ရှေ့သို့
Image

ယူရိုပါလိဂ် တတိယအဆင့်ကို ရောက်ရှိဖို့အတွက် မြောက်အိုင်ယာလန် ကလပ်ကို ကျော်ဖြတ်သွားရမယ့် ၀ုဗ်အသင်း

11:15 AM, 23 July

ဝုဗ်အသင်းဟာ ယူရိုပါလိဂ် ခြေစစ်ပွဲ ဒုတိယ အဆင့်မှာတော့ မြောက်အိုင်ယာလန်ကလပ် ခရူဆေးဒါးစ်အသင်းနဲ့ စတင် ယှဉ်ပြိုင်သွားရမှာ ဖြစ်ပါတယ်။ တတိယ အဆင့်မှာတော့ ပျူနစ်-ဂျာဘလိုနက်ခ် ပွဲစဉ်က အနိုင်ရရှိတဲ့ အသင်းနဲ့ ထပ်မံ ယှဉ်ပြိုင်သွားရမှာ ဖြစ်ပါတယ်။ဝုဗ်အသင်းဟာ လာမယ့် ကြာသပတေးနေ့မှာ ခရူဆေးဒါးစ်အသင်းကို ဧည့်ခံ ယှဉ်ပြိုင်သွားရမှာ ဖြစ်ပြီး နောက်တစ်ကျော့ကိုတော့ သြဂုတ်လ ၁ ရက်နေ့မှာ မြောက်အိုင်ယာလန်ကို သွားရောက် ယှဉ်ပြိုင်သွားရမှာ ဖြစ်ပါတယ်။ စကော့တလန် ကလပ် ရိန်းဂျားအသင်းကတော့ ဒိန်းမတ်ကလပ် မစ်ဒ်ဂျေးလန်း အသင်းနဲ့ ယှဉ်ပြိုင်သွားရမှာ ဖြစ်ပါတယ်။ နည်းပြ ဂျရတ်ဟာ လာမယ့်ရာသီ ယူရိုပါလိဂ်မှာ ပါဝင် ယှဉ်ပြိုင်သွားဖို့အတွက် ပစ်မှတ်ထားလျက် ရှိပါတယ်။ ရိန်းဂျားနဲ့အတူ စကော့တလန်ကလပ် အဘာဒင်းအသင်းကတော့ ခရိုအေးရှားကလပ် ရီဂျက်ကာ ဒါမှမဟုတ် ဂျော်ဂျီယာကလပ် ရှက်ခ်ျဟီရီ ပွဲစဉ်က အနိုင်ရရှိတဲ့ အသင်းနဲ့ ရင်ဆိုင်သွားရမှာ ဖြစ်ပါတယ်။ ဂျာမန်ကလပ် ဖရန့်ဖတ် အသင်းကတော့ အက်စ်တိုးနီးယားကလပ် ဖလော်ရာတန်လင်း အသင်းနဲ့ ယှဉ်ပြိုင်သွားရမှာ ဖြစ်ပါတယ်။ တတိယအဆင့် ပွဲစဉ်တွေကိုတော့ သြဂုတ်လ ၈ ရက်နေ့ ၁၅ ရက်နေ့တွေမှာ ကျင်းပသွားမှာဖြစ်ပြီး အနိုင်ရတဲ့ အသင်းတွေကတော့ ယူရိုပါလိဂ် ပလေးအော့ဖ် အဆင့်ကို ၀င်ရောက် ယှဉ်ပြိုင်ခွင့် ရသွားမှာ ဖြစ်ပါတယ်။

#ရိန်းဂျားစ် #ဝုဗ်