ရှေ့သို့
Image

တီယာနေးကို အကြံပြုစကား ပြောကြားသွားခဲ့တဲ့ ဗန်ဒိုက်

10:03 AM, 30 July

လီဗာပူး ခံစစ်မှူး ဗန်ဒိုက်က ဆဲလ်တစ် ဘယ်နောက်ခံလူ တီယာနေးမှာ စွမ်းဆောင်ရည်ကောင်းတွေ ပိုင်ဆိုင်ထားပြီး ပရီးမီးယားလိဂ်မှာ အောင်မြင်လိမ့်မယ်လို့ အကြံပြုစကား ပြောသွားခဲ့ပါတယ်။ အာဆင်နယ်အသင်းဟာ တီယာနေးကို ခေါ်ယူနိုင်ဖို့ နီးစပ်နေပြီး ယခင် ကမ်းလှမ်းချက် ၂ ခုကိုတော့ ဆဲလ်တစ်အသင်းက ပယ်ချထားခဲ့ပါတယ်။

သတင်းတွေအရ ဆဲလ်တစ်အသင်းဟာ တီယာနေးအတွက် ပေါင် သန်း ၃၀ လောက် တောင်းဆိုထားတယ်လို့ သိရပါတယ်။ တီယာနေးဟာ ဆဲလ်တစ်အသင်းမှာ ကြီးပြင်းလာခဲ့တာ ဖြစ်ပြီး ဗန်ဒိုက်နဲ့အတူတူ အသင်းဖော်တွေ ဖြစ်ခဲ့ကာ ဟော်လန်သားက ဘယ်နောက်ခံလူအတွက် အကြံပြုစကား ပြောကြားသွားခဲ့တာ ဖြစ်ပါတယ်။

ှဗန်ဒိုက်ကတော့ ၂၀၁၅ ခုနှစ်မှာ ဆဲလ်တစ် အသင်းကနေ ထွက်ခွာခဲ့ပြီး ဆောက်သမ်တန် အသင်းကို ပြောင်းရွှေ့ကာ အောင်မြင်မှု ရခဲ့သလို တီယာနေးဟာလည်း အင်္ဂလန်မှာ အောင်မြင်မှု ရလိမ့်မယ်လို့ သုံးသပ်ခဲ့ပါတယ်။

ဗန်ဒိုက်က "အကောင်းဆုံး ကစားနိုင်ဖို့ဆိုတာ လွယ်ကူတဲ့ ကိစ္စ မဟုတ်ပါဘူး။ ဒါပေမယ့် သူ့မှာ အကောင်းဆုံး အရည်အသွေးတွေ ရှိနေပါတယ်။ ကျွန်တော် ဆဲလ်တစ်မှာ ရှိနေစဉ်က ဒန်ဒီးအသင်းနဲ့ ပွဲစဉ်မှာ ကီရန်  ပွဲထွက်ခွင့် ရခဲ့ပါတယ်။ ကျွန်တော် အဲဒီပွဲစဉ်မှာ ဖရီးကစ်ကနေ ဂိုးသွင်းနိုင်ခဲ့ပြီး သူကလည်း ကျွန်တော်တို့ အနိုင်ရရှိအောင် ကူညီပေးခဲ့ပါတယ်။ သူဟာ ကစားသမားကောင်း တစ်ယောက်ဆိုတာ ကျွန်တော် ပြောရဲပါတယ်"လို့ ပြောခဲ့ပါတယ်။

ဗန်ဒိုက်ဟာ နာပိုလီကို ၃-၀ နဲ့ ရှုံးနိမ့်ခဲ့တဲ့ ပွဲစဉ်အတွက် စကော့တလန်ကို ပြန်လာခဲ့ပြီး မူရေးကွင်းထဲမှာ ပြန်လည် အခြေချခဲ့ပါတယ်။

ဆက်လက်ပြီး ဗန်ဒိုက်က ""ကျွန်တော် စကော့တလန်ကို ပြန်လာရတဲ့ အတွက် ပျော်ပါတယ်။ ကျွန်တော် နောက်ဆုံး စကော့တလန်မှာ ကစားခဲ့တာက နိုင်ငံအသင်း နဲ့အတူ ပစ်တော့ရီ ကွင်းထဲမှာပါ။ ဒီမှာ ကစားရတာ ပျော်ရွှင်ရပါတယ်''လို့ ပြောကြားခဲ့ပါတယ်။ 

#လီဗာပူး #တီယာနေး