ရှေ့သို့
Image

အပြောင်းအရွှေ့မှာ အသုံးချခံဖြစ်မှာကို စိုးရိမ်နေတဲ့ မန်ယူ

3:57 PM, 25 July

မန်ယူအသင်းဟာ အခုအပြောင်းအရွှေ့မှာ ပီပီ နဲ့  ဖာနန်ဒက်စ်တို့ကိုခေါ်ယူချင်နေတယ်လို့ သတင်းတွေ ထွက်ပေါ်နေပေမယ့် အသင်း တာဝန်ရှိသူတွေကတော့ အသုံးချခံသဘောမျိုးဖြစ်မှာကို စိုးရိမ်နေကြပါတယ်။

ပြီးခဲ့တဲ့ရက်သတ္တပတ်တော်တော်များများကတော့ ယူနိုက်တက်ဟာ လိုင်လီတောင်ပံကစားသမား ပီပီနဲ့ စပို့တင်းကစားသမား ဖာနန်ဒက်စ်တို့ကိုခေါ်ယူဖို့ချိတ်ဆက်ခဲ့တယ်လို့သတင်းတွေက ဖော်ပြခဲ့ကြပါတယ်။

၂သင်းစလုံးဟာ ကစားသမားအတွက် ပေါင် ၇၀သန်းအထိတန်ကြေးတစ်ရပ်သတ်မှတ်ခဲ့ပေမယ့်လည်း ယူနိုက်တက်အသင်း တာဝန်ရှိသူတွေက စိတ်ဝင်စားခြင်းမရှိတာဖြစ်ပါတယ်။

ယူနိုက်တက်အသင်းတာဝန်ရှိသူတွေကတော့ ကစားသမားရဲ့အေးဂျင့်တွေဟာ မန်ယူအသင်းက ခေါ်ယူချင်နေတယ်ဆိုတဲ့အချက်ကိုအသုံးချပြီး တန်ကြေးမြှင့်တင်ဖို့ကြိုးစားမှာကို စိုးရိမ်နေပါတယ်။

လိုင်လီတောင်ပံကစားသမား ပီပီကို လီဗာပူးအသင်းကခေါ်ယူဖို့ချိတ်ဆက်ခဲ့သလို မန်ယူ၊ အာဆင်နယ်၊ အဲဗာတန် အသင်းတို့ကလည်းခေါ်ယူဖို့ချိတ်ဆက်ခဲ့သေးတယ်လို့ ပြင်သစ်သတင်းဌာနတွေက ဖော်ပြခဲ့ကြသေးတာဖြစ်ပါတယ်။

စပို့တင်းကွင်းလယ်ကစားသမား ဖာနန်ဒက်စ်ကိုတော့ ယူနိုက်တက်အသင်းက ခေါ်ယူဖို့ချိတ်ဆက်နေတယ်လို့ ပေါ်တူဂီသတင်းဌာနတွေက ဖော်ပြနေကြပါတယ်။

ဒါပေမယ့်လည်းယူနိုက်တက်နည်းပြ ဆိုးလ်ရှားဟာ အဆိုပါပေါ်တူဂီသားအစား နယူးကာဆယ်ကစားသမား လောင်းစတပ်ဖ် ကိုခေါ်ယူဖို့စိတ်ဝင်စားနေပါတယ်။

မန်ယူအသင်းဟာ နောက်တန်းနေရာမှာလည်း လက်စတာနောက်ခံလူ မက်ဂွါရီကိုခေါ်ယူဖို့ချိတ်ဆက်နေပြီး ပထမ ၂ကြိမ်ကမ်းလှမ်းမှုကိုတော့ ပယ်ချထားကာ ပေါင် ၈၀ နဲ့ ၉၀သန်းကြား အလိုရှိနေတာဖြစ်ပါတယ်။

လက်စတာအသင်းနည်းပြ ဘရန်ဒန်ရော်ဂျာကလည်း မန်ယူအသင်းဟာ ကလပ်အသင်းအလိုရှိနေတဲ့ တန်ကြေးနဲ့ နီးစပ်မှုမရှိသေးဘူးလို့ ပြောကြားခဲ့ပါတယ်။

#မနျခကျြစတာယူနိုကျတကျ #ပီပီ #ဆိုးလ်ရှား #ဖာနန်ဒက်စ်