ရှေ့သို့
Image

ဒိုင်ဘားလားအတွက် စပါးအသင်းရဲ့ ကမ်းလှမ်းမှု ရရှိထားတယ်လို့ ဂျူဗင်တပ်စ် အတည်ပြု

11:32 AM, 30 July

စပါးအသင်းဟာ တိုက်စစ်မှူး ဒိုင်ဘားလားကို ကမ်းလှမ်းမှုတွေ ပြုလုပ်ထားကြောင်းနဲ့ ခေါ်ယူဖို့ စိတ်ဝင်စားနေကြောင်း ဂျူဗင်တပ်စ်အသင်းက အတည်ပြုခဲ့ပါတယ်။ ဂျူဗင်တပ်စ်အသင်းဟာ ယခုနှစ် နွေရာသီမှာ ကစားသမားများစွာ ခေါ်ယူထားခဲ့တာကြောင့် အသင်းမှာရှိတဲ့ ကစားသမားတွေကို ပြန်လည်ရောင်းချဖို့ စီစဉ်လာခဲ့တာ ဖြစ်ပါတယ်။

စပါးအသင်းဟာ နွေရာသီမှာ စံချိန်တင် ခေါ်ယူမှုအဖြစ် အန်ဒွန်ဘီလီကို ခေါ်ယူထားခဲ့ပြီး ဒုတိယမြောက် ခေါ်ယူမှုအဖြစ် အဆိုပါ စံချိန်ကို ထပ်မံ ချိုးဖျက်ကာ ဒိုင်ဘားလားကို ပေါင် သန်း ၈၀ နဲ့ ခေါ်ယူဖို့ ချဉ်းကပ်နေခဲ့တာ ဖြစ်ပါတယ်။ 

ဂျူဗင်တပ်စ် ဒုဥက္ကဌ နက်ဗက်ကတော့ ဒိုင်ဘားလားအတွက် စပါးအသင်းရဲ့ ကမ်းလှမ်းမှုကို ရရှိထားကြောင်း အတည်ပြု ပြောကြားခဲ့ပါတယ်။ 

"ကမ်းလှမ်းအမှု အချို့ ရထားပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ ဒီကိစ္စကို တည်ငြိမ်စွာနဲ့ ဆုံးဖြတ်သွားမှာပါ"လို့ နက်ဗက်က ပြောကြားခဲ့ပါတယ်။ ဒိုင်ဘားလားရဲ့ ဂျူဗင်တပ်စ် အသင်းနဲ့ စာချုပ်ဟာ ၂၀၂၂ ခုနှစ်မှာ ကုန်ဆုံးတော့မှာဖြစ်ပြီး  ပေါင် ၁၂၀၀၀၀ ဆိုတဲ့ လစာက စပါးအတွက်တော့ ခက်ခဲတဲ့အရာ မဟုတ်ပါဘူး။

ပိုချက်တီနိုဟာ ဒိုင်ဘားလားရဲ့ ပရိသတ်တစ်ဦးဖြစ်ပြီး ကမ္ဘာ့အကောင်းဆုံး ကစားသမား တစ်ဦးအဖြစ် ချီးကျူးခဲ့ပါတယ်။ 

#စပါး #ပိုချက်တီနို