ရှေ့သို့
Image

ကိုရီးယားသားကို အာရှဘက်ခမ်းလို့ တင်စားလိုက်တဲ့ ပိုချက်တီနို

4:20 PM, 24 July

စပါးအသင်း နည်းပြ ပိုချက်တီနိုကတော့ တိုက်စစ်မှူး ဆွန်ဟောင်မင်ကို အာရှဘက်ခမ်းလို့ ချီးကျူး ပြောကြားလိုက်ပါတယ်။
အဆိုပါ ကိုရီးယားသားဟာ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က ကစားခဲ့တဲ့ပွဲစဉ်မှာ ခြေစွမ်းပြ ကစားနိုင်ခဲ့တာကြောင့် အခုလိုမျိုး ဒေးဗစ် ဘက်ခမ်းနဲ့ ခိုင်းနှိုင်း ချီးကျူးလိုက်တာ ဖြစ်ပါတယ်။
“ဆွန်က အာရှက လူတွေက ချစ်ပြီးသားပါ။ ပြီးတော့ စံပြကစားသမား တစ်ဦးဆိုလည်း မမှားပါဘူး။ ဒါပေမယ့် ကျွန်တော်ကတော့ သူ့ကို ဒေးဗစ်ဘက်ခမ်းနဲ့ ခိုင်းနှိုင်းချင်ပါတယ်”လို့ ပိုချက်တီနိုက ပြောပါတယ်။
နည်းပြ ပိုချက်တီနိုက အာရှသားလေးရဲ့ခြေစွမ်းတွေဟာ အင်္ဂလန် အသင်းခေါင်းဆောင် ဒေးဗစ်ဘက်ခမ်းကို ပြန်လည် အမှတ်ရစေတယ်လို့ ဆိုလိုက်တာ ဖြစိပါတယ်။
“သူဟာ စိတ်ဓာတ်ပိုင်းဆိုင်ရာ ခံယူချက်ကောင်းတဲ့ ကစားသမား တစ်ဦးပါ။ အာရှသာမက တစ်ကမ္ဘာလုံးက သူတွေအတွက် စံနမူနာ ယူစရာ ကစားသမားပါ။ သူ့ရဲ့ပထမ ရာသီကတော့ အတော်လေး ခက်ခဲခဲ့ပါတယ်။ နယ်မြေသစ် ၊ ယဉ်ကျေးမှုအသစ် ၊ အလေ့အကျင့်အသစ်တွေနဲ့ ဆိုတော့ အထိုင်ကျဖို့ ရုန်းကန် ခဲ့ရပါတယ်။ ဒါပေမယ့် အခုတော့ သူဟာ ကျွန်တော်တို့အတွက် မရှိမဖြစ် ကစားသမား တစ်ဦးလို ဖြစ်လာပါပြီ”လို့ ပိုချက်တီနိုက ထပ်လောင်း ပြောကြားခဲ့ပါတယ်။
#စပါး #ပိုချက်တီနို