ရှေ့သို့
Image

ဘရူနိုဖာနန်ဒက်စ်ခ်ါယူဖို့ ယူနိုက်တက် သဘောတူညီမှု ရရှိခဲ့ပြီလို့ သတင်းတွေ ထွက်ပေါ်လာ

8:44 AM, 28 July

မန်ယူအသင်းဟာ စပို့တင်းလစ္စဘွန်း ကွင်းလယ်လူ ဘရူနို ဖာနန်ဒက်စ်ကို ပေါင် ၆၂ သန်းနဲ့ ခေါ်ယူဖို့ သဘောတူညီမှု ရရျိခဲ့ပြီဖြစ်ကြောင်း သတင်းတွေ ထွက်ပေါ်လာခဲ့ပါတယ်။

မန်ယူအသင်းဟာ ဖာနန်ဒက်စ်ကို ယခုနှစ် နွေရာသီမှာ တောက်လျောက်ချဉ်းကပ်နေပေမယ့် အပြောင်းအရွေ့ ပေါ်လစီကြောင့် ခေါ်ယူနိုင်ဖို့ နှောင်းနှေးနေခဲ့ပါတယ်။

ယခုအချိန်မှာတော့ စပိန် သတင်းစာ စပေါ့ရဲ့အဆိုအရ ယူနိုက်တက်ဟာ ဘရူနို ဖာနန်ဒက်စ်ကို ပေါင် ၆၂ သန်းဖြင့် ခေါ်ယူဖို့သဘောတူညီမှု ရခဲ့ကြောင်း သိရပါတယ်။

အဆိုပါ သတင်းမှာတော့ ဖာနန်ဒက်စ်ဟာ မန်ချက်စတာမြို့ကို ဆေးဟဟ်ဖို့အတွက် လာရောက်နေပြီး နှစ်ရှည်စာချုပ် ချုပ်သွားမယ်လို့ သိရပါတယ်။

စပို့တင်း အသင်းဟာ ဖာနန်ဒက်စ်ကို ရောင်းချဖို့ နွေရာသီ တစ်ခုလုံး ငြင်းဆန်ထားပြီး ယခုအချိန်မှ သဘောတူညီခဲ့တာ ဖြစ်ပါတယ်။

နည်းပြ ဆိုးလ်ရှားကတော့ ကွင်းလယ်လူ တစ်ယောကို အသင်းက ထွက်ခွာသွားတဲ့ ဟာရဲရားရဲ့ နေရာကို အစားထိုးဖို့ ၀ယ်ယူမှာ ဖြစ်တဲ့အကြောင်း အတိအလင်း ပြောထားခဲ့ပါတယ်။

ဖာနန်ဒက်စ်ကတော့ ဟာရဲရားထက် တိုက်စစ်ကို ဦးစားပေးတဲ့ ကစားသမား တစ်ဦးပဲ ဖြစ်ပါတယ်။ ဖာနန်ဒက်စ်ဟာာမန်နှစ် ရာသီက ၃၁ ဂိုး သွင်းယူခဲ့ပြီး ဂိုး၂၀ ဖန်တီးပေးခဲ့ပါတယ်။

#မနျခကျြစတာယူနိုကျတကျ #ဆိုးလ်ရှား #ဘရူနိုဖာနန်ဒတ်စ်