ရှေ့သို့
Image

ပေါ့ဂ်ဘာနေရာအတွက် မန်ယူအသင်း ချိန်ရွယ်နေတဲ့ ကွင်းလယ် ကစားသမား ၂ ဦး

4:10 PM, 24 July

စပိန်ကလာတဲ့ သတင်းတွေအရတော့ မန်ယူအသင်းဟာ ဖာနန်ဒက်စ်အစား မီလန်ကိုဗစ် ဆာဗစ်ကို ခေါ်ယူလိုနေတယ်လို့ ဖော်ပြနေကြပါတယ်။

ယူနိုက်တက် ကွင်းလယ် ကစားသမား ပေါ့ဂ်ဘာဟာ အသင်းမှာ ဆက်ရှိနေဖို့ မသေချာတာကြောင့် ပြင်သစ်သား နေရာမှာ အစားထိုးဖို့ ကစားသမား ရှာဖွေနေတာ ဖြစ်ပါတယ်။

လက်ရှိ ယူနိုက်တက် ကင်းထောက်တွေကတော့ လောင်းစတပ်ဖ် ၊ ဖာနန်ဒက်စ် ၊ မီလန်ကိုဗစ် ဆာဗစ် ၊ အဲရစ်ဆင် တို့ကို ခေါ်ယူဖို့ စောင့်ကြည့်နေပါတယ်။

ပေါ်တူဂီ ကွင်းလယ် ကစားသမား ဖာနန်ဒက်စ်ဟာ အိုးထရက်ဖို့ဒ်မြေကို ပြောင်းရွှေ့ဖို့ စိတ်ဝင်စားနေပြီး ပရီးမီးယားလိဂ်မှာလည်း ကစားချင်နေတာ ဖြစ်ပါတယ်။

ဒါပေမယ့်လည်း စပိန် သတင်းဌာန အေအက်စ်ကတော့ ယူနိုက်တက် အသင်းဟာ ပေါ်တူဂီသားထက် မီလန်ကိုဗစ် ဆာဗစ်ကိုသာ ခေါ်ယူလိုနေတယ်လို့ ဖော်ပြခဲ့ပါတယ်။

အီတလီသတင်း ဌာနတွေကလည်း အဆိုပါ သတင်းကို အတည်ပြုခဲ့ပြီး မကြာခင်မှာ လာဇီယို အသင်းနဲ့ ဆွေးနွေးဖွယ် ရှိနေပါတယ်။

မန်ယူအသင်း အမှုဆောင် ၀ုဒ်ဝါ့ကတော့ ယူနိုက်တက် အသင်းနဲ့ အာရှရာသီကြို ခြေစမ်းပွဲကို လိုက်ပါခဲ့ခြင်း မရှိပဲ မန်ချက်စတာမှာပဲ နေခဲ့ပြီး အပြောင်းအရွှေ့ကိစ္စရပ်တွေကို အပြီးသတ်ဖွယ် ရှိနေတာ ဖြစ်ပါတယ်။

အခုလိုမျိုး  အသင်းရဲ့ရာသီကြို ခြေစမ်းပွဲကို အမှုဆောင်တစ်ဦး မလိုက်ပါခြင်းဟာ ၂၀၁၃ ခုနှစ် နောက်ပိုင်း ပထမဆုံးအကြိမ် မလိုက်ပါခြင်း ဖြစ်လာခဲ့ပါတယ်။

#မနျခကျြစတာယူနိုကျတကျ #မီလန်ကိုဗစ်-ဆာဗစ် #ဘရူနိုဖာနန်ဒတ်စ်