ရှေ့သို့
Image

မက်ဂွာရီနဲ့ထွက်နေတဲ့သတင်းတွေနဲ့ ပတ်သက်ပြီး သူ့ရဲ့အမြင်ကိုပြောပြခဲ့တဲ့ လင်ဒီလော့ဖ်

8:39 AM, 25 July

ထိပ်တန်းကစားသမားတွေကိုခေါ်ယူဖို့ ကြိုးစားနေတဲ့မန်ချက်စတာယူနိုက်တက်ဟာ မက်ဂွာရီကိုခေါ်ယူနိုင်ဖို့နီးစပ်နေတဲ့ သတင်းတွေနဲ့ပက်သက်ပြီး ဗစ်တာလင်ဒီလော့ဖ်က သူဟာပြိုင်ဆိုင်မှုတွေကိုနှစ်သက်ကြောင်း ပြောကြားခဲ့ပါတယ်။

သရဲနီတွေဟာ ယခုနွေရာသီတစ်လျှောက်လုံး လက်စတာခံစစ်မှူးမက်ဂွာရီကိုခေါ်ယူဖို့ကြိုးစားနေပြီး ပေါင်သန်း ၇၀ တန် ကမ်းလှမ်းမှုကိုအငြင်းခံထားရပါတယ်။

လက်စတာဘက်က ပေါင်သန်း ၈၀ အလိုရှိနေပေမယ့် ကလပ်နှစ်သင်းကြားသဘောတူညီမှုတော့ရရှိခါနီးနေပါပြီ။

လင်ဒီလော့ဖ်ကတော့ မနှစ်ကမန်ချက်စတာယူနိုက်တက်ရဲ့ အကောင်းဆုံးခံစစ်မှူးတစ်ဦးဖြစ်ခဲ့ပြီး လာမယ့်ရာသီမှာမက်ဂွာရီနဲ့ အကောင်းဆုံး တွဲဖက်တွေဖြစ်လာနိုင်ပါတယ်။

ယူနိုက်တက်အနေနဲ့လဲ မက်ဂွာရီကိုအပြောင်းအရွှေ့ရာသီ ကုန်ဆုံးခါနီးမှ ခေါ်ယူနိုင်လောက်ပါတယ်။

ဆွီဒင်သားဟာ သူ့နေရာအတွက် ထိပ်တန်းကစားသမားတစ်ဦးကို ခေါ်ယူတာက သူ့အတွက်တော့  ပိုပြီးကြိုးစားချင်စိတ်ဖြစ်အောင် လှုံ့ဆော်ပေးနိုင်တယ်လို့ဆိုပါတယ်။

"ကျွန်တော်က ပြိုင်ဆိုင်ရတာကြိုက်တယ်။ ပြိုင်ပွဲအတွင်းမှာ နေရာရဖို့ ပြိုင်ဆိုင်ရတာကလဲ ပျော်ဖို့ကောင်းပါတယ်" လို့  ESPN ကိုပြောခဲ့ပါတယ်။

"ကိုယ်ကစားတဲ့နေရာမှာ ကစားသမားကောင်းတွေရှိနေတော့ နေ့တိုင်းပိုပြီးကြိုးစားချင်စိတ်ဖြစ်တာပေါ့။ အထူးသဖြင့် လေ့ကျင့်ရေးမှာပါ။ ဒါက အသင်းကိုနောက်တစ်ဆင့်ကိုရောက်သွားစေပါတယ်။ ကျွန်တော့် အတွက်တော့ အရမ်းကောင်းတယ်။ အသင်းမှာရှိတဲ့သူတိုင်းက အမြင့်ဆုံးအဆင့်ကိုပဲ လိုချင်ကြတာပါ။ ကျွန်တော်က အားလုံးနဲ့ ရင်းနှီးပါတယ်။ လေ့ကျင့်ရေးမှာတော့ အပြင်းအထန် ယှဉ်ပြိုင်ကြပြီး ကစားပွဲထဲမှာတော့ ကျွန်တော်တို့က မိတ်ဆွေတွေပါ" လို့ထပ်လောင်းပြောကြားခဲ့ပါတယ်။
#မနျခကျြစတာယူနိုကျတကျ #ဆွီဒင်