ရှေ့သို့
Image

ချန်ပီယံလိဂ်ဖလားအတူတူကိုင်မြှောက်မယ့် အစီအစဉ်ကို မီလ်နာ ပယ်ချခဲ့တယ်လို့ ဟန်ဒါဆန် ဖွင့်ဟ

1:39 PM, 25 July

လီဗာပူးအသင်းခေါင်းဆောင် ဟန်ဒါဆန်ကတော့  မီလ်နာဟာ သူနဲ့အတူ ချန်ပီယံလိဂ်ဖလားကိုင်မြှောက်မယ့် အစီအစဉ်ကိုငြင်းဆန်ခဲ့တယ်လို့ ၀န်ခံပြောကြားလိုက်ပါတယ်။

လီဗာပူးအသင်းဟာ ပြီးခဲ့တဲ့ရာသီချန်ပီယံလိဂ်ပွဲစဉ်မှာတော့ စပါးအသင်းကို ၂-၀ဂိုးနဲ့ အနိုင်ရရှိပြီး ချန်ပီယံလိဂ်ဆုဖလားကို ကိုင်မြှောက်နိုင်ခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့် အသက် ၂၉နှစ်သားကတော့ ဒုတိယအသင်းခေါင်းဆောင် မီလ်နာဟာ နည်းပြ ကလော့နဲ့အတူ ဆုဖလားကိုင်မြှောက်ဖို့ငြင်းဆန်ခဲ့တယ်လို့ဆိုခဲ့ပါတယ်။

ဒေးလီးစ် တယ်လီဂရက်သတင်းဌာနကတော့ မီလ်နာဟာ အသင်းခေါင်းဆောင် ဟန်ဒါဆန်ကိုသာ ဦးစားပေးခဲ့တာဖြစ်တယ်လို့ ဖော်ပြခဲ့ပါတယ်။

“ကျွန်တော်က ဆုဖလားကိုင်မြှောက်ချင်ပါတယ်။ဒါပေမယ့် ဟန်ဒါက အသင်းခေါင်းဆောင်ဆိုတော့ သူ့ကိုအရင်ပေးကိုင်လိုက်တာပါ”လို့ မန်စီးတီးကစားသမားဟောင်းကပြောပါတယ်။

သို့သော်လည်း ဟန်ဒါဆန်ကတော့ ၃ယောက်သားအတူတူ ကိုင်မြှောက်ချင်တာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

“အရိုးသားဆုံး ၀န်ခံရရင် ကျွန်တော်ရယ်၊ မီလ်နာရယ် ကလော့ရယ် ၃ယောက်သား ဆုဖလားကိုင်မြှောက်ချင်တာပါ။ မီလ်နာဆိုရင်လည်း ဆုဖလားရရှိဖို့အတွက် အဓိကနေရာကနေ စွမ်းဆောင်ပေးနိုင်တဲ့ကစားသမားတစ်ဦးပါ။ အ၀တ်လဲခန်းထဲမှာဆိုရင်လည်းအတူတူပါပဲ။ တကယ်ပါ ဆုဖလားကို ကျွန်တော်တို့ ၃ယောက်သား အတူတူကိုင်မြှောက်ချင်တာပါ”လို့ ဟန်ဒါဆန်ကပြောကြားခဲ့ပါတယ်။
လက်ရှိအချိန်မှာတော့ ကွင်းလယ်ကစားသမား ဟန်ဒါဆန်နဲ့ မီလ်နာတို့ဟာ အမေရိကခြေစမ်းပွဲအတွက် လေ့ကျင့်နေကြပြီး မနက်ဖြန်မှာတော့ စပို့တင်းအသင်းနဲ့ရင်ဆိုင်ကစားရမှာ ဖြစ်ပါတယ်။

#လီဗာပူး #မီနာ #ဟန်ဒါဆန်