ရှေ့သို့
Image

BREAKING: ယူနိုက်တက်ဂန္ထ၀င် အီဗရာ ပရော်ဖက်ရှင်နယ်ကစားသမားဘ၀ကနေ အနားယူ

4:40 PM, 29 July

ယူနိုက်တက်ဂန္ထ၀င်ကစားသမား ပက်ထရစ်အီဗရာဟာ ပရော်ဖက်ရှင်နယ်ကစားသမားဘ၀ကနေ တရားဝင်အနားယူလိုက်ပြီဖြစ်ပြီး အသက် ၃၈နှစ်အရွယ်ရှိ အဆိုပါပြင်သစ်နိုင်ငံသားဟာ နည်းပြလောကထဲဝင်ဖို့ ပြင်ဆင်နေပါတယ်။ အီဗရာဟာ ပြီးခဲ့တဲ့တနင်္လာနေ့က အီတလီသတင်းစာ Gazzetta dello Sport နဲ့ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ အထက်ပါအတိုင်းအတည်ပြုခဲ့တာဖြစ်ပြီး နှစ် ၂၀ကြာပရော်ဖက်ရှင်နယ်ကစားသမားဘ၀ကို အဆုံးသတ်လိုက်တာဖြစ်သလို ယူနိုကတက်ရဲ့အကောင်းဆုံးဘယ်နောက်ခံလူတစ်ဦးအဖြစ်လည်း ပရိသတ်တွေရဲ့သတ်မှတ်ခြင်းခံထားရပါတယ်။
''ကျွန်တော့်ရဲ့ပရော်ဖက်ရှင်နယ်ကစားသမားဘ၀က ဒီနေ့မှာပဲ တရားဝင်အဆုံးသတ်သွားပါပြီ။ ကျွန်တော်ဟာ ၂၀၁၃ ခုနှစ်က ယူအီးအက်ဖ်အေရဲ့နည်းပြဘီလိုင်စင်သင်တန်း စတက်ခဲ့ပါတယ်။ အခုလည်း အဲဒီသင်တန်းကို ပြီးအောင်တက်ပြီး ယူအီးအက်ဖ်အေ အေလိုင်စင်သင်တန်း ဆက်တက်ချင်ပါတယ်။ ၁နှစ်ခွဲအတွင်း ပုံမှန်အတိုင်းဆိုရင်တော့ အသင်းတစ်သင်းကို ဦးဆောင်ဖို့ ကျွန်တော့်ဘက်က အဆင်သင့်ဖြစ်နေမှာပါ''လို့ အီဗရာက ပြောကြားခဲ့ပါတယ်။
သူ့ရဲ့နောက်ဆုံးကလပ်က ၀က်စ်ဟမ်းအသင်းဖြစ်ပြီး ၂၀၁၈ ရာသီအစမှာ ရောက်လာခဲ့ပေမယ့် အသင်းအတွက် ၅ပွဲပဲကစားခွင့်ရခဲ့ကာ ရာသီအကုန်မှာတော့ အသင်းနဲ့လမ်းခွဲခဲ့ပါတယ်။ သူဟာ ပြင်သစ်အသင်းအတွက် ၈၁ပွဲကစားပေးခဲ့ပေမယ့် တစ်ဂိုးမှမသွင်းယူနိုင်ခဲ့ပါဘူး။

#မန်ချက်စတာယူနိုက်တက် #အီဗရာ