ရှေ့သို့
Image

၂ ပွဲဆက် အနိုင်နဲ့ iCC ချန်ပီယံဖြစ်ဖို့ ဘင်ဖီကာ အခြေအနေ ကောင်းနေ

11:31 AM, 25 July

ယမန်နေ့က ကစားခဲ့တဲ့ ICC ဖလား ပွဲစဉ်မှာ ဘင်ဖီကာ အသင်းက ဖီအိုရင်တီးနား အသင်းကို ၂-၁ ဖြင့် အနိုင် ရရှိသွားခဲ့ပါတယ်။ ယခု နိုင်ပွဲကြောင့် ဘင်ဖီကာ အသင်းဟာ နောက်တစ်ပွဲ အနိုင်ရရှိခဲ့ရင် ဗိုလ်စွဲဖို့အတွက် အခြေအနေကောင်းတွေ ပိုင်ဆိုင်သွားတော့မှာ ဖြစ်ပါတယ်။

ပွဲအစ ၉ မိနစ်မှာပဲ ဆီဖာရိုဗစ်က ပင်နယ်တီကနေ ဘင်ဖီကာ အသင်းအတွက် ဦးဆောင်ဂိုး သွင်းယူ သွားခဲ့ပါတယ်။ ၂၉ မိနစ်မှာတော့ ဗလာဟိုဗစ်က ဖီအိုရင်တီးနား အသင်းအတွက် ချေပဂိုး ပြန်လည် သွင်းယူ ပေးခဲ့ပါတယ်။

ပွဲပြီးခါနီးမှာတော့ ဘင်ဖီကာ အသင်းအတွက် အဖိုးတန် အနိုင်ဂိုးကို ကိုင်အိုက သွင်းယူပေးခဲ့လို့ ပွဲချိန် မိနစ် ၉၀ အတွင်းမှာ ဘင်ဖီကာတို့ နိုင်ပွဲ ဖန်တီးနိုင်ခဲ့ပါတယ်။ လက်ရှိမှာတော့ Icc ဖလား အမှတ်ပေးဇယားရဲ့ ထိပ်ဆုံးနေရာကို အာဆင်နယ် အသင်းက ၃ ပွဲကစား ၇ မှတ်ရရှိကာ ဦးဆောင်လျက် ရှိပါတယ်။

#အင်တာနေရှင်နယ်ချန်ပီယံဖလား