ရှေ့သို့
Image

မန်ချက်စတာယူနိုက်ကိုရောက်ဖို့ အလာအလာမရှိတဲ့ ဘရူနိုဖာနန်ဒက်စ်

3:53 PM, 25 July

Sky Sports News သတင်းမှာတော့ ဘရူနိုဖာနန်ဒက်ဟာယူနိုက်တက်ကို ရောက်နိုင်ချေနည်းသွားပြီလို့ ဆိုပါတယ်။

ယူနိုက်တက်ဟာ ကစားသမားသစ်ခေါ်ယူမှုတွေထပ်မလုပ်ခင် အသင်းကဘယ်ကစားသမားတွေကို ထွက်ခွင့်ပေးမလဲဆိုတာအရင်ဆုံးဖြတ်ချက်ချဖို့လိုပါတယ်။

ဒါပေမယ့် အများစုကတော့ ဒီပေါ်တူဂီလက်ရွေးစင်ဟာ ယူနိုက်တက်ကိုရောက်နိုင်ခြေနည်းတယ်လို့ ယူဆနေကြပါတယ်။

ဖာနန်ဒက်စ်က ယူနိုက်တက်ရဲ့အလိုရှိစာရင်းမှာ ထိပ်ဆုံးက မပါဝင်ပေမယ့် ဒီနွေရာသီမှာ ကွင်းလယ်လူတစ်ဦး ခံစစ်နဲ့တောင်ပံကစားသမားတွေတော့ထပ်ခေါ်နိုင်ခြေရှိပါသေးတယ်။

စပို့တင်းနည်းပြ မာဆယ်ကိုင်ဇာက၂၄ နှစ်သား ကစားသမားဟာ အသင်းမှာ ဆက်ရှိမရှိမသေချာပါဘူးလို့ ၀န်ခံသွားခဲ့ပါတယ်။

လီဗာပူးနဲ့သရေကျခဲ့တဲ့ပွဲစဉ်မှာတော့ မာဆယ်ကိုင်ဇာက "ဘရူနိုကအရမ်းကောင်းတဲ့ ကစားသမားဖြစ်ပြီးတော့ ကျွန်တော်တို့ အတွက် လိုအပ်တဲ့ ကစားသမားလဲဖြစ်ပါတယ်။ အားလုံးကတော့ သူ့ကိုအသင်းမှာ နေစေချင်ကြတာပေါ့။ ဒါပေမယ့် ဘာတွေဖြစ်လာမလဲ ကျွန်တော်တို့လဲ မသိနိုင်ဘူးလေ။ သူအခုဒီမှာ ရှိနေပေမယ့် အနာဂတ်မှာဘာတွေဖြစ်လာမလဲ မသိနိုင်ဘူး။ အဲ့ဒါကြောင့် စောင့်ကြည့်ဖို့လိုပါတယ်။ သူ့ကိုသဘောကျတဲ့ အသင်းတွေကလဲများတော့ စောင့်ကြည့်ဖို့လိုနေတာပါ"

လီဗာပူးနည်းပြဂျာဂန်ကလော့ပ်ကလဲ ဖာနန်ဒက်စ်ကို ယူနိုက်တက်ဆီမရောက်စေချင်ဘူးလို့ပြောပါတယ်။

ကလော့ပ်က "ဘရူနိုဖာနန်ဒက်စ်က ယူနိုက်တက်ကိုပြောင်းမှာလား။ သူကတော်တော်ကောင်းတဲ့ ကစားသမားဗျ။ ယူနိုက်တက်မှာ ကစားသမားကောင်းတွေရှိနှင့်ပြီးသားပါ။ သူသာပြောင်းသွားရင် ယူနိုက်တက်ကပိုပြီးအင်အားတောင့်တင်းသွားမှာ ဒါမျိုးတော့ဖြစ်လို့မဖြစ်ဘူး။ အမှန်အတိုင်းပြောရရင် သူ့ကိုယူနိုက်တက်ကို မရောက်စေချင်ဘူး" လို့ ကလော့ကပြောခဲ့ပါတယ်။

#မနျခကျြစတာယူနိုကျတကျ #ဘရူနိုဖာနန်ဒတ်စ်