ရှေ့သို့
Image

နောက်ခံလူ ကိုလာစီနက်စ်ကို အသင်းခေါင်းဆောင် ပေးသင့်တယ်လို့ အာဆင်နယ် ပရိသတ်တွေ ထောက်ခံ

3:33 PM, 26 July

အာဆင်နယ်အသင်း ပရိသတ်တွေကတော့ နောက်ခံလူ ကိုလာစီနက်စ်ဟာ လာမယ့်ရာသီသစ် အာဆင်နယ်အသင်းခေါင်းဆောင် လက်ပတ်နဲ့ ထိုက်တန်တယ်လို့ ပြောကြားခဲ့ပါတယ်။

အသက် ၂၆ နှစ်အရွယ် ကစားသမားဟာ ပြီးခဲ့တဲ့ အပတ်ကမှ အမေရိက ခြေစမ်းပွဲကနေ ပြန်လည် ရောက်ရှိလာခဲ့တာ ဖြစ်ကာ ကြာသပတေးနေ့က လန်ဒန်တိုက်ခိုက်မှုမှာ ပါဝင်ခဲ့တာ ဖြစ်ပါတယ်။

နောက်ခံလူ ကိုလာစီနက်စ်ဟာ ကွင်းလယ် ကစားသမား အိုဇေးလ်ရဲ့မာစီးဒီးကားကို လုယက်ဖို့ ကြိုးစားတဲ့ အကြမ်းဖက် ၂ ဦးကို တုံ့ပြန် တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

ဗီဒီယိုမှာ ကိုလာစီနက်စ်ဟာ ကားကို လုယက်ကို ကြိုးစားတဲ့ ဓားကိုင်ထားတဲ့ အကြမ်းဖက် ၂ ဦးကို ပြန်လည် တိုက်ခိုက်ခဲ့တာကို မြင်တွေ့ခဲ့ရပါတယ်။

အဆိုပါဖြစ်ရပ် အပြီးမှာတော့ အာဆင်နယ်အသင်း ပရိသတ်တွေဟာ နောက်ခံလူ ကိုလာစီနက်စ်ကို အာဆင်နယ် အသင်းခေါင်းဆောင် လက်ပတ်နဲ့ ထိုက်တန်တယ်လို့ ထောက်ခံ ပြောကြားခဲ့ကြတာ ဖြစ်ပါတယ်။

#ကိုလာစီနက်စ်