ရှေ့သို့
Image

မီလန်ကိုဗစ် ဆာဗစ်ကို ခေါ်ယူနိုင်ဖို့ နီးစပ်လာတဲ့ မန်ချက်စတာ ယူနိုက်တက်

5:45 PM, 26 July

ဆာဗစ်ရဲ့အေးဂျင့်ဟာ မန်ချက်စတာ ယူနိုက်တက်နဲ့ အပြောင်းရွှေ့ကိစ္စ အပြီးသတ်ဖို့ အင်္ဂလန်ကို ရောက်ရှိနေပြီလို့ သိရပါတယ်။

အသက် ၂၄ နှစ်အရွယ် မီလန်ကိုဗစ် ဆာဗစ်ကို ပေါ့ပ်ဘာရဲ့နေရာမှာ အစားထိုးဖို့ ထိပ်တန်း ပစ်မှတ်တစ်ခုအဖြစ် ယူနိုက်တက်က သတ်မှတ်ထားပါတယ်။

ဒီဆားဘီးယား လက်ရွေးစင်ဟာ ဒန်နီရယ်ဂျိမ်းစ်နဲ့ ၀န်ဘစ်ဆာကာ ပြီးနောက် ယူနိုက်တက်ရဲ့တတိယမြောက် ကစားသမား ခေါ်ယူမှု ဖြစ်လာနိုင်ပါတယ်။

သတင်းတွေအရတော့ ယူနိုက်တက်နဲ့ လာဇီယိုတို့ဟာ ဆာဗစ်အတွက် ယူရိုသန်း ၈၀ (ပေါင် ၇၁ သန်း ) နဲ့ ဆွေးနွေးနေပြီး ခေါ်ယူနိုင်ဖို့ နီးစပ်နေပြီလို့လဲ သိရပါတယ်။

နှစ်ဖက် အသင်းတွေကြားမှာ ဆွေးနွေးမှု တိုးတက်လျက်ရှိပြီး ဆာဗစ်ရဲ့အေးဂျင့်ကိုယ်တိုင် အင်္ဂလန်ကို ရောက်ရှိနေပြီလို့ သိရပါတယ်။

အပြောင်းအရွှေ့ မပိတ်ခင် ပေါ့ပ်ဘာ ရီးရဲလ်ကို ပြောင်းရွှေ့မှသာ ဆာဗစ်ရဲ့အပြောင်းအရွှေ့က အတည်ဖြစ်လာနိုင်ပါတယ်။

ယူနိုက်တက်ရဲ့ ပစ်မှတ်ထဲမှာ စပို့တင်းရဲ့ဘရူနို ဖာနန်ဒက်စ်နဲ့ နယူးကာဆယ်ရဲ့ရှောင် လောင်းစတက်ဖ်တို့ ရှိနေပါသေးတယ်။

ဒီနွေရာသီ အစောပိုင်းက ယူနိုက်တက်က ထွက်နိုင်ခြေရှိကြောင်း အရိပ်အမြွတ် ပြောခဲ့ပေမယ့် ရာသီကြို ခြေစမ်းပွဲတွေက ပေါ့ဘာရဲ့ခြေစွမ်းကို နည်းပြ အိုလီဂန်းနား ဆိုးလ်ရှားက သဘောကျနေပါတယ်။ ခြေစမ်းပွဲတွေ တောက်လျှောက်လဲ ပေါ့ပ်ဘာ ပါဝင်ခဲ့ပါတယ်။

နည်းပြဆိုးလ်ရှားက " ပေါလ်က အသင်းနဲ့ ကျွန်တော်တို့အတွက် ဘာတွေလုပ်ပေးနိုင်လဲ ဆိုတာ ပရိသတ်တွေ သိပြီးသားပါ။ သတင်းတွေက စုံနေအောင် ထွက်နေပေမယ့် ပေါ့ပ်ဘာက ပရော်ဖက်ရှင်နယ်ကျတဲ့ ထိပ်တန်း ကစားသမား တစ်ဦးပါ။

သူ့ကြောင့် ဘယ်တုန်းကမှ အခက်အခဲ မဖြစ်ခဲ့ဖူးပါဘူး။ သူအကောင်းဆုံး စွမ်းဆောင်နိုင်မယ်လို့ ယုံကြည်ပါတယ် " လို့ ပြောခဲ့ပါတယ်။

#မနျခကျြစတာယူနိုကျတကျ #မီလန်ကိုဗစ်-ဆာဗစ်