ရှေ့သို့
Image

စပါး၊ မန်ယူ၊ ဂျူဗင်တပ်စ် တို့ရဲ့ စိတ်ဝင်စားဖွယ် ၃ ပွင့်ဆိုင် အပြောင်းအရွှေ့

3:47 PM, 26 July

ယခုနှစ် နွေရာသီကတော့ ကြီးမားတဲ့ အပြောင်းအရွှေ့တွေနဲ့ ပြည့်နှက်နေခဲ့ပါတယ်။ ချဲလ်ဆီး စတား ဟာဇက်ဟာ ရီးရဲလ်မက်ဒရစ်ကို များပြားလှတဲ့ ငွေကြေး ပမာဏနဲ့ ပြောင်းရွှေ့သွားခဲ့သလို ယခု အချိန်မှာလည်း စပါးအသင်းက ဂျုဗင်တပ်စ် တိုက်စစ်မှူး ဒိုင်ဘားလားကို ခေါ်ယူမယ်ဆိုတဲ့ သတင်းတွေ ပေါ်ထွက်လာခဲ့ပါတယ်။

စပါးအသင်းဟာ အဆိုပါ အပြောင်းအရွှေ့ကို အလျင်အမြန် ပြုလုပ်ရဖို့ ရှိနေပါတယ်။ အကြောင်းကတော့ အခြားအသင်းတွေဟာ စပါးနဲ့ ဒိုင်ဘားလားတို့ရဲ့ အပြောင်းအရွှေ့တွေကို စောင့်ကြည့်နေကြလို့ပဲ ဖြစ်ပါတယ်။ စပါးနဲ့ ဒိုင်ဘားလားတို့ရဲ့ အခြေအနေကတော့ ရှင်းလင်းပါတယ်။

စပါးအသင်းက ဒိုင်ဘားလားကို ပေါင်သန်း ၈၀ နဲ့ ခေါ်ယူဖို့ ချိတ်ဆက်မှုတွေ ပြုလုပ်နေပါတယ်။ ဂျူဗင်တပ်စ် အသင်းဟာလည်း ဒိုင်ဘားလားကို ရောင်းချဖို့ အသင့်ရှိနေပါတယ်။ ဒိုင်ဘားလားဟာ ရော်နယ်ဒို ရောက်ရှိလာခဲ့ပြီးနောက် အသင်းမှာ နေရာရဖို့ ရုန်းကန်နေခဲ့ရတာ ဖြစ်ပါတယ်။

ဒိုင်ဘားလားဟာ ယမန်နှစ် ရာသီက ၁၀ ဂိုးသာ သွင်းယူခဲ့ပြီး နည်းပြ ဆာရီရဲ့ လက်အောက်မှာ အရေးပါတဲ့ ကစားသမားအဖြစ် သတ်မှတ်ခံရခြင်း မရှိတော့ပါဘူး။ ဒီထက် အရေးကြီးတာကတော့ ဒီလစ်ခ်ျ ရောက်ရှိလာတာကြောင့် ဂျူဗင်တပ်စ်အသင်းက အသင်းရဲ့ လူစာရင်းကို လျော့ချဖို့ လိုအပ်လာခဲ့တာပဲ ဖြစ်ပါတယ်။

ပေါ့ဂ်ဘာကလည်း ယူနိုက်တက်က ထွက်ခွာချင်တယ်လို့ ထုတ်ဖော်ထားခဲ့ပြီး တူရင်ကိုလည်း ပြန်လာဖို့ စိတ်အား ထက်သန်နေပါတယ်။  ယူနိုက်တက်ကတော့ ပေါ့ဂ်ဘာကို ရောင်းချလိုခြင်း မရှိပဲ ပေါင် သန်း ၁၈၀ အထိ ဈေး သတ်မှတ်ထားခဲ့ပါတယ်။

ဒိုင်ဘားလားကို ရောင်းချရခြင်းက ဂျူဗင်တပ်စ် ပေါ့ဂ်ဘာကို ခေါ်ယူနိုင်ဖို့ အခွင့်အလမ်းကောင်းတွေ ပိုင်ဆိုင်သွားစေပါတယ်။ ပေါ့ဂ်ဘာကို ရောင်းချလိုက်ရင်လည်း ယူနိုက်တက်မှာ အစာထိုးဖို့ ကစားသမား လိုအပ်သွားမှာ ဖြစ်ပါတယ်။

ဒါကြောင့် စပါး ကွင်းလယ်လူ အဲရစ်ဆင်ဘက်ကို လှည့်လာပါလိမ့်မယ်။ အဲရစ်ဆင်ကလည်း စပါးအနေ ထွက်ခွာချင်တယ်လို့ အတိအလင်း ၀န်ခံထားပြီး လာမယ့် ရာသီမှာလည်း စာချုပ်သက်တမ်း ကုန်ဆုံးတော့မှာ ဖြစ်ပါတယ်။

အဲရစ်ဆင်ကို ခေါ်ယူမယ့် အသင်းကတော့ ယူနိုက်တက်ပဲ ဖြစ်ပြီး ပေါ့ဂ်ဘာကို အစားထိုးမယ့် ကစားသမားအဖြစ် ပစ်မှတ်ထားနေတာ ဖြစ်ပါတယ်။ အဲရစ်ဆင်ရဲ့ အနာဂတ်ဟာ အဆိုပါ သုံးပွင့်ဆိုင် အပြောင်းအရွှေ့မှာ မူတည်နေပါတယ်။

စပါးအသင်းကတော့ အဲရစ်ဆင်အတွက် ပေါင် သန်း ၇၀ လောက် ရရှိရင် ရောင်းချသွားဖို့ ရှိနေပါတယ်။ ယခုအချိန်မှာတော့ ထင်မြင် ယူဆချက်တွေသာ ဖြစ်နေပေမယ့် နွေရာသီမှာ ဖြစ်ပေါ်လာနိုင်တဲ့ စိတ်ဝင်စားစရာ အပြောင်းအရွှေ့အဖြစ် တင်ပြလိုက်ရပါတယ်။

#စပါး #မနျခကျြစတာယူနိုကျတကျ #အဲရစ်ဆင်