ရှေ့သို့
Image

ဘရူနို ဖာနန်ဒက်စ်ရဲ့ အနာဂတ်အပေါ် နည်းပြဖြစ်သူရဲ့ ပြောစကား

11:14 AM, 25 July

စပို့တင်း လစ္စဘွန်းနည်းပြ ကီဇာက ကွင်းလယ်လူ ဘရူဒို ဖာနန်ဒက်စ်ဟာ နွေရာသီမှာ အသင်းက ထွက်ခွာသွားနိုင်တယ်လို့ ပြောကြားသွားခဲ့ပါတယ်။ မန်ယူအသင်းဟာ ဖာနန်ဒက်စ်ကို ခေါ်ယူဖို့ ကြိုးပမ်းနေပြီး လာမယ့် ရာသီအတွက် ပြင်ဆင်မှုတွေ ပြုလုပ်ဖို့ မျှော်လင့်နေပါတယ်။

ဖာနန်ဒက်စ်ဟာ လီဗာပူးအသင်းနဲ့ ပွဲစဉ်မှာ အဖွင့်ဂိုးကို သွင်းယူခဲ့ပြီး ဖန်တီးမှု တစ်ကြိမ်လည်း ပြုလုပ်ပေးခဲ့ပါတယ်။ ကီဇာက "ဘရူနိုက အသင်းအတွက် အရေးကြီးတဲ့ ကစားသမားကောင်း တစ်ယောက်ပါ။ အားလုံးက သူ့ကို အသင်းမှာ ဆက်နေစေချင်ပေမယ့် အနာဂတ်မှာ  ဘာဖြစ်လာမလဲဆိုတာ ဆက်လက် စောင့်ကြည့် သွားရပါမယ်"လို့ ပြောခဲ့ပါတယ်။

စပို့တင်း ဥက္ကဌ ဖက်ဒရီကို ဗာရန်ဒက်စ်က ဖာနန်ဒက်စ်ကို ပေါင် ၅၆ သန်း ရရှိမှ ရောင်းချမယ်လို့ ပြောကြားထားခဲ့ပါတယ်။ မန်ယူအသင်းနဲ့ သတင်းတွေအကြောင်း မေးမြန်းရာမှာတော့ ကီဇာက ဖာနန်ဒက်စ် အသင်းမှာ ဆက်ရှိမလားဆိုတာ မသေချာဘူးလို့ ပြောကြားသွားခဲ့ပါတယ်။

"ကျွန်တော်က နည်းပြ တစ်ယောက်ပါ။ ခင်ဗျားတို့ မေးတာ လူမှားနေပါတယ်။ သူ အကောင်းဆုံး ကစားနိုင်ပြီး အခြားအသင်းတွေက စိတ်ဝင်စားနေတယ် ဆိုတာ သိပါတယ်။ ဘာတွေ ဖြစ်လာမလဲ စောင့်ကြည့်ရမှာပါ။ ဒါက နည်းပြတစ်ယောက်ရဲ့ အလုပ်ပါပဲ"လို့ ပြောခဲ့ပါတယ်။

ဖာနန်ဒက်စ်ဟာ ပွဲကြီးတွေမှာ ခြေစွမ်း ပြနိုင်ကြောင်းကို လီဗာပူးနဲ့ ပွဲစဉ် ပွဲအစ ၄ မိနစ်မှာပဲ အဝေးကန်ချက်နဲ့ အဖွင့်ဂိုး သွင်းယူ သွားခဲ့ပါတယ်။ အလားတူ ၅၃ မိနစ်မှာ ၀န်ဒယ်ရဲ့ ဂိုးကိုလည်း ဖန်တီးပေးသွားခဲ့ပါတယ်။

#မနျခကျြစတာယူနိုကျတကျ #စပို့တင်း #ဘရူနိုဖာနန်ဒတ်စ်