ရှေ့သို့
Image

ခြေစမ်းပွဲအပြီးမှာငိုကြွေးခဲ့တဲ့ ဖာနန်ဒက်စ် အသင်းက ထွက်ခွာတော့မယ်လို့ ယူနိုက်တက်ပရိသတ်တွေ ယုံကြည်နေ

8:04 AM, 29 July

စပို့တင်းလစ္စဘွန်း ကွင်းလယ်လူ ဘရူနိုဖာနန်ဒက်စ်ဟာ ဗလန်စီယာအသင်းကို ၂-၁ဖြင့် ရှုံးနိမ့်ခဲ့တဲ့ ပွဲစဉ်အပြီးမှာ မျက်ရည်ကျကာ ငိုကြွေးခဲ့တာကြောင့် ယူနိုက်တက် ပရိသတ်တွေကတော့ ပေါ်တူဂီသားဟာ အသင်းက ထွက်ခွာတော့မယ်လို့ ယုံကြည်နေကြပြီ ဖြစ်ပါတယ်။ ဖာနန်ဒက်စ်ကို မန်ယူအသင်းက အကြီးအကျယ် ချိတ်ဆက်နေပြီး သတင်းတွေအရ ပေါင် ၆၂သန်းနဲ့ ခေါ်ယူဖို့ သဘောတူညီမှု ရရှိခဲ့ပြီလို့ သိရပါတယ်။

ဒါကြောင့် ဖာနန်ဒက်စ်ဟာ လာမယ့်ရက်ပိုင်းအတွင်းမှာ ဆေးစစစ်မှု ခံယူတော့မယ်လို့ ယူဆရပြီး ယမန်နေ့ညက ပွဲစဉ်မှာ စပို့တင်းအသင်းအတွက် ကစားပေးတဲ့ နောက်ဆုံးပွဲစဉ် ဖြစ်လာနိုင်ပါတယ်။ စပို့တင်းအသင်းဟာ ဘတ်စ်ဒေါ့ရဲ့ ဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပေမယ့် ဗလန်စီယာအသင်းက ကွန်ဒေါ့ဘီယာ၊ ဂါမဲရိုးတို့ရဲ့ ဂိုးတွေနဲ့ ပြန်လည် အနိုင်ရရှိသွားခဲ့ပါတယ်။

အဆိုပါ ပွဲစဉ်အပြီးမှာတော့ ဖာနန်ဒက်စ်ဟာ အရှုံးနဲ့ ရင်ဆိုင်ခဲ့ရလို့ စိတ်ပျက်နေဟန် ရှိနေခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ မျက်ရည်ကျတဲ့အထိ ငိုကြွေးခဲ့တာကို တိုက်ရိုက် တင်ဆက်မှုမှာ မြင်တွေ့ခဲ့ရပါတယ်။

ယူနိုက်တက်ပရိသတ်တွေကတော့ အဆိုပါ အပြုအမူဟာ စပို့တင်းအသင်းကို နှုတ်ဆက်ခဲ့တာ ဖြစ်ပြီး အိုးထရက်ဖို့ဒ်ကို ရောက်ရှိလာတော့မယ်လို့ အခိုင်အမာ ယုံကြည်နေကြပြီ ဖြစ်ပါတယ်။ ယခုလ အစောပိုင်းကလည်း ဖာနန်ဒက်စ်က ပရီးမီးယားလိဂ်ကို ယခုနှစ် နွေရာသီမှာ ပြောင်းရွေ့ချင်ကြောင်း ၀န်ခံထားခဲ့ပါတယ်။

#မနျခကျြစတာယူနိုကျတကျ #စပို့တင်း #ဘရူနိုဖာနန်ဒတ်စ်