ရှေ့သို့
Image

စံချိန်တင် ပြောင်းရွှေ့ကြေးကို ဂရုမစိုက်ပဲ အသင်းအောင်မြင်မှုရယူဖို့သာ စိတ်ထဲရှိကြောင်း ဂျာအို ဖီးလစ်ဖွင့်ဟ

3:25 PM, 26 July

အက်သလက်တီကို မက်ဒရစ်အသင်း တိုက်စစ်မှူး အသစ် ဂျာအိုဖီးလစ်ကတော့ စံချိန်တင် ပြောင်းရွှေ့ကြေး တစ်ရပ်ကို ရောက်ရှိလာတာကိုစိတ်ထဲမရှိကြောင်း ဖွင့်ဟပြောကြားလိုက်ပါတယ်။

အသက် ၁၉ နှစ်အရွယ် ကစားသမားဟာ အခု နွေရာသီ အပြောင်းအရွှေ့ကာလမှာ ဘင်ဖီကာ အသင်းကနေ အက်သလက်တီကိုမက်ဒရစ် အသင်းကို စံချိန်တင် ပြောင်းရွှေ့ကြေးတစ်ရပ်နဲ့ ပြောင်းရွှေ့လာခဲ့တာ ဖြစ်ပါတယ်။

“ကျွန်တော် အက်သလက်တီကို မက်ဒရစ်အသင်းနဲ့ အောင်မြင်မှုတွေ ရယူနိုင်ဖို့ပဲ စိတ်ထဲ ရှိပါတယ်။ ပြောင်းရွှေ့ကြေး ဘယ်လောက်များများ ကျွန်တော့် အလုပ် မဟုတ်ပါဘူး။ စိတ်လည်း မ၀င်စားပါဘူး။ ကျွန်တော့်ကတော့ ကိုယ့်အလုပ်ကိုယ် အကောင်းဆုံး လုပ်သွားမှာပါ”လို့ ဘီအာသတင်းဌာနကို ပြောပါတယ်။

တိုက်စစ်မှူး ဖီးလစ်ဟာ စနေနေ့က ကစားခဲ့တဲ့ ရီးရဲလ်မက်ဒရစ် အသင်းနဲ့ ကစားမယ့်ပွဲမှာ အသင်းအတွက် ပါဝင် ပွဲထွက်ခွင့်ရဖွယ် ရှိနေပါတယ်။

#လာလီဂါ #ဂျာအိုဖီးလစ်