ရှေ့သို့
Image

အက်သလက်တီကို အသင်းနဲ့ ပရိသတ်တွေရဲ့ ကြီးမားတဲ့ ကြိုဆိုမှုကို ထရစ်ပီယာချီးကျူး

3:13 PM, 24 July

အက်သလက်တီကို နောက်ခံလူသစ် ထရစ်ပီယာက အသင်းကို ပြောင်းရွေ့လာချိန်မှာ ပရိသတ်တွေနဲ့ အသင်းရဲ့ ကြီးမားတဲ့ ကြိုဆိုမှုကို ချီးကျူးခဲ့ပါတယ်။ ထရစ်ပီယာဟာ ပရီးမီးယားလိဂ် ထိပ်သီး စပါးအသင်းကနေ ပေါင် ၂၁.၇သန်းနဲ့ ပြောင်းရွေ့လာခဲ့တာဖြစ်ပြီး စနေန့ နူမန်စီယာအသင်းကို ၃-၀ဖြင့် အနိုင်ရခဲ့တဲ့ ပွဲစဉ်မှာ ပွဲထွက်ပါဝင်ခဲ့ပါတယ်။

ထရစ်ပီယာဟာ ယနေ့ နံနက်က မက်ဆီကို ကလပ် ဂွာဒါလာဂျာရာအသင်းကို ပင်နယ်တီနဲ့ အနိုင်ရခဲ့တဲ့ ပွဲစဉ်မှာလည်း ပွဲထွက်ကစားခဲ့ပြီး ဂိုးမပေးရအောင် စွမ်းဆောင်ခဲ့ပါတယ်။ ထရစ်ပီယာကတော့ စပိန်မှာ အသားကျနေပြီလို့ ပြောခဲ့ပါတယ်။

ထရစ်ပီယာက "ပရိသတ်တွေက တကယ်ကို ကြီးကျယ်ပါတယ်။ ဒီကို ရောက်လာစဉ်ကတည်းက သူတို့ ကျွန်တော့်ကို အားပေးခဲ့ကြပြီး နွေးထွေးစွာ ကြိုဆိုခဲ့ကြပါတယ်။ ကျွန်တော် အလုပ်ကြိုးစားပြီး အစွမ်းကုန် ပေးဆပ်သွားမှာပါ။ ကျွန်တော် မိုရာတာ၊ ဒီယေရဂို ကော်စတာတို့နဲ့ အရင်က ရင်ဆိုင်ခဲ့ရပြီး အခုတော့  သူတို့ ပြန်ဆုံရပါပြီ။ ကျွန်တော် ဒီမှာ ရှိနေတဲ့အတွက် စိတ်လှုပ်ရှားနေမိပါတယ်။ "လို့ ပြောခဲ့ပါတယ်။

အက်သလက်တီကိုအသင်းဟာ သောကြာနေ့မှာတော့ ရီးရဲလ်မက်ဒရစ်အသင်းနဲ့ ဆက်လက် ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။

#လာလီဂါ #ထရစ်ပီးယား