ရှေ့သို့
Image

ဖာနန်ဒက်စ်ကို ပေါင် ၅၆ သန်းနဲ့ အထက် ပေးချေဖို့ လိုအပ်တယ်လို့ မန်ယူကို စပို့တင်း ဥက္ကဌပြောကြား

10:23 AM, 23 July

စပို့တင်းလစ္စဘွန်းအသင်းဥက္ကဌ ဖရက်ဒရီကို ဗာရန်ဒက်စ်ကတော့ မန်ယူအသင်းအနေနဲ့ ကွင်းလယ်ကစားသမား ဖာနန်ဒက်စ်ကို ခေါ်ယူလိုပါက ပေါင် ၅၆ သန်းနဲ့ အထက် ပေးချေဖို့လိုအပ်တယ်လို့ ပြောကြားလိုက်ပါတယ်။

ယူနိုက်တက်အသင်းဟာ အဆိုပါပေါ်တူဂီသားအတွက်ပေါင် ၅၀ သန်းနဲ့ ကမ်းလှမ်းဖို့ပြင်ဆင်နေချိန်မှာ အခုလိုမျိုးပေါင် ၅၆ သန်းနဲ့အထက် ပေးချေဖို့လိုအပ်တယ်လို့ စပို့တင်းက ဆိုလိုက်တာဖြစ်ပါတယ်။

သို့သော်လည်း လက်ရှိအချိန်အထိတော့ ယူနိုက်တက်အသင်းက တရားဝင်ကမ်းလှမ်းခြင်းမရှိသေးဘူးလို့ သတင်းတွေက ဆိုပါတယ်။

“ဘယ်ကလပ်အသင်းတွေ စိတ်ဝင်စားနေသလဲဆိုတာတော့ မသိပါဘူး။ ဒါပေမယ့် မန်ယူအသင်းတော့ ပါတယ်လို့ကြားပါတယ်”လို့ ဗာရန်ဒက်စ်က RTP သတင်းဌာနကိုပြောပါတယ်။

“ကျွန်တော်တို့ပြောသလိုပါပဲ အနည်းဆုံးတော့ ပေါင် ၅၆ သန်းလောက်အထိ ပေးချေဖို့လိုပါတယ်။ အဲ့ထက်လည်းပိုနိုင်ပါတယ်။ အဲ့ထက်နည်းတဲ့တန်ကြေးနဲ့ဆိုရင်တော့ လက်ခံစဉ်းစားမှာမဟုတ်ပါဘူး”လို့ သူကဆိုပါတယ်။

ကွင်းလယ်ကစားသမား ဖာနန်ဒက်စ်ဟာ ပြီးခဲ့တဲ့ရာသီတုန်းက အသင်းအတွက် ပြိုင်ပွဲစုံ ၃၂ ဂိုး အထိ သွင်းယူထားနိုင်ခဲ့တာဖြစ်ပါတယ်။

အသက် ၂၄နှစ်အရွယ် ကစားသမားကိုတော့ ပီအက်စ်ဂျီအသင်းကလည်း ခေါ်ယူဖို့ချိတ်ဆက်နေပြီး အဆိုပါကစားသမားဟာ ပြီးခဲ့တဲ့နေးရှင်းလိဂ်ပြိုင်ပွဲမှာလည်း ပေါ်တူဂီအသင်းလူစာရင်းမှာ ပါဝင်ခဲ့ပါတယ်။
လက်ရှိအပြောင်းအရွှေ့မှာတော့ ယူနိုက်တက်အသင်းဟာ အာရွန် ၀မ်ဘစ်ဆာကာ၊ ဒန်နီရယ်ဂျိမ်းစ် တို့ကိုခေါ်ယူထားနိုင်ခဲ့ပါတယ်။

ယူနိုက်တက်အသင်းဟာ ပြီးခဲ့တဲ့ရာသီတုန်းက ပရီးမီးယားလိဂ်မှာ စိတ်ပျက်စရာ ရာသီတစ်ခုနဲ့ ရင်ဆိုင်ခဲ့ရပြီး အဆင့် ၆နေရာနဲ့သာ ရာသီသိမ်းနိုင်ခဲ့ပါတယ်။
#မနျခကျြစတာယူနိုကျတကျ #ဖီဖာ #ဖာနန်ဒက်စ်