ရှေ့သို့
Image

အင်တာမီလန်နဲ့ပွဲစဉ်မှာ Own Goal သွင်းမိသွားခဲ့တဲ့ ဒီလစ်ဂ်ျ

7:33 AM, 25 July

အသက်၁၉နှစ်အရွယ်ဒီလစ်ဂ်ျဟာ နည်းပြဆာရီ ကိုင်တွယ်တဲ့ ဂျူဗင်တပ်စ်အသင်းမှာ တနင်္ဂနွေနေ့ကစပါးအသင်းနဲ့ပွဲစဉ်ဒုတိယပိုင်းမှာ ၎င်းရဲ့ပွဲဦးထွက်ပွဲစဉ်အဖြစ် လူစားလဲဝင်ရောက် ကစားခွင့်ရခဲ့ပါတယ်။ဒီလစ်ဂ်ျဟာ ယမန်နေ့က ရာသီကြိုပွဲစဉ် အင်တာမီလန်အသင်းနဲ့ ပွဲစဉ်မှာတော့ မထင်မှတ်ထားစရာ ကိုယ့်ဂိုးကိုယ်သွင်းမိသွားခဲ့ပါတယ် ။

အဆိုပါပွဲစဉ်မှာ ဝါရင့်နောက်ခံလူဘိုနူချီနဲ့ ဒီလစ်ဂ်ျကအတွဲညီညီတွဲဖက်ကစားနေခဲ့ပြီး ပွဲကစားချိန်၁၀မိနစ်ခန့်မှာတော့ ဒတ်ခ်ျနိုင်ငံသားရဲ့ကံကြမ္မာက အလှည့်အပြောင်း ဖြစ်သွားခဲ့ပါတယ်။ အင်တာမီလန်ကွင်းလယ်လူ စတီဖာနိုဆန်ဆီ ကန်တင်ပေးတဲ့ ဘောလုံးကို ရော်ဘတ်တိုဂါဂလီယာဒီနီက ခေါင်းတိုက်အဆုံးသတ်ရာမှာ ဒီလစ်ဂ်ျက ဟန်တားရင်း ၎င်းရဲ့ခြေထောက်ဖြင့် ကိုယ့်ဂိုးကိုယ် သွင်းမိသွားခဲ့ပါတယ်။

ဂျူဗီကစားသမားသစ် ဒီလစ်ဂ်ျဟာ ပြီးခဲ့တဲ့ ရာသီချန်ပီယံလိဂ်ပြိုင်ပွဲ ကွာတားဖိုင်နယ် စပါးအသင်းနဲ့တွေ့ဆုံစဉ်ကလည်း တိုက်စစ်မှူး လူးကပ်စ်မော်ရာကို မဟန့်တားနိုင်ခဲ့ဘဲ အမှားတွေ ကျူးလွန်ခဲ့တာ ဖြစ်ပါတယ်။ အဆိုပါ ပွဲစဉ်မှာလည်း လူးကပ်စ်မော်ရာက လူစားဝင်လာခဲ့ပြီး ဒီလစ်ဂ်ျကိုကျော်ဖြတ်ကာ သွင်းဂိုး ရယူသွားခဲ့တာ ဖြစ်ပါတယ်။

အေဂျက်ဇ် နောက်ခံလူဟောင်း ဒီလစ်ဂ်ျဟာ ဒီနွေရာသီကမှ စီးရီးအေ ချန်ပီယံ ဂျူဗီသို့ပေါင် ၁၃၅.၆ သန်းဖြင့် ပြောင်းရွှေ့လာခဲ့ပြီး တစ်ပတ်လုပ်ခ ပေါင် ၄၁၆၀၀၀ ရရှိနေတာ ဖြစ်တယ်လို့ ဂါးဒီးယန်း သတင်းက  ဖော်ပြ ထားခဲ့ပါတယ်။ အဆိုပါ အမှားမျိုး ထပ်မှားခဲ့မယ် ဆိုရင်တော့ ဒပ်ခ်ျနိုင်ငံသားရဲ့လက်ရှိရရှိနေတဲ့ လစာကြောင့် ဂျူဗီ ပရိတ်သတ်တွေက မေးခွန်းထုတ်လာဖွယ် ရှိပါတယ်။

#ဒီလစ်ဂ်ျ