ရှေ့သို့
Image

ဆီဘယ်လော့စ်နဲ့ ဆာလီဘာတို့ရဲ့အပြောင်းအရွှေ့ကို ကြာသပတေးနေ့မှာ ကြေညာသွားဖို့ မျှော်လင့်နေတဲ့ အာဆင်နယ်

10:45 AM, 25 July

အသင်းရဲ့ လူစာရင်းကို အားဖြည့်တင်းမှုအနေဖြင့် ရီးရဲလ်မက်ဒရစ်အသင်းကွင်းလယ်လူ ဆီဘယ်လော့စ်ကို အငှားနဲ့ ခေါ်ယူမှုအပြင် လိဂ်ဂူးဝမ်းကလပ် စိန့်အက်တီယန်အသင်းရဲ့ နောက်တန်းကစားသမား ဆာလီဘာကို ခေါ်ယူမှုတို့ကိုတော့ ကြာပသတေးနေ့မှာ ကြေညာသွားဖို့အတွက် အာဆင်နယ်အသင်းက မျှော်လင့်နေပါတယ်။

ဆီဘယ်လော့စ်ရဲ့အပြောင်းအရွှေ့ဟာ အာဆင်နယ်အသင်းနဲ့ ခြေစမ်းပွဲမှာ ဆိုဆိုးရွားရွား ဒဏ်ရာရရှိသွားတဲ့ ရီးရဲလ်ရဲ့တောင်ပံကစားသမား အဆန်စီယိုကြောင့် သက်ရောက်မှုရှိမယ့်ပုံတော့ မပေါ်ပါဘူး။

ကစားသမား နှစ်ယောက်စလုံးဟာ အာဆင်နယ်အသင်းနဲ့အပြီးသတ်ချုပ်ဆိုဖို့အတွက် လန်ဒန်ကို သွားရောက်နေပြီး ယူအက်စ်ခရီးစဉ်ရဲ့နောက်ဆုံး ပွဲဖြစ်တဲ့ ရီးရဲလ်နဲ့ပွဲအပြီးမှာတော့ အာဆင်နယ်ကလည်း လန်ဒန်ကို တိုက်ရိုက် ပြန်သွားပြီဖြစ်ပါတယ်။

ပွဲအပြီးနောက်မှာတော့ အဆန်စီယိုရဲ့ ဒဏ်ရာဟာ ဆီဘယ်လော့စ်ရဲ့ အပြောင်းအရွှေ့ကို သက်ရောက်မှုရှိနိုင် လားဆိုတာ သေချာမသိပေမယ့် ကလပ်ကတော့ အာမခံချက်ရရှိထားတယ်လို့ အာဆင်နယ်နည်းပြအမ်မရီက ၀န်ခံပြောကြားခဲ့ပါတယ်။

''ပွဲရဲ့တကယ့်ရည်ရွယ်ချက်ကတော့ ဒဏ်ရာမရရှိဖို့ဖြစ်ပြီး အဆန်စီယိုကတော့ ကြီးမားတဲ့ ဒဏ်ရာရရှိသွားနိုင်ပါတယ်။ ဒီသတင်းက ရီးရဲလ်အတွက်သာမက ကျွန်တော်တို့အတွက်ပါ သတင်းဆိုးတစ်ခုပါ ။ တစ်ခုခုပြောင်းလဲသွားမလားဆိုတာကိုတော့ ကျွန်တော်လည်း မသိပါဘူး''လို့ အမ်မရီက ပြောကြားခဲ့ပါတယ်။

အဆန်စီယို ဒဏ်ရာရရှိသွားပေမယ့် ဆီဘယ်လော့စ်ကတော့ အာဆင်နယ်အသင်းကို ပြောင်းရွှေ့တော့ မှာပဲဖြစ်ပါတယ်။

ဆာလီဘာဟာလည်း ပေါင် ၂၇ သန်းနဲ့ အပြီးသတ်ပြောင်းရွေ့မယ်လို့ ကြေညာထားပါတယ်။ အာဆင်နယ်ဟာ ဆာလီဘာကို စိန့်အက်တီယန်အသင်းထံ တစ်ရာသီပြန်အငှားချဖို့အတွက် သဘောတူညီမှုရရှိထားပြီး ပြင်သစ် ယူ၂၀ လက်ရွေးစင် ကစားသမားကတော့ ဥရောပမှာ အကောင်းဆုံး နောက်တန်းကစားသမား ဖြစ်လာဖို့အတွက် အလားအလာရှိတဲ့သူအဖြစ် သတ်မှတ်ခြင်းခံထားရသူဖြစ်ပါတယ်။

#ဆာလီဘာ #ဆီဘယ်လော့စ်