ရှေ့သို့
Image

စပါး ၁-၂ မန်ယူ ပွဲစဉ်က မှတ်သားစရာ အချက် ၅ ချက်

5:11 PM, 26 July

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ကြာသပတေးနေ့က ရှန်ဟိုင်းမှာ ပရီးမီးယားလိဂ် ပြိုင်ဘက် စပါးအသင်းကို နိုင်ပွဲ ရယူနိုင်ခဲ့ပါတယ်။ အန်တိုနီမာရှယ်က အဖွင့်ဂိုး သွင်းယူ ပေးခဲ့ပေမယ့် လူးကပ်စ်မော်ရာက ချေပဂိုး ပြန်လည် သွင်းယူပေးခဲ့ပြီး မန်ယူအသင်းရဲ့အနိုင်ဂိုးကိုတော့ ၁၈ နှစ် အရွယ်သာ ရှိသေးတဲ့ လူငယ် ကစားသမား အိန်ဂျယ်လ် ဂိုးမက်စ်က ပွဲပြီးဖို့ ဆယ်မိနစ် အလိုမှာ သွင်းယူ ပေးသွားခဲ့ပါတယ်။

 ေ

တာက်ပနေတဲ့ ယူနိုက်တက်ရဲ့အနာဂတ်

=======================

မန်ယူလူငယ်တွေ အတွက်တော့ နောက်ထပ် ကောင်းမွန်တဲ့ ညတစ်ည ဖြစ်ခဲ့ပါတယ်။  စပါးအသင်းကို ၂ - ၁ အနိုင်ရတဲ့ပွဲမှာ  အိန်ဂျယ် ဂိုးမက်စ်က စီနီယာ ကစားသမားဘ၀ ပထမဆုံးဂိုးကို သွင်းယူ ပေးနိုင်ခဲ့ပါတယ်။ 

မန်ဆန် ဂရင်းဝုဒ်ကလဲ ဒီခရီးစဉ်မှာ ကြီးမားတဲ့ အကျိုးသက်ရောက်မှုကို ပြသထားခဲ့ပါတယ်။ ဂိုးမက်စ်က မိနစ် ၈၀ မှာ ရရှိခဲ့တဲ့ ဘောလုံးကို စပါး ဂိုးသမား ပေါ်လို ဂက်ဇာနီဂါရဲ့ဘေးကနေ ကပ်ပြီး လှလှပပ သွင်းယူ သွားခဲ့တာပါ။

အကယ်ဒမီ အကြီးအကဲ နစ်ကီဘတ်က အသင်းရဲ့လူငယ် ကစားသမားတွေကို  ပထမအသင်းကြီးမှာ ကစားခွင့်ရအောင် ချိတ်ဆက် ပေးနေပါတယ်။ ဂရင်းဝုဒ်၊ ဂိုးမက်စ်နဲ့ တာဟစ်ချောင်တို့က ပထမအသင်းကြီးမှာ ကစားခွင့်နဲ့ ထိုက်တန်တဲ့ ခြေစွမ်းမျိုး ပြသ ထားကြပါတယ်။ 

လိဒ်ယူနိုက်တက်၊ အင်တာမီလန်တို့နဲ့ ကစားခဲ့တဲ့ ပွဲစဉ်တွေမှာ ဂိုးသွင်းယူနိုင်ခဲ့တဲ့ ဂရင်းဝုဒ်ကတော့ ဒီပွဲစဉ်ရဲ့ ပွဲထွက် ကစားသမား စာရင်းမှာ ပါဝင်ခွင့် ရခဲ့ပါတယ်။


အထောင် တိုက်စစ်မှူး အနေနဲ့ ခြေစွမ်းပြခဲ့တဲ့ မာရှယ်

===========================


နည်းပြ အိုလီဂန်းနား ဆိုးလ်ရှားက ဒီရာသီမှာ အန်တိုနီမာရှယ်ကို တိုက်စစ်မြားဦး နေရာမှာထား ကစားဖို့ စီစဉ်ထားပြီး ပြင်သစ် တိုက်စစ်မှူးကလဲ ဟုန်ကူး ကွင်းကြီးထဲမှာ အထင်ကြီးစရာ ခြေစွမ်းကို ပြသခဲ့ပါတယ်။

ခရီးစဉ် တစ်လျှောက်မှာလဲ ယူံကြည်လောက်တဲ့ ခြေစွမ်းမျိုး ပြသခဲ့တဲ့ အန်တိုမာရှယ်ကပဲ ပွဲချိန် ၂၁ မိနစ်မှာ ပါရဲယားရဲ့လှပတဲ့ ပေးပို့မှုကနေ ဂိုးသမား ဂက်ဇာနီဂါရဲ့ ဘယ်ဘက်တိုင်နားကနေ ကပ်ပြီး ကန်သွင်း ယူသွားခဲ့တာပါ။

ပွဲအစ မိနစ်တွေတုန်းကလဲ လှပတဲ့ ဘယ်ခြေကန်ချက်က ဂိုးရလုနီးပါး ဖြစ်ခဲ့ပါသေးတယ်။ နည်းပြ ဆိုးလ်ရှားကလဲ မာရှယ်ရဲ့လုပ်အားနှုန်းကို သဘောကျနေပြီး မာရှယ်ရဲ့သန်မာမှုက စပါးအသင်းရဲ့နောက်တန်းတွေကို တော်တော်လေး အလုပ်ရှုပ်စေခဲ့ပါတယ်။


ခြေစမ်းပွဲနဲ့ မတူတဲ့ ခြေစမ်းပွဲ

================


ဒီပွဲစဉ်ဟာ ဂျူလိုင်လထဲက ခြေစမ်းပွဲတစ်ပွဲ ဖြစ်ပေမယ့် မန်ယူရော စပါးအသင်းပါ ဒီပွဲကို တကယ့် ပရီးမီးယားလိဂ်ပွဲ တစ်ပွဲလို သဘောထားပြီး ကစားသွားခဲ့ပါတယ်။ ပွဲစဉ်ရဲ့အပေါက်ကွဲဆုံး အခြေအနေကို ဖြစ်သွားစေတာကတော့ ပွဲချိန် ၂၄ မိနစ်မှာ မန်ယူအသင်း ပေါင် ၁၅ သန်းနဲ့ ခေါ်ယူထားတဲ့ ကစားသမားသစ် ဒန်နီရယ် ဂျိမ်းကို

စပါးကစားသမား ဆစ်ဆိုကိုက ကြမ်းကြမ်းတမ်းတမ်း ဖျက်ထုတ်ရာကနေ ဖြစ်ပေါ်ခဲ့တာပါ။ မက် တိုမီနေးနဲ့ ဟယ်ရီကိန်း တို့လဲ အချင်းများခဲ့သလို မာရှယ်ကလဲ ဂိုးသမား ဂက်ဇာနီဂါရဲ့ ရင်ဘတ်ကို တွန်းခဲ့ပါတယ်။

ပွဲချိန် ၆ မိနစ်မှာလဲ ဒယ်လီအယ်လီက ကစားသမားအသစ် အာရွန် ၀မ်ဘစ်ဆာကာကို ကစားပုံ ကြမ်းတမ်းခဲ့ပါတယ်။ ဒီကစားပုံကြောင့် ကတ်ပြ မခံခဲ့ရပေမယ့် မက်တိုမီနေးကို နောက်တစ်ခါ ကြမ်းကြမ်းတမ်းတမ်း ကစားခဲ့တဲ့အခါမှာတော့ အ၀ါကတ် ပြခံခဲ့ရပါတယ်။

စပါးတစ်သင်းတည်း ကစားပုံ ကြမ်းခဲ့တာ မဟုတ်ဘဲ ပါရဲယားကလဲ ဟယ်ရီကိန်းကို ကစားပုံ ကြမ်းတမ်းခဲ့ပါတယ်။  စပါးလူငယ် နောက်ခံလူ တန်ဂန်ဂါကလဲ မန်ယူ လူငယ်ကစားသမား မန်ဆန် ဂရင်းဝုဒ်ကို ခပ်ကြမ်းကြမ်း ကစားခဲ့ပါသေးတယ်။ ပထမပိုင်း အတွင်းမှာတော့ 

နှစ်သင်းစလုံး ခပ်ကြမ်းကြမ်း ကစားခဲ့ပေမယ့် ဒုတိယပိုင်းမှာတော့ ငြိမ်သွားခဲ့ပါတယ်။


ကံမကောင်းတဲ့ ဘိုင်လီ

==============

အဲရစ်ဘိုင်လီက ကြံ့ခိုင်မှု ပြည့်ဝတဲ့ အခါတိုင်း မန်ယူအသင်းရဲ့ခံစစ်မှာ ခြေစွမ်း ပြတတ်သူပါ။  ဒါပေမယ့် ကံမကောင်းစွာနဲ့ပဲ အိုင်ဗရီကို့စ်သားဟာ ဒဏ်ရာပြဿနာတွေနဲ့သာ လုံးပန်း နေခဲ့ရပါတယ်။ ပြီးခဲ့တဲ့ရာသီက ဒဏ်ရာ ရရှိခဲ့တဲ့ ညာဘက်ဒူးကို ခွဲစိတ် ကုသမှုခံယူပြီး သက်သာလာရုံ ရှိပါသေးတယ်။

ဒုတိယပိုင်းမှာ စမောလင်း အစားဝင်ပြီး ၁၁ မိနစ်သာ ကစားခဲ့ရပါတယ်။ ဒီတစ်ခါလဲ ဘိုင်လီ ကံထပ် ဆိုးခဲ့ပြန်ပါတယ်။ ကွင်းလယ်ဒိုင်က ပွဲရပ်ဖို့ အချက်ပြထားပေမယ့် စပါး ကစားသမား ဆွန်ဟောင်မင်ရဲ့ဂိုးကန်သွင်းဖို့ ကြိုးစားမှုကို ကာကွယ်ရင်း ဟန်ချက်ပျက်ပြီး ဘယ်ဘက်ဒူး နာသွားခဲ့ပါတယ်။ ဘိုင်လီဟာ နာကျင်မှုကြောင့် မျက်နှာကို လက်နဲ့ အုပ်ထားခဲ့ပြီး

ကွင်းထဲကနေ ထမ်းစင်နဲ့ ထွက်သွားခဲ့ရပါတယ်။ သူ့နေရာမှာတော့ လူငယ် ကစားသမား တွမ်ဇီဘီကို အစားထိုး ခဲ့ရပါတယ်။ ယူနိုက်တက်ဟာ ခြေစမ်း ခရီးစဉ်မှာ ခံစစ်မှူး ၆ ဦးအထိ ခေါ်သွားခဲ့ပေမယ့် ခံစစ်မှူးသစ်တစ်ဦးကိုလဲ ရှာဖွေနေပါတယ်။ ရွေးချယ်သင့်တဲ့ ကစားသမားကတော့

ကြာသပတေးနေ့မှာ ပေါင် ၂၅ သန်းနဲ့ ခေါ်ယူခွင့် ကုန်ဆုံးတော့မယ့် စပါး ခံစစ်မှူး အယ်ဒါဝီရယ်ပါ။


ခြေစွမ်း တိုးတက်ဖို့ လိုသေးတဲ့ စပါး နာက်ခံအစွန်လူတွေ

============================


စပါးအသင်းဟာ ညာနောက်ခံအစွန်လူ ကီရင် ထရစ်ပီးယားကို အက်သလက်တီကို အသင်းဆီ ရောင်းချခဲ့ပြီး  ဒန်နီရို့စ်ကိုလဲ ခြေစမ်း ခရီးစဉ်ကနေ ချန်လှပ်ထားခဲ့ခြင်းရဲ့ ရလဒ်တွေကို

မန်ယူနဲ့ ခြေစမ်းပွဲမှာ အထင်အရှား မြင်တွေ့လိုက်ရပါတယ်။ ယူနိုက်တက်ရဲ့တောင်ပံ နှစ်ဖက်စလုံးကနေ တိုက်စစ်ဆင်မှုတွေကလဲ နိုင်ပွဲနဲ့ ထိုက်တန်ခဲ့ပါတယ်။

စပါးအသင်းဟာ ရာသီကြို ပြင်ဆင်မှုတွေကို ယူနိုက်တက်ထက် တစ်ပတ် နောက်ကျပြီးမှ စတင်ခဲ့တာ ဖြစ်ပါတယ်။ ပြိုင်ဘက်က ၃ ပွဲကစားပြီးချိန်မှာ စပါးက တစ်ပွဲသာ ကစားရပါသေးတယ်။

ဒါပေမယ့် စပါးအသင်းအနေနဲ့ အပြောင်းအရွှေ့ပိတ်သိမ်းမယ့် သြဂုတ်လ ၈ ရက်နေ့အထိ နောက်ခံအစွန်လူ တစ်ယောက်တောင် မခေါ်ရင်တော့ တော်တော်လေး အံ့သြဖို့ကောင်းမှာပါ။

ပထမပိုင်းမှာ ကိုင်လီ ဝေါ်ကာပီတာက ညာအစွန်လူ နေရာမှာ ပွဲထွက်လာပြီး ဒုတိယပိုင်းကိုတော့ ဂျူအန်ဖွိုက်က ကစားခဲ့ပါတယ်။

ဘယ်အစွန်မှာတော့ ပထမပိုင်းကို အန်တိုနီ ဂျော်ဂျီရူး ပွဲထွက်ခဲ့ပြီး ဒုတိယပိုင်း မိနစ် ၆၀ ကျော်မှာတော့ ဟာဗေးဝှိုက်နဲ့ အစားထိုးခဲ့ပါတယ်။

စပါးအသင်းဟာ မန်ယူအသင်းရဲ့ပထမဆုံး ပေးဂိုးကို သွင်းနိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒီဂိုးကို လူးကပ်စ်မော်ရာက ကန်သွင်းပေးခဲ့ပြီး ဘောလုံးက နောက်ခံလူ လုခ်ရှောနဲ့ ထိပြီး ဂိုးသမား ရိုမီယိုရဲ့ဆန့်ကျင်ဖက်ကို ၀င်သွားခဲ့တာ ဖြစ်ပါတယ်။

#စပါး #မနျခကျြစတာယူနိုကျတကျ #ရာသီကြိုခြေစမ်းပွဲ