ရှေ့သို့
Image

ဖီဖာဂိမ်းတွင် သူနှစ်သက်စွာ ရွေးချယ်ကစားတတ်တဲ့ အသင်းများရဲ့ နာမည်ကို ထုတ်ဖော် ပြောဆိုလိုက်တဲ့ စတာလင်

10:15 AM, 24 July

ဖီဖာဂိမ်းတွင် အသင်းဟောင်းအတွက် ကစားနေကြောင်း စတာလင်က ထုတ်ဖော် ပြောဆိုလိုက်ပါတယ်။

ယူနီဗာဆယ် ဗီဒီယို ဂိမ်းတွင် သူဟာ မန်စီးတီး အသင်းမဟုတ်ဘဲ ပီအက်စ်ဂျီနှင့် လီဗာပူးလ် အသင်းတို့အတွက် ကစားနေပါတယ်။

၂၀၁၅ နွေရာသီတွင် စတာလင်ဟာ  လီဗာပူးလ်မှ မန်စီးတီးသို့ ပြောင်းရွှေ့ခဲ့တာ ဖြစ်ပြီး ဂွာဒီယိုလာရဲ့အသင်းအတွက် အဓိက ကစားသမား ဖြစ်လာခဲ့တာ ဖြစ်ပါတယ်။

အသက် ၂၄ နှစ်အရွယ် ကစားသမားဟာ လီဗာပူးလ် ပရိတ်သတ်များရဲ့ မကျေနပ်ဖြစ်ခြင်းကို ခံနေရတုန်းဖြစ်ပြီး မန်စီးတီး အသင်းနှင့်အတူ အန်ဖီးလ်သို့ သွားရောက် ကစားရာတွင်လည်း ပရိတ်သတ်များရဲ့ ပစ်မှတ်ထား ပြောဆိုခြင်းကို ခံခဲ့ရပါတယ်။

ဖီဖာဂိမ်းနှင့် ပတ်သတ်ပြီး သူ့ရဲ့ပြောပြမှုများကြောင့် မန်စီးတီး ပရိတ်သတ်များရဲ့ ဒေါသထွက်ခြင်းကို ခံရနိုင်ပါတယ်။

'' ပုံမှန်အားဖြင့်တော့ ပီအက်စ်ဂျီ ဖြစ်ပြီး လီဗာပူးလ် အသင်းလို့ ကျွန်တော်က မပြောသင့်ပါဘူး '' လို့ သူက Daily Star သို့ပြောပါတယ်။

ဘောလုံးသမား တော်တော်များများကတော့ သူတို့နှစ်သက်တဲ့ ဗီဒီယိုဂိမ်းများကို ပြောပြလေ့ရှိကြပြီး စတာလင်ရဲ့ ရွေးချယ်မှုကတော့ စီးတီးအသင်းကို အစဉ်တစိုက် အားပေးခဲ့တဲ့ ပရိတ်သတ်များကို စိတ်ရှုပ်စေခဲ့ပါတယ်။

ဒီရာသီတွင်လည်း စတာလင်ဟာ အလားတူပုံစံမျိုးကို ပြောဆိုခဲ့ဖူးပြီး ပထမဆုံးအကြိမ်တော့ မဟုတ်ပါဘူး။ သို့  သော်လည်း မန်စီးတီးပရိတ်သတ်တွေကတော့ အထိတ်တလန့်မဖြစ်ခဲ့ကြပါဘူး။

ပြီးခဲ့တဲ့ရာသီတုန်းက တောင်ပံကစားသမားဟာ ၁၇ ဂိုးသွင်းယူခဲ့ပြီး ၁၀ ဂိုးဖန်တီးပေးခဲ့ကာ လီဗာပူးလ်အသင်းကို  ကျော်တက်ပြီးတော့ ပရီးမီးယားလိဂ်ဖလားကို ကာကွယ်နိုင်အောင် ကူညီပေးခဲ့ပါတယ်။

မန်စီးတီးဟာ ပြည်တွင်းဆုဖလား ၃ လုံးရရှိခဲ့ပြီး လီဗာပူးလ်အသင်းကတော့ ချန်ပီယံလိဂ်ဆုဖလားကိုရရှိခဲ့ကာ နှစ်သင်းစလုံးကတော့ ပြည်တွင်းနှင့် ဥရောပတွင် အောင်မြင်ဖို့အတွက် ဒီရာသီမှာ နောက်ထပ်တစ်ကြိမ်ကြိုးစား ရအုံးမှာဖြစ်ပါတယ်။

သြဂုတ်လရဲ့ အစောပိုင်းတွင် သူတို့နှစ်သင်းဟာ ကွန်မြူနတီဒိုင်းအတွက် ယှဉ်ပြိုင်ရမှာဖြစ်ပြီး စောစောစီးစီး ဆု ဖလားရရှိဖို့အတွက် အခွင့်အရေးပဲဖြစ်ပါတယ်။

မန်စီးတီးအသင်းဟာ ပြီးခဲ့တဲ့ရာသီက ချဲလ်ဆီးအသင်းကို အနိုင်ယူပြီးဆုဖလားကို ရရှိခဲ့ကာ လီဗာပူးလ်က တော့ ၂၀၀၆ ခုနှစ်တွင် အဲ့ဒီဆုဖလားကို နောက်ဆုံးရရှိခဲ့တာဖြစ်ပါတယ်။

စတာလင်ရဲ့ အသင်းဟောင်း လီဗာပူးလ်ကတော့ အဲ့ဒီပြိုင်ပွဲရဲ့သမိုင်းကြောင်းတွင် ဆုဖလားအား ၁၅ ကြိမ်ရရှိကာ ပူးတွဲဒုတိယမြောက် အအောင်မြင်ဆုံးအသင်းဖြစ်ပြီး စီးတီးကတော့ ၅ ကြိမ်သာရရှိထားဖူးတာဖြစ်ပါတယ်။

အင်္ဂလန်နိုင်ငံသားဟာ မန်စီးတီးရဲ့ ရာသီကြို ပွဲစဉ်ဖြစ်တဲ့ ပရီးမီးယားလိဂ် အာရှဖလားတွင် ၀ုဗ်အသင်းအား ရှုံးနိမ့်ခဲ့တဲ့ ပွဲတွင် ပါဝင် ကစားခဲ့ပြီး ပုံမှန် ပွဲကစားချိန်တွင် ရရှိခဲ့တဲ့ ပင်နယ်တီကို လွဲချော်ခဲ့ကာ ပရီးမီးယားလိဂ် ချန်ပီယံကတော့ ပင်နယ်တီ အဆုံးအဖြတ် ၃-၂ ဂိုးဖြင့် ရှုံးနိမ့်ခဲ့တာ ဖြစ်ပါတယ်။

#မနျစီးတီး #ဝုဗ်