ရှေ့သို့
Image

အင်တာနေရှင်နယ်ချန်ပီယံဖလား၊ ဘိုင်ယန်မြူးနစ် - အေစီမီလန် ပွဲကြိုခန့်မှန်းချက် (ဗုဒ္ဓဟူးနံနက် ၇း၃၀)

5:02 PM, 23 July

အဖွင့်ပွဲမှာ နာမည်ကြီးရီးရဲလ်မက်ဒရစ်ကို ဂိုးပြတ်အနိုင်ရရှိခဲ့တဲ့ ဘိုင်ယန်မြူးနစ်အသင်းဟာ စိတ်ဓာတ်တက်ကြွနေမှာသေချာပြီး ဒီပွဲမှာလည်း အဓိကကစားသမားအများစုကို ပွဲထုတ်လာနိုင်ပါတယ်။ အေစီမီလန်ကတော့ ယခုနှစ်အင်တာနေရှင်နယ်ချန်ပီယံဖလားပြိုင်ပွဲမှာ အီတလီကလပ်တွေ ပွဲတိုင်းရှုံးနိမ့်ထားတာကို အဆုံးသတ်နိုင်ဖို့ ကြိုးစားမှာဖြစ်ပေမယ့် သူတို့အတွက် ပထမဆုံးရာသီကြိုခြေစမ်းပွဲဖြစ်လို့ ကစားသမားတွေ ပွဲအတွက် အဆင်သင့်ဖြစ်ပါဦးမလားဆိုတာက စောင့်ကြည့်ချင်စရာကောင်းနေပါတယ်။ ဘိုင်ယန်မြူးနစ်ဟာ အဖွင့်ပွဲမှာ အာဆင်နယ်ကို အရေးနိမ့်ခဲ့ရပေမယ့် နောက်ကျဂိုးကြောင့်သာ ရှုံးနိမ့်ခဲ့ရတာဖြစ်သလို ရီးရဲလ်မက်ဒရစ်နဲ့ပွဲမှာလည်း တိုလစ်ဆို၊ လီဝန်ဒေါစကီးနဲ့ ဂနာဘရီ အစရှိတဲ့အဓိကကစားသမားတွေ ဂိုးမြူးခဲ့ပါတယ်။ ဒါကြောင့်လည်း ဘိုင်ယန်မြူးနစ်ရဲ့အကျောပေးမှုက ၁+၅၀ ကန ၁= ဖြစ်လာပြီး ဂိုးပေါင်းကတော့ ၃-၁၅ မှာပဲ ငြိမ်သက်နေပါတယ်။ အေစီမီလန်ဂိုးသွင်းနိုင်ဖို့ မလွယ်လို့ ဂိုးအောက်ကလည်း ကစားချင်စရာကောင်းနေပေမယ့် ပိုသေချာနိုင်တဲ့ ဘော်ဒီအပေါ်နဲ့ပဲ စိတ်အေးလက်အေးနေချင်ပါတယ်။

#ပှဲကွိုသုံးသပျခကျြ #အင်တာနေရှင်နယ်ချန်ပီယံဖလား