ရှေ့သို့
Image

အင်တာနေရှင်နယ်ချန်ပီယံဖလား၊ ဂွါဒါလာဂျာရာ - အက်သလက်တီကို ပွဲကြိုခန့်မှန်းချက် (ဗုဒ္ဓဟူးနံနက် ၇း၃၀)

5:08 PM, 23 July

ယခုနွေရာသီအပြောင်းအရွှေ့ကာလအတွင်း အပြောင်းအလဲအများအပြားပြုလုပ်ထားတဲ့ အက်သလက်တီကိုအသင်းက စောင့်ကြည့်ချင်စရာကောင်းနေပြီး ပထမဆုံးအင်တာနေရှင်နယ်ချန်ပီယံဖလားအဖွင့်ပွဲလည်းဖြစ်လို့ အားထည့်ကစားလာနိုင်ပါတယ်။ မက္ကဆီကိုကလပ် ဂွါဒါလာဂျာရာအသင်းကတော့ ပြည်တွင်းအမှတ်ပေးပြိုင်ပွဲစတင်ကျင်းပနေပြီဖြစ်ပြီး ဒီပွဲပြီးရင်လည်း အဖွင့်ပွဲမှာ ဂိုးပြတ်အနိုင်ရထားတဲ့ တီဂရက်စ်နဲ့ကစားရဦးမှာဖြစ်ပါတယ်။ ပြီးတော့ ကစားပြီးသမျှ အင်တာနေရှင်နယ်ချန်ပီယံဖလား ၂ပွဲစလုံး အရေးနိမ့်ထားတဲ့ ဂွါဒါလာဂျာရာဟာ မက္ကဆီကိုလိဂ်အဖွင့်ပွဲမှာလည်း လာဂူနာအသင်းကို ၃ဂိုးပြတ်အရေးနိမ့်ထားပါတယ်။ ဂွါဒါလာဂျာရာ အားထည့်ကစားဖို့ မသေချာပေမယ့် ခံစစ်ပိတ်ကစားလာနိုင်လို့ အက်သလက်တီကိုတိုက်စစ် ထင်သလောက်အလုပ်မဖြစ်နိုင်ပါဘူး။ ၃-၈၀ ဖွင့်ထားတဲ့ဂိုးပေါင်းဈေးမှာ ဂိုးအောက်ပဲကစားချင်ပါတယ်။

#ပှဲကွိုသုံးသပျခကျြ #အင်တာနေရှင်နယ်ချန်ပီယံဖလား