစ်တွေအတွင်းက အင်္ဂလန် ပြင်ပမှာတော့ နယ်သာလန် ကလပ်တွေဖြစ်တဲ့ အေဂျက်နဲ့ ဖီယင်နု တို့က အကယ်ဒမီ ကစားသမား မွေးထုတ်မှုမှာ ထိပ်တန်း ဖြစ်ခဲ့ပါတယ်။ ပြီးခဲ့တဲ့နှစ်ကတော့ ၀ုဗ်အသင်းနဲ့ အေးဂျင့် ဂျော့မန်းဒက်တို့ရဲ့ချိတ်ဆက်မှုကနေ ပေါ်တူဂီ ကစားသမားတွေ အများအပြား ပေါ်ထွက်လာခဲ့ပါတယ်။

ထိပ်ဆုံး ၁၀ သင်းမှာတော့ ၀က်စ်ဟမ်း အသင်းက ဘင်ဖီကာနဲ့ စပို့တင်း လစ္စဘွန်းတို့ကြားမှာ ရှိနေပါတယ်။ စပို့တင်းက ၁၀၁၂၇ မိနစ်နဲ့ အဆင့် ၁၀၊ ဘာစီလိုနာက ၉၇၁၂ မိနစ်နဲ့ အဆင့် ၁၁၊ အေဂျက်က အဆင့် ၁၂ ၊ ဖီယင်နုက အဆင့် ၁၈ နေရာတွေမှာ အသီးသီး ရပ်တည်နေပါတယ်။ ၀ုဗ်တောင်ပံ နှစ်ဖက်ဖြစ်တဲ့ ဟယ်လ်ဒါ ကော်စတာနဲ့ အိုင်ဗန်ကာဗယ်လီရို ၊ အဲဗာတန်က အန်ဒရီ ဂိုးမက်စ်၊

မန်စီးတီးက ဘင်ဖီကာ အကယ်ဒမီထွက်တွေ ဖြစ်တဲ့ အီဒါဆင်နဲ့ ဘာနန်ဒို ဆေးဗား ၊ စပို့တင်း အကယ်ဒမီထွက်တွေဖြစ်တဲ့ ရူအီ ပက်ထရီစီရို နဲ့ ဂျာအို မော်တင်ဟို တို့လို ပေါ်တူဂီ ကစားသမားတွေ ပေါ်ထွန်းလာခဲ့ကြပါတယ်။


မက်နေးလ်ဖောက်တဲ့ တစ်ကိုယ်တော်လမ်းကြောင်း

==========================

ဝုဗ်လိုအသင်းက ကစားသမားတွေ မွေးထုတ်နေသလိုမျိုးပဲ နောက်ထပ် ပရီးမီးယားလိဂ် အသင်းငယ် တစ်သင်းဖြစ်တဲ့ ဘန်လေကလဲ အကယ်ဒမီ ကစားသမား မွေးထုတ်မှု လမ်းကြောင်းကို ဖောက်နေပြီ ဖြစ်ပါတယ်။ ထိပ်ဆုံးက ခြောက်သင်းဟာ သူတို့ရဲ့ အကယ်ဒမီထွက် ကစားသမားတွေကို ပရီးမီးယားလိဂ်မှာ အနည်းဆုံး မိနစ် ၄၀၀၀ ကစားခွင့် ပေးထားပြီး ဘန်လေ အသင်းကလဲ သူတို့ရဲ့ အကယ်ဒမီထွက်

တောင်ပံကစားသမား ဒွိုက်မက်နေးလ် တစ်ဦးတည်းကိုတင် မိနစ်ပေါင်း ၁၆၈၃ မိနစ်အထိ ပေးကစားထားတာလဲ ဖြစ်ပါတယ်။ ဘုန်းမောက်က ကစားသမား ငါးယောက်အတွက် ၃၃၇၅ မိနစ်၊ နယူးကာဆယ်က ၃၄၉၂ မိနစ်နဲ့ အဆင့်လေးနေရာကနေ ၀ုဗ်အောက်ကို ရောက်သွားခဲ့ပါတယ်။ ၀ုဗ်ကတော့ သူတို့ရဲ့ကွင်းလယ်လူ မော်ဂန် ဂစ်ဘ်ဝှိုက်၊ ကာဒစ် တောင်ပံကစားသမား နက်သန်နီရယ် မန်းဒက်စ်လိန်း နဲ့ 

ခရစ္စတယ် ပဲလေ့စ်ဂိုးသမား ၀ိန်းဟန်နက်ဆီ တို့ကြောင့် စုစုပေါင်း မိနစ် ၃၅၃၁ မိနစ်နဲ့ နယူးကာဆယ်ရဲ့အထက်မှာ ရှိနေပါတယ်။ ကာဒစ်ဖ်ကတော့ ပရီးမီးယားလိဂ်မှာ ကစားသမား နှစ်ဦးသာရှိခဲ့ပြီး သူတို့အသင်း ကစားသမား ဂျိုးရောနဲ့ အခုလက်ရှိ ဂျူဗီကို ပြောင်းသွားခဲ့တဲ့ အာဆင်နယ် ကွင်းလယ်လူဟောင်း အာရွန်ရမ်ဆေးတို့ပဲ ဖြစ်ပါတယ်။

သူတို့ နှစ်ယောက်ပေါင်းတင် ၃၅၅၈ မိနစ်ထိ ကစားထားတာလဲ ဖြစ်ပါတယ်။ ဟက်ဒါဖီးလ်ကတော့ သူတို့အသင်း ကစားသမား ဖီးလစ်ဘီလင်းနဲ့ တွန်မီစမစ်တို့ကို စုစုပေါင်း ၃၇၇၁ မိနစ်ထိ ပွဲထွက်ခွင့် ပေးထားတာလည်း ဖြစ်ပါတယ်။

#မန်ချက်စတာယူနိုက်တက် #အယ်ဒီတာအကြိုက် #ဝုဗ် #ရှက်ဖီးလ်ယူနိုက်တက်