ရှေ့သို့
Image

Love Island ဇာတ်လမ်းတွဲက ဂျိမ်းစ်မီလ်နာကို လှောင်သွားတဲ့ ဒိုင်ယာလော့ခ်တစ်ခု

11:21 AM, 24 July

Love Island ဇာတ်လမ်းတွဲကို စွဲလမ်းသူတွေကတော့ သာမန်လူတွေသာ မဟုတ်ပဲ ပရီးမီးယားလိဂ် နာမည်ကျော် ကစားသမားတွေလည်း ပါဝင်တာကို တွေ့ရပါတယ်။

လီဗာပူး အသင်းခေါင်းဆောင် ဟန်ဒါဆန်ဟာ အသင်းရဲ့ အမေရိကန် ခရီးစဉ်အတွင်း ဟိုတယ်မှာ တည်းခိုနေခိုက် အသင်းသားတွေ ဖိတ်ခေါ်ပြီး Love Island ဇာတ်ကားကို ကြည့်ရှုစဉ်မှာ အဆိုအပါ ဇာတ်လမ်းတွဲမှ
ဒိုင်ယာလော့ခ်တစ်ခုကြောင့် မီလ်နာကော အသင်းဖော်တွေပါ ရယ်မောစရာ ဖြစ်ခဲ့ရပါတယ်။

အဆိုပါ ဇာတ်လမ်းတွဲမှာ မန်ချက်စတာမှ မော်ဒယ် ဂျော်ဒန်က စကားပြောနေစဉ်မှာ  "Boring Milner"ဆိုတဲ့ ဒိုင်ယာလော့ခ်ကို ထည့်သွင်း ပြောသွားခဲ့တာ ဖြစ်ပါတယ်။

အဆိုပါ ပြကွက်ကို ကြည့်ရှုနေစဉ်မှာ ဖြစ်သွားတဲ့ မီလ်နာရဲ့ မျာက်နှာ အမူအရာကို ဟန်ဒါဆန်က ဗီဒီယိုရိုက်ကာ လူမှုကွန်ရက်ပေါ် တင်ခဲ့ပါတယ်။

မီလ်နာဟာ သူ့ရဲ့ နာမည်ကို ကြားရတဲ့ အချိန်မှာတော့ ကင်မရာဘက် မျက်နှာလှည့်ကာ စိုက်ကြည့်နေခဲ့ပြီးမှ ရယ်မောခဲ့ပါတယ်။

ဟန်ဒါဆန်ဟာ အဆိုပါ ဗီဒီယိုလေးကို အင်စတာဂရန်ပေါ် တင်ခဲ့ပြီး ကြည့်ရှုသူ ၂.၉ သန်း အထိ ကြည့်ရှုသူ များပြားခဲ့ပါတယ်။

လီဗာပူးအသင်းဟာ အမေရိကန်မှာ ရာသီကြို ခြေစမ်းပွဲတွေ ကစားနေပြီး နောက်ဆုံးကစားခဲ့တဲ့ ပွဲစဉ်မှာတော့ ဆီဗီလာ အသင်းကို ၂-၁ဖြင့် ရှုံးနိမ့်ခဲ့ပါတယ်။

အဆိုပါ ပွဲစဉ်မှာ ဆီဗီလာ ကစာသမား ဂန်ညော်ရဲ့  ဖျက်ထုတ်မှုကိုလည်း မီလ်နာက ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ပါသေးတယ်။

မီလ်နာဟာ ကြာသပတေးနေ့မှာတော့ ယန်းကီးကွင်းမှာ စပို့တင်းလစ္စဘွန်းအသင်းနဲ့ ဆက်လက် ရင်ဆိုင်သွားရမှာ ဖြစ်ပါတယ်။

#လီဗာပူး #မီနာ