ရှေ့သို့
Image

တစ်နေနေ့မှာ အင်္ဂလန် ထိပ်တန်း အသင်း တစ်သင်းသင်းကို ပြောင်းရွှေ့နိုင်တယ်လို့ ဖီးလစ်ဖွင့်ဟ

5:12 PM, 26 July

အက်သလက်တီကိုမက်ဒရစ်တိုက်စစ်မှူးသစ် ဂျာအိုဖီးလစ်ကတော့ သူဟာ တစ်နေနေ့မှာ အင်္ဂလန်ထိပ်တန်း အသင်းတစ်သင်းသင်းကို ပြောင်းရွှေ့ကစားနိုင်တယ်လို့ဖွင့်ဟပြောကြားလိုက်ပါတယ်။

အဆိုပါဘင်ဖီကာတိုက်စစ်မှူးဟာ အက်သလက်တီကိုမက်ဒရစ်အသင်းကို စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင် ၁၁၂ သန်းနဲ့ ပြောင်းရွှေ့လာခဲ့တာဖြစ်ပါတယ်။

ဘီအာသတင်းဌာနနဲ့ အင်တာဗျူးမှာတော့ အသက် ၁၉နှစ် အရွယ်ကစားသမားက “ပရီးမီးယားလိဂ်လား။ ကျွန်တော် အသေအချာတော့ မသိသေးပါဘူး။ တစ်နေ့နေ့မှာတော့ အဲ့မှာ သွားကစားဖြစ်မယ်ထင်ပါတယ်။ စပါးလား လက်ရှိအချိန်မှာတော့ မဖြစ်နိုင်သေးပါဘူး။ တစ်နေနေ့တော့ ဖြစ်လာနိုင်ပါတယ်”လို့ ဖီးလစ်က ပြောပါတယ်။

ထို့အပြင် တိုက်စစ်မှူး ဖီးလစ်ဟာ အက်သလက်တီကိုမက်ဒရစ်အသင်းမှာ အံမ၀င်နိုင်ဘူးဆိုတဲ့ သံသယရှိသူတွေရဲ့ ယူဆချက်ကိုမှားယွင်းကြောင်း သက်သေပြသွားမယ်လို့ ဆိုပါတယ်။

“ကျွန်တော်ကတော့ အလုပ်ပဲ ဆက်ကြိုးပါတယ်။ ပြီးတော့ အခြားသူတွေရဲ့ပြောစကားကိုလည်း နားထောင်ပါတယ်။ အဲ့တာကလည်း ကျွန်တော့်ကို တိုးတက်လာစေပါတယ်”လို့ ဖီးလစ်က ပြောကြားခဲ့ပါတယ်။

#လာလီဂါ #ဂျာအိုဖီးလစ်