ရှေ့သို့
Image

တရုတ် မီဒီယာတွေရဲ့ဝေဖန်မှုကို တုံ့ပြန်လိုက်တဲ့ ဂွါဒီယိုလာ

10:24 PM, 23 July

မန်စီးတီးနည်းပြ ဂွါဒီယိုလာက တရုတ်မီဒီယာတွေရဲ့ ဝေဖန်နေမှုကို ပြန်လည် တုံ့ပြန်လိုက်ပါတယ်.။ မန်စီးတီး အသင်းဟာ ရှန်ဟိုင်းမှာ ကျင်းပခဲ့တဲ့ ပရီးမီးယားလိဂ် အာရှဖလား ပြိုင်ပွဲမှာ ရှုံးနိမ့်ခဲ့ပြီးနောက် ဟောင်ကောင်ကို ဆက်လက် ခရီးဆက်ခဲ့တာ ဖြစ်ပါတယ်။

ဒါပေမယ့် တရုတ် အစိုးရပိုင် သတင်းဌာနဖြစ်တဲ့ စင်ဟွာ သတင်းဌာနက မန်စီးတီးအသင်းဟာ တရုတ်နိုင်ငံက ပရိသတ်တွေကို အလေးမထားပဲ ငွေမျက်နှာကိုသာ ကြည့်ခဲ့တယ်လို့ စွပ်စွဲခဲ့တာ ဖြစ်ပါတယ်။ ဂွါဒီယိုလာကတော့ အဆိုပါ စွပ်စွဲချက်တွေကို ငြင်းပယ်ခဲ့ပြီး မကြာခင်မှာ တရုတ်ပြည်ကို ပြန်လာခဲ့မယ်လို့ ကတိပေးခဲ့ပါတယ်။ 

ဂွာဒီယိုလာက "ကျွန်တော် အဲ့ဒါကို သဘောမတူဘူး မှားတယ်လို့ ပြောချင်ပါတယ်။ သူတို့ ဒီလို ထုတ်ပြန်မှုမျိုး လုပ်ချင်ရင် မန်စီးတီး ဘယ်လို အလုပ်လုပ်တယ်ဆိုတာကို အတိအကျ သိရပါမယ်။ ကျွန်တော် ရှန်ဟိုင်းမှာ ကြီးကျယ်တဲ့ အချိန်တစ်ခုကို ဖြတ်သန်းခဲ့ပြီး ပူတွဲလုပ်ငန်းတွေ လုပ်ဆောင်ချင်ပါတယ်။ ဟိုတယ်က လူတွေကော အားလုံးက တစ်ခုခု လုပ်ချင်မယ် ဆိုရင်တောင် ကျွန်တော်တို့ လုပ်ပေးလိုက်မှာပါ။ ကျွန်တော်တို့ အဲ့ဒီမှာ အတွေ့အကြုံကောင်းတွေ ရရှိခဲ့ပါတယ်။ အာရှကိုလာပြီး မတူညီတဲ့ အတွေ့အကြုံနဲ့ ယဉ်ကျေးမှုတွေကို လေ့လာခဲ့ရပြီး အခြားသူတွေနဲ့ တွေ့ဆုံးရတာ စိတ်လှုပ်ရှားစရာပါပဲ။ ဒါကြောင့် ဒီလို ပြောဆိုနေကြတဲ့ လူတွေ ဒါမှမဟုတ် ဂျာနယ်လစ် တစ်ယာက်ကို မယုံနိုင်အောင်ပါပဲ။ ဒါက အမှန်တရားနဲ့ တော်တော်လေး ဝေးကွာနေပါတယ်"လို့ ပြောပြခဲ့ပါတယ်။ 

မန်စီးတီးအသင်းဟာ အုပ်ချုပ်မှုပိုင်းမှာ ချို့ယွင်းမှုကြောင် ရှန်ဟိုင်းကို ၂ ရက်ကြာ နောက်ကျပြီးမှ ရောက်လာခဲ့ပါတယ်။ ပရီးမီးယားလိဂ် အာရှဖလားပြိုင်ပွဲ ဆီမီးဖိုင်နယ်မှာ ၀က်စ်ဟမ်းအသင်းကို ၄-၁ ဖြင့် အနိုင်ရခဲ့ပေမယ့် ဗိုလ်လုပွဲမှာ ၀ုဗ်အသင်းကို ပင်နယ်တီနဲ့ အရှုံးပေးခဲ့ရပါတယ်။

#မနျစီးတီး #ဝက်စ်ဟမ်း