ရှေ့သို့
Image

စပါးအသင်းမှ ထွက်ခွာခဲ့ရတဲ့အကြောင်းကိုပြောပြလိုက်တဲ့ ထရစ်ပီးယား

9:03 AM, 28 July

ဒီလအစောပိုင်းက ထရစ်ပီးယားဟာ အေတီကိုသို့ ပြောင်းရွေ့ကြေး ပေါင် ၂၂ သန်းဝန်းကျင်ဖြင့်ပြောင်းရွေ့ခဲ့ပြီး နောက် အသင်းနှင့် ၃ နှစ်စာချုပ် ချုပ်ဆိုခဲ့တာဖြစ်ပါတယ်။

ညာနောက်တန်းကစားသမားဟာ အင်္ဂလန်အသင်း ဆီမီးဖိုင်နယ်သို့ရောက်ရှိခဲ့တဲ့ ၂၀၁၈ခုနှစ်ကမ္ဘာ့ဖလားတွင် ခြေစွမ်းပြကစားခဲ့ပြီး ပြီးခဲ့တဲ့ရာသီမှာတော့ စပါးအသင်းရှိ သူ့ရဲ့စွမ်းဆောင်မှုများနှင့်ပတ်သတ်ပြီး ဝေဖန်ခြင်းကိုခံခဲ့ ရတာဖြစ်ပါတယ်။

''အသင်းပြောင်းရွေ့ပြီး ပြောင်းလဲဖို့အတွက် အချိန်ကျပြီလို့ ကျွန်တော်ထင်ပါတယ်'' လို့ ထရစ်ပီးယားက ပြောပါတယ်။

''အသင်းပြောင်းဖို့ လိုအပ်ခဲ့ပါတယ်လို့ မဆိုလိုသော်လည်း စပါးတွင် ဖြစ်ခဲ့တဲ့ ပြဿနာများကြောင့် ပြောင်းရွေ့ဖို့ အတွက်လိုအပ်ခဲ့ပါတယ် ''

သောကြာနေ့ညက ကစားခဲ့တဲ့ ရီးရဲလ်မက်ဒရစ်အသင်းအား ၇-၃ ဂိုးဖြင့် အနိုင်ရရှိခဲ့တဲ့ပွဲတွင် ထရစ်ပီးယားဟာ အေတီကိုအသင်း အတွက် ပွဲထွက်ကစားခဲ့ပြီး ချဲလ်ဆီတိုက်စစ်မှူးဟာင်း ကော်စတာကလည်း ဟက်ထရစ်သွင်းယူခဲ့ကာ အနီကဒ်လည်း ပြသခံခဲ့ရပါတယ်။

ကော်စတာနှင့်အတူ ထရစ်ပီးယားရဲ့ နောက်ထပ် လန်ဒန်မြို့ခံပြိုင်ဘက်ဟောင်းတွေဖြစ်တဲ့ မိုရာတာတို့က အသင်းဖော်အသစ်များ နှင့်အသားကျဖို့အတွက် အဓိက ကူညီပေးခဲ့ကြပါတယ်။

''ကျွန်တော်မျှော်လင့်ထားတာထက်ကို တော်တော်လေးလွယ်ကူပါတယ်။ အသင်းရှိကစားသမားတွေကလည်း မယုံကြည်နိုင်လောက် ဖော်ရွေကြပါတယ်။ ကျွန်တော်တံခါးပေါက်နေ ၀င်လာကတည်းက နည်းပြနှင့်အတူ အားလုံးက ကြိုဆိုကြပါတယ်''

''အထူးသဖြင့် ကော်စတာနှင့် မိုရာတာတို့ကတော့ ကျွန်တော်နဲ့ အရမ်းကိုအဆင်ပြေပါတယ်၊ သူတို့တွေ က အေတီကိုအတွက် ကစားပေးရတာ ဘယ်လောက် အဓိပ္ပါယ်ရှိကြောင်းနှင့် ပရိသတ်တွေရဲ့ အကြောင်းကို လည်းရှင်းပြကြပါတယ် '' လို့ ထရစ်ပီးယားကပြောပါတယ်။

#စပါး #ထရစ်ပီးယား