ရှေ့သို့
Image

အပြောင်းအရွေ့ရာသီ မကုန်ဆုံးခင်မှာ ဖြစ်ပေါ်လာတဲ့ ကြီးမားတဲ့ အပြောင်းအရွှေ့(၁၀)ခု

4:30 PM, 30 July

အပြောင်းအရွှေ့ကာလ ပြီးဆုံးဖို့ ၉ ရက်သာ လိုအပ်တော့တဲ့ အချိန်မှာ ကမ္ဘာပေါ်က အသင်းတွေရဲ့ အပြောင်းအရွှေ့ အစီအစဉ်တွေဟာ ထွက်ပေါ်လာခဲ့ပြီ ဖြစ်ပြီး လာမယ့် ရာသီအတွက် အကြီးအကျယ် ပြင်ဆင်နေကြပြီ ဖြစ်ပါတယ်။ ဒါကြောင့် DailyMailက ၉ရက်သာ ကျန်တော့တဲ့အချိန်မှာ ဖြစ်ပေါ်လာနိုင်တဲ့ အကြီးကျယ်ဆုံး အပြောင်းအရွှေ့ (၁၀) ခုကို ဖော်ပြပေးလိုက်ပါတယ်။


နီကိုလက်စ် ပီပီ - အာဆင်နယ်

-------------------

ဒီအပြောင်းအရွှေ့ဟာ အာဆင်နယ်အသင်းရဲ့ သမိုင်းတစ်လျှောက် အကြီးမားဆုံး အပြောင်းအရွှေ့တစ်ခုပဲ ဖြစ်ပါတယ်။ အာဆင်နယ် အသင်းဟာ ပီပီကို ပေါက် ၇၂ သန်းနဲ့ ခေါ်ယူဖို့ သဘောတူညီမှု ရရှိခဲ့ပြီး တိုက်စစ်ပိုင်း ထက်မြက်ဖို့အတွက် ကြီးမားတဲ့ အားဖြည်မှု တစ်ခုပဲ ဖြစ်ပါတယ်။ ယခုအချိန်မှာတော့ အာဆင်နယ် အသင်းဟာ ပီပီအတွက် အပြီးသတ် ဆွေးနွေးမှုတွေ ပြုလုပ်နေပြီး ဒီအပတ်အတွင်းမှာ ထုတ်ပြန် ကြေညာနိုင်ဖို့ ရှိနေပါတယ်.


အပြောင်းအရွှေ့ ဖြစ်လာနိုင်ချေ - ၄/၅


ဝီဖရိုင်း ဇာဟာ - အဲဗာတန်

---------------

ဇာဟာ တစ်ယောက်ကတော့ ခရစ္စတယ်ပဲလေ့စ် အသင်းက ထွက်ခွာဖို့ ဆန္ဒပြင်းပြနေပြီး အာဆင်နယ် အသင်းက အရင် ကြိုးစားခဲ့ပေမယ့် ယခုအချိန်မှာတော့ ပီပီကိုသာ ခေါ်ယူခဲ့ပါတယ်။ အာဆင်နယ် အသင်းဟာ ဇာဟာကို တောင်းဆိုထားတဲ့ ပေါင် သန်း ၈၀ ကို ပေးချေဖို့ ဆန္ဒမရှိဘဲ ပဲလေ့စ်အသင်းကလည်း အိုင်ဗရီကို့စ်သားကို အသင်းမှာ ဆက်ထိန်းဖို့ ကြိုးစားနေပါတယ်။ အဲဗာတန် အသင်းကလည်း ဇာဟာကို ခေါ်ယူဖို့ စိတ်ဝင်စားနေပြီး ကနဦး ပေါင် ၅၅ သန်းတန် ကမ်းလှမ်းချက်ကိုတော့ ပဲလေ့စ်အသင်းက ငြင်းပယ်ခဲ့ပါတယ်။


အပြောင်းအရွှေ့ ဖြစ်လာနိုင်မှု - ၃/၅


ဟယ်ရီ မက်ဂွါရီ - မန်ယူ

----------------------

မန်ယူအသင်းဟာ ဗဟို ခံစစ်တစ်ဦး လိုအပ်လျက် ရှိနေပြီး မက်ဂွါရီကို ခေါ်ယူဖို့ အကြီးအကျယ် ချိတ်ဆက်လျက် ရှိနေပါတယ်။ မက်ဂွါရီအတွက် လက်စတာက ပေါင် သန်း ၉၀ နီးပါး သတ်မှတ်ထားခဲ့ပြီး ယူနိုက်တက်ရဲ့ ပေါင် သန်း ၇၀ နဲ့ ကမ်းလှမ်းချက်ကို ငြင်းပယ် ထားခဲ့ပါတယ်။

မက်ဂွါရီကတော့ လက်စတာကို ပြောင်းရွှေ့ဖို့ စိတ်အား ထက်သန်နေပြီး ယူနိုက်တက်ရဲ့ ကောင်းမွန်တဲ့ ကမ်းလှမ်းမှုကို စောင့်မျှော်လျက် ရှိပါတယ်။ 


အပြောင်းအရွှေ့ ဖြစ်လာနိုင်မှု - ၄/၅


ရိုင်ယန် ဆက်ဆီနွန် - တော့တင်ဟမ်

------------------------------------

စပါးအသင်းဟာ တန်းဆင်းသွားတဲ့ ဖူလ်ဟမ် အသင်းရဲ့ ညာနောက်ခံလူကို ခေါ်ယူဖို့ ပြင်ဆင်မှုတွေ ပြုလုပ်လျက် ရှိပါတယ်။ ဖူလ်ဟမ် အသင်းဟာ ဆီဆက်နွန်အတွက် ပေါင် ၂၅ သန်း သတ်မှတ်ထားပေမယ့် စပါးအသင်းကတော့ ဒီထက် သက်သာတဲ့ ဈေးနှုန်းနဲ့ ခေါ်ယူဖို့ မျှော်လင့်နေပါတယ်။


အပြောင်းအရွှေ့ဖြစ်လာနိုင်မှု - ၄/၅


ကီရန် တီယာနေး - အာဆင်နယ်

----------------------------

အာဆင်နယ် အသင်းဟာ တီယာနေးကို ခေါ်ယူနိုင်ဖို့ ယုံကြည်မှု အပြည့်နဲ့ လှုပ်ရှားနေပြီး အပြောင်းအရွှေ့ရာသီ မကုန်ုဆုံးခင်မှာ အသင်းကို ရောက်ရှိလာဖို့ ရှိနေပါတယ်။ အာဆင်နယ် အသင်းဟာ တီယာနေးကို ခေါ်ယူမှုအရေး အကောင်းဘက်ကို ဦးတည်နေပြီး မကြာခင်မှာ သဘောတူညီမှု ရရှိသွားဖို့ ရှိနေပါတယ်။ 


အပြောင်းအရွှေ့ဖြစ်လာနိုင်မှု - ၄.၅/၅


ဘရူနို ဖာနန်ဒက်စ် - မန်ယူ

-----------------------------

နောက်ထပ် မန်ယူအသင်းကို ရောက်ရှိလာနိုင်တဲ့ ကစားသမားကတော့ ဘရူနို ဖာနန်ဒက်စ်ပဲ ဖြစ်ပါတယ်။ ယူနိုက်တက်ဟာ ဂိုးသွင်းကောင်းမွန်တဲ့ ပေါ်တူဂီသားကို နွေရာသီမှာ အကြီးအကျယ် ချိတ်ဆက်လျက် ရှိနေပါတယ်။ ဖာနန်ဒက်စ်ဟာလည်း အင်္ဂလန်ကို လာချင်နေတာကြောင့် မကြာခင်မှာ အပြောင်းအရွှေ့ ဖြစ်မြောက်လာဖို့ ရှိနေပါတယ်။


အပြောင်းအရွှေ့ဖြစ်လာနိုင်မှု - ၄/၅


လူကာကူ - အင်တာ/ဂျူဗင်တပ်စ်

--------------------------------

လူကာကူ ယူနိုက်တက်ကနေ ထွက်ခွာဖို့က အချိန်ပဲ စောင့်ရမှာ ဖြစ်ပါတယ်။ အင်တာမီလန် အသင်းဟာ မန်ယူအသင်း တောင်းဆိုထားတဲ့ ယူရို ၇၅ သန်းကို ပေးချေဖို့ အသင့်ရှိနေပါတယ်။ ဂျူဗင်တပ်စ် အသင်းကလည်း ဘယ်လ်ဂျီယံသားအတွက် ကစားသမား တစ်ယောက် အလိုက်ပေးကာ ကမ်းလှမ်းသွားဖို့ ပြင်ဆင်နေပါတယ်။ ယူနိုက်တက်ရဲ့ နော်ဝေကို သွားရောက်တဲ့ ခရီးစဉ်မှာလည်း လူကာကူတစ်ယောက် ချန်လှပ်ခံခဲ့ရပါတယ်။


အပြောင်းအရွှေ့ ဖြစ်လာနိုင်မှု - ၅/၅


ပေါလ် ပေါ့ဂ်ဘာ - ရီးရဲလ်မက်ဒရစ်

-----------------------------------

ပေါ့ဂ်ဘာဟာ ယူနိုက်တက်က ထွက်ခွာပြီး စိန်ခေါ်မှု အသစ်တွေ ရင်ဆိုင်ချင်တယ်လို့ အတိအလင်း ပြောကြားထားခဲ့ပြီး ရီးရဲလ်မက်ဒရစ် အသင်းကလည်း ပြင်သစ် ကွင်းလယ်လူကို ခေါ်ယူဖို့ အကြီးအကျယ် ချိတ်ဆက်လျက် ရှိပါတယ်။ ယူနိုက်တက်ဟာ ပေါ့ဂ်ဘာအတွက် အနည်းဆုံး ပေါင် သန်း ၁၅၀ ရရှိမှ ရောင်းချချင်နေပြီး ဘေးလ်ကို ၀ယ်ယူမယ့် အသင်း မရှိတာကလည်း မက်ဒရစ် ပေါ့ဂ်ဘာကို ကြိုးပမ်းမှုအပေါ် သက်ရောက်ခဲ့ပါတယ်။ ဒါကြောင့် ပေါ့ဂ်ဘာရဲ့ အပြောင်းအရွှေ့ကတော့ ဖြစ်ပေါ်လာဖို့ အခွင့်အရေး နည်းပါးသွားခဲ့ပြီ ဖြစ်ပါတယ်။


အပြောင်းအရွှေ့ ဖြစ်လာနိုင်မှု - ၂/၅


လီရွိုင်း ဆာနေး - ဘိုင်ယန်မြူးနစ်

---------------------------------

မန်စီးတီးအသင်းဟာ တောင်ပံ ကစားသမားတွေ များပြားနေပေမယ့် ဆာနေးလို အဓိက ကစားသမားကို အပြောင်းအရွှေ့ ပိတ်ချိန်မှ ရောင်းချမယ် ထင်ပါသလား၊။ ဘိုင်ယန်မြူးနစ်ကတော့ မန်စီးတီးအသင်းကို ရောင်းချဖို့အတွက် ကြိုးစားကြပါလိမ့်မယ်။ အသင်းက အနားယူသွားခဲ့တဲ့ ရော်ဘင်ရဲ့ နေရာမှာ အစားထိုးဖို့အတွက် ဆာနေးကို ခေါ်ယူနိုင်မယ်လို့ ဘိုင်ယန်အသင်းက ယုံကြည်နေပါတယ်။


အပြောင်းအရွှေ့ ဖြစ်လာနိုင်မှု - ၃/၅


ဂျီယိုဗန်နီ လိုဆယ်ဆို - စပါး 

---------------------------------

ဘက်တစ်အသင်းက အစားထိုး ကစားသမား ခေါ်ယူလိုက်ပြီ ဖြစ်တာကြောင်း လိုဆယ်ဆိုနဲ့ စပါးတို့ရဲ့ အပြောင်းအရွှေ့က ဖြစ်ပေါ်လာနိုင်ပါတယ်။ အပြောင်းအရွှေ့အတွက် အနည်းငယ်သာ ညှိနှိုင်းဖို့ ကျန်တော့ပြီး ဘက်တစ်အသင်းက ပေါင် ၆၈ သန်း တောင်းဆိုထားခဲ့ပါတယ်။ အန်ဒွန်ဘီလီကို ခေါ်ယူပြီးတဲ့နောက်မှာ စပါးအသင်းအတွက် နွေရာသီ ဒုတိယမြောက် ခေါ်ယူမှု ဖြစ်လာနိုင်ပါတယ်။


အပြောင်းအရွှေ့ ဖြစ်လာနိုင်မှု - ၃/၅

#လူကာကူ #ဇာဟာ #နီကိုလက်စ်ပီပီ #ဘရူနိုဖာနန်ဒတ်စ်