ရှေ့သို့
Image

အသက် ၃၅ နှစ်အရွယ်မှာ ဘောလုံးလောကမှ ဒါရင်းဘန့် အနားယူ

4:12 PM, 26 July

အင်္ဂလန် တိုက်စစ်မှူးဟောင်း ဒါရင်းဘန့်က အသက် ၃၅ နှစ်အရွယ်မှာ ဘောလုံးလောကမှ အနားယူကြောင်း ကြေညာခဲ့ပါတယ်။ ၂၁၁၇-၁၈ ရာသီကုန်မှာ ဒါဘီအသင်းကနေ ထွက်ခွာလာခဲ့တဲ့ ဒါရင်းဘန့်ဟာ ကစားသမားဘ၀က အနားယူပြီ ဖြစ်ကြောင်းကို talk sport နဲ့ အင်တာဗျူးမှာ ပြောကြားခဲ့ပါတယ်။

ဒါရင်းဘန့်ဟာ အင်္ဂလန်အသင်းမှာ ၁၃ ပွဲ ပွဲထွက် ကစားခဲ့ပြီး ၄ ဂိုး သွင်းယူခဲ့သလို ပရီးမီးယားလိဂ်မှာ ၂၇၆ ပွဲအထိ ကစားခဲ့ပြီး ၁၀၆ ဂိုးအထိ သွင်းယူ နိုင်ခဲ့ပါတယ်။ ချာလ်တန်၊ စပါး၊ ဆန်းဒါးလန်းနဲ့ ဗီလာတို့မှာ ကျင်လည်ခဲ့တဲ့ ဘန့်ဟာ ဒါဘီအသင်းမှာတော့ နောက်ဆုံးအနေနဲ့ ကစားခဲ့ပါတယ်။

ဘန့်ကို ပရိသတ်တွေ အမှတ်ရစေမယ့် အခိုက်အတန့်ကတော့ ဆန်းဒါးလန်း အသင်းမှာ ကစားနေတဲ့ ၂၀၀၈ ခုနှစ်မှာ လီဗာပူးအသင်းဘက်ကို ဘန့် ကန်သွင်းလိုက်တဲ့ ဘောလုံးဟာ ကွင်းထဲကို ရောက်ရှိနေတဲ့ ပူဖောင်းကို ထိမိပြီး လမ်းကြောင်း ပြောင်းသွားခဲ့တာကြောင့် ဂိုးသမား ရီနာ ကာကွယ်နိုင်ခြင်း မရှိခဲ့ပဲ ဂိုးပေးခဲ့ရတာ ဖြစ်ပါတယ်။

#စပါး #ဒါဘီ