ရှေ့သို့
Image

ချန်ပီယံလိဂ်ချန်ပီယံဆုနဲ့ လွဲချော်ခဲ့ရပြီးနောက် ၁၀ရက်လောက် အိမ်တွင်းအောင်းခဲ့ကြောင်း ပိုချက်တီနို ၀န်ခံ

9:20 AM, 29 July

တော့တင်ဟမ်နည်းပြ ပိုချက်တီနိုက လီဗာပူးအသင်းကို ချန်ပီယံဗိုလ်လုပွဲမှာ ၂-၀ ဂိုးနဲ့ ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်မှာ စပါးအသင်းက ပိုကောင်းခဲ့တယ်လို့ ယူဆကြောင်း ပြောကြားခဲ့ပါတယ်။ ပိုချက်တီနိုက ဆက်လက်ပြီး အဆိုပါရှုံးပွဲအပြီးမှာ ၁၀ရက်လောက် အိမ်တွင်းအောင်းခဲ့ကြောင်း ၀န်ခံပြောကြားခဲ့ပါတယ်။
ပိုချက်တီနိုက "ဟုတ်ကဲ့။ ဒီအခြေအနေက ခက်ခဲခဲ့ပါတယ်။ ကျွန်တော်တို့ ဗိုလ်လုပွဲ မတိုင်ခင် ၃ပတ်လောက်ကို အကြီးအကျယ်ပြင်ဆင်ခဲ့ပါတယ်။ ဒါပေမယ့် အခုလိုမျိုးရှုံးနိမ့်ခဲ့လို့ ကျွန်တော်တို့ တော်တော်စိတ်ပျက်ခဲ့ရပါတယ်"လို့ ပြောခဲ့ပါတယ်။
ပိုချက်တီနိုက အဆိုပါ ရှုံးပွဲရဲ့ အခြေအနေဟာ ကစားသမားဘ၀က ရှုံးပွဲတစ်ခုနဲ့ရင်ဆိုင်ရတဲ့ အခြေအနေနဲ့ တူညီတယ်လို့လည်း ပြောကြားခဲ့ပါတယ်။
"ဒီအခြေအနေက တော်တော် ဆိုးခဲ့ပါတယ်။ နှိုင်းယှဉ်ပြီး ပြောရရင် ၂၀၀၂ခုနှစ် နွေရာသီက ကျွန်တော်တို့ ဆွီဒင်အသင်းနဲ့ သရေကျခဲ့ပြီး အင်္ဂလန်အသင်းကို ရှုံးနိမ့်ခဲ့ပါတယ်။ တစ်ပတ်အတွင်းမှာ အခုလို ဖြစ်ပျက်သွားခဲ့လို့ တော်တော်လေး ဆိုးရွားခဲ့ပါတယ်။ ကစားသမားတစ်ဦးနဲ့ နည်းပြတစ်ဦးအနေနဲ့ ဒီအဖြစ်အပျက်တွေက ကျွန်တော့်အတွက် အဆိုးရွားဆုံးပါပဲ"လို့ ပြောခဲ့ပါတယ်။
ဆက်လက်ပြီး ပိုချက်တီနိုက "ချန်ပီယံလိဂ်ပွဲပြီးတဲ့နောက် မက်ဒရစ်ကနေ ဘာစီလိုနာကို ကျွန်တော် ရထားစီးသွားခဲ့ပါတယ်။ ကျွန်တော် ၁၀ရက်လောက် အိမ်တွင်းအာင်းခဲ့ပါတယ်။ ကျွန်တော်တို့ ဒီဆုကို ရရှိဖို့ လက်တစ်ကမ်းအလိုရောက်မှ ရှုံးနိမ့်သွားခဲ့လို့ တော်တော်လေး ခက်ခဲခဲ့ပါတယ်"လို့ ပြောခဲ့ပါတယ်။
ပိုချက်တီနိုက အဆိုပါပွဲစဉ်မှာ တော့တင်ဟမ်က လီဗာပူးထက် ပိုကောင်းခဲ့တယ်လို့ ယူဆကြောင်း ပြောခဲ့ပါတယ်။ အခုချိန်မှာတော့ လာမယ့်ရာသီအတွက် အားအင်အသစ်တွေနဲ့ ယှဉ်ပြိုင်ဖို့ အသင့်ဖြစ်နေပြီလို့ ပြောကြားသွားခဲ့ပါတယ်။

#လီဗာပူး #စပါး #ပိုချက်တီနို