ရှေ့သို့
Image

ဘာစီလိုနာကို ဒီလစ်ဂ်ျ မရောက်ရှိခဲ့တဲ့ အကြောင်းရင်း ထွက်ပေါ်လာပြီ

4:46 PM, 26 July

သတင်းတွေရဲ့ဖော်ပြချက်အရ အားလုံးက စိတ်ဝင်စားနေတဲ့ ဘာစီလိုနာကို နောက်ခံလူဒီလစ်ဂ်ျ ဘာကြောင့် ရောက်မသွားတာလဲဆိုတဲ့မေးခွန်းအတွက် အဖြေပေါ်ထွက်လာပြီလို့ သိရပါတယ်။

အဲဒါကတော့ ဒီလစ်ဂ်ျအတွက် သူ့အေးဂျင့်ဖြစ်သူ ရိုင်အိုလာ တောင်းဆိုခဲ့တဲ့လုပ်ခလစာကြောင့်ဖြစ်ပြီး သူတောင်းဆိုတဲ့ပမာဏက ဘာစီလိုနာမှာ ပုံမှန်ပွဲထွက်ခွင့်ရနေတဲ့ နောက်ခံလူ ပီကေးနဲ့ ဘယ်နောက်ခံလူ အယ်လ်ဘာတို့ထက် ပိုများနေတာကြောင့်ဖြစ်ကြောင်းသိရပါတယ်။

အသက် ၁၉နှစ်အရွယ်ရှိ ဒီလစ်ဂ်ျဟာ ယခုနွေရာသီအစောပိုင်းက အေဂျက်စ်အသင်းဖော်ဟောင်း ဒီဂျောင်နဲ့အတူ ဘာစီလိုနာကို ရောက်လာလိမ့်မယ်လို့ အများစုက ခန့်မှန်းခဲ့ကြပေမယ့် အဆုံးသတ်မှာတော့ စီးရီးအေချန်ပီယံ ဂျူဗင်တပ်စ်ကို ရောက်ရှိသွားပါတယ်။

စပိန်သတင်းစာ Mundo Deportivo ရဲ့ဖော်ပြချက်အရ ဘာစီလိုနာကို ဒီလစ်ဂ်ျမရောက်ရှိခဲ့ခြင်းရဲ့အဓိက အချက်က လုပ်ခလစာဆွေးနွေးမှုအဆင်မပြေဖြစ်ခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။

ရိုင်အိုလာက ဘာစီလိုနာအသင်းမှာ ၁၁နှစ် နဲ့ ၇ နှစ်အသီးသီးကစားထားပြီးဖြစ်တဲ့ ပီကေးနဲ့ အယ်လ်ဘာတို့ထက် လုပ်ခလစာပိုတောင်းခဲ့တာဖြစ်ပြီး ပီကေးက တစ်ပတ်လုပ်ခ ပေါင် ၁၆၅၀၀၀ ရရှိနေကာ
အယ်လ်ဘာကတော့ တစ်ပတ်လုပ်ခ ပေါင် ၁၀၀၀၀၀ ရရှိနေတယ်လို့ သိရပါတယ်။

အဲဒီအတွက်ကြောင့်ပဲ ဘာစီလိုနာဟာ ဒီလစ်ဂ်ျကို ခေါ်ယူရေးစိတ်ဝင်စားမှု အေးစက်သွားခဲ့ပြီး ဂျူဗင်တပ်စ်က ပြောင်းရွှေ့ကြေး ပေါင် ၆၇.၅သန်း၊ ပေါင် ၅၃သန်းတန် ၅နှစ်စာချုပ်ချုပ်ဆိုကာ ဒီလစ်ဂ်ျကို ခေါ်ယူခဲ့ပါတယ်။

#လာလီဂါ #ဘာစီလိုနာ #ဒီလစ်ဂ်ျ