ရှေ့သို့
Image

လန်ဒန်မှာ လူရမ်းကားတစ်ချို့ ရဲ့ တိုက်ခိုက်မှုနဲ့  ရင်ဆိုင်တွေ့ ခဲ့ရတဲ့ အိုဇေးနဲ့ ကိုလာဆီနစ်

8:16 AM, 26 July

အာဆင်နယ် ကစားသမားတွေ ဖြစ်တဲ့ အိုဇေးနဲ့ ကိုလာဆီနစ်တို့ နှစ်ဦးဟာ လန်ဒန်မှာ ဓားကိုင်ထားတဲ့ လူရမ်းကားတွေရဲ့  တိုက်ခိုက်ခြင်းကို ခံခဲ့ရကြောင်း သိရှိရပါတယ်။

ဂျာမနီ ကမ္ဘာဖလား ဆုရှင် အိုဇေးဟာ ဂိုးဒါး ဂရင်းလမ်းမှာ သူရဲ့ အနက်ရောင် G- Class မာစီးဒီးကားနဲ့  ရှိနေခဲ့တာ ဖြစ်ပါတယ်။

အဲဒီနောက်မှာတော့ ဆိုက်ကယ်စီးလာတဲ့ လူရမ်းကားတစ်ချိုံဟာ အိုဇေးကား အနီးနားသို့  ပစ္စည်းခိုးယူဖို့  ချဉ်းကပ် လာတယ်လို့ ယူဆရပြီး ကိုလာဆီနစ်ဟာ ထိုအဖြစ်အပျက်ကို သိတာနဲ့   ချဉ်းကပ် လာသူတွေကို  သူရဲ့ သန်မာတဲ့ လက်နဲ့  ပြန်လည် တိုက်ခိုက် ခဲ့ပါတယ်။

အဲဒီနောက်မှာတော့ အိုဇေးဟာ ကားထဲက နေ ပြေးထွက်ပြီး အနီးရှိ တူရကီစားသောက်ဆိုင်ထဲသို့  ပြေးဝင် အကူအညီ တောင်းပါတယ်။

ဆိုင်ထဲက ၀န်ထမ်းတွေ ကလည်း ချက်ချင်း ပြေးထွက်လာခဲ့ပြီး တိုက်ခိုက်သူတွေကို ရှာဖွေခဲ့ပေမယ့် လူရမ်းကားတွေကို အရိပ်အယောင် မတွေ့ ခဲ့ရတာ ဖြစ်ပါတယ်။

မတော်တဆ ဖြစ်ရပ်အပြီး မကြာခင်မှာပဲ ရဲတပ်ဖွဲ့ ရောက်လာခဲ့ပြီး ဂန်းနား ကွင်းလယ်ဖန်တီးရှင် အိုဇေးကို ဘေးနားက ရပ်ကြည့်နေသူတွေ ကြားမှာပဲ ဖြစ်စဉ်ကို စုံစမ်း မေးမြန်းနေခဲ့တာပါ။

စားသောက်ဆိုင်ကို လာရောက်တဲ့ အသက်  ၃၆နှစ်အရွယ် အဇူကာ အလီတက်က ကြောက်ဖို့ ကောင်းတဲ့ ဖြစ်ရပ်လို့ ဆိုသွားပါတယ်။
“ ဒါက အရမ်းကို ရူးမိုက်ရာကျပြီး ထူးဆန်းပါတယ် သူကားက လမ်းရဲ့ အလယ်ခေါင်မှာ ရှိနေပြီး ကားတံခါးကလည်း ပွင့်နေတယ် ဒါက သူခိုးတွေအတွက် အခွင့်ကောင်းလိုပဲ

အိုဇေးက တခြားသူတွေလိုပဲ သူ့ ကို ဓားနဲ့ ရန်ပြုမယ့် အခြေအနေကြောင့် ထိတ်လန့် နေတာ တွေ့ ရတယ် သူပုံစံက သူအသက်အတွက် ထွက်ပြေး ရမယ့်လို့ ယူဆရပုံပါ။

မော်တော်ဆိုက်ကယ်နဲ့ လူမိုက်တွေက သူနောက်လိုက်ချိန် အိုဇေးက စားသောက်ဆိုင်ထဲ ပျောက်ကွယ်သွားတာ ကျွန်တော်တွေ့ လိုက်တယ်  ဆိုင်ကယ်သမားတွေက သူတို့ ခေါင်းဆောင်းတောင် မချွတ်ကြဘူး အားလုံးက ကုဒ်အကျီ လက်ရှည်တွေနဲ့  ပူပြင်းတဲ့ရာသီမှာ အနက်ရောင် ၀တ်စုံတွေ ၀တ်ထားတယ်

သူတို့ ကို ဖမ်းမိမှသာ ဘာဖြစ်တာလဲ သိရမှာပါ ကျွန်တော်တွေ့ လိုက်တုန်းက အိုဇေးတော့ ဒုက္ခရောက်ပြီလို့ ထင်ခဲ့တာပါ သူလည်း အဲဒီလို တွေးနေမယ်လို့ ထင်ပါတယ်”

ဟု ပြောကြားသွားပါတယ်။
ထိုအဖြစ်အပျက်ကို တွေ့ လိုက်သူတစ်ဦးကလည်း

“ စားသောက်ဆိုင် ထဲကနေ ၀န်ထမ်းတွေ ထွက်လာချင်းချင်းပဲ လူမိုက်တွေက လှည့်ပြန်ပြီး ထွက်ပြေးသွားတာပါ။ သိပ်မကြာဘူး ရဲတွေ ရောက်လာတော့ အဲဒီလမ်းကို ပိတ်ထား လိုက်ကြတယ်
ဒါက တကယ့်ကို သာမန်နဲ့ မတူဘူး ထူးဆန်းပါတယ် ဒီလို အဖြစ်အပျက်မျိုးကို ဘယ်အချိန်မှာ ဖြစ်မယ်လို့  သင်ခန့် မှန်းလို့ မရနိုင်ဘူး အထူးသဖြင့် ဒီလို နေ့ခင်း ကြောင်တောင်ကြီးမှာပေါ့”


ဟု ပြောကြားသွားခဲ့ပါတယ်။
စားသောက်ဆိုင် မန်နေဂျာကိုယ်တိုင် ကလည်း အဖြစ်အပျက်ဟာ တုန်လှုပ် ခြောက်ခြားဖွယ် ကောင်းကြောင်း ဖွင့်ဟ သွားပါတယ်။


#ကိုလာစီနက်စ်