ရှေ့သို့
Image

အမေရိကရာသီကြိုခြေစမ်းပွဲမှာ စပါးအသင်းအကျီကိုလက်မှတ်ထိုးမိသလိုဖြစ်တော့မယ့် ဟိုးဒင်း

11:08 AM, 24 July

အာဆင်နယ်အသင်းနောက်ခံလူ ဟိုးဒင်းဟာ အမေရိကရာသီကြိုခြေစမ်းပွဲစဉ်မှာ ပရိသတ်တွေကိုလက်မှတ်ထိုးပေးရင်း မြို့ခံပြိုင်ဘက် စပါးအသင်းရဲ့အကျီကိုလက်မှတ်ထိုးမိမလိုဖြစ်ခဲ့ပါတယ်။

အဆိုပါအင်္ဂလန်သားဟာ အာဆင်နယ်အသင်းပရိသတ်တွေကို လက်မှတ်ထိုးပေးနေခဲ့တာဖြစ်ပြီး ပရိသတ်တစ်ဦးကလက်မှတ်ထိုးပေးဖို့ ဂျာစီတစ်ခုပေးလိုက်ရာ လက်မှတ်ထိုးဖို့လှန်ကြည့်လိုက်စဉ်မှာတင် စပါးအသင်းအကျီဖြစ်နေတာကြောင့် လက်မှတ်မထိုးပဲထွက်လာခဲ့ပါတယ်။

နောက်ခံလူး ဟိုးဒင်းဟာ ဘောပင်ကိုကိုင်ပြီးလက်မှတ်ထိုးတော့မလိုဖြစ်ခဲ့ပေမယ့် နောက်ဆုံးမှာတော့ ရယ်ပြီးသာပြန်ထွက်လာခဲ့ပါတယ်။

အာဆင်နယ်အသင်းဟာ မကြာခင်မှာ ရီးရဲလ်ကွင်းလယ်ကစားသမား ဆီဘယ်လော့စ်ကိုအငှားနဲ့ ခေါ်ယူနိုင်တော့မှာဖြစ်ပါတယ်။

နည်းပြ အမ်မရီကတော့ အဆိုပါသတင်းကိုအတည်ပြုခဲ့ပြီး အဆိုပါစပိန်သားဟာ အာဆင်နယ်အသင်းရဲ့လူစာရင်းကို ပိုမိုတောင့်တင်းလာစေမယ်လို့ပြောကြားခဲ့ပါတယ်။

အာဆင်နယ်အသင်းဟာ ကွင်းလယ်ကစားသမား ဆီဘယ်လော့စ်ကိုတစ်ရာသီအငှားနဲ့ပဲခေါ်ယူခဲ့ခွင့်ရခဲ့ပြီး ရာသီအကုန်အပြီးသတ်ခေါ်ယူခွင့်တော့မပါဝင်ခဲ့တာဖြစ်ပါတယ်။

#စပါး #ဟိုးဒင်း