ရှေ့သို့
Image

အဖေက အ၀လွန်နေလို့ ကလပ်အသင်းတစ်သင်းက ကျွန်တော့်ကို မခေါ်ဘူးဆိုတဲ့သတင်း ဖတ်ရပါတယ်

5:17 PM, 22 July

ဂျူဗင်တပ်စ်အသင်းနောက်ခံလူ ဒီလစ်ဂ်ျဟာ နယ်သာလန်မဂ္ဂဇင်းဖြစ်တဲ့ Voetbal International (VI)နဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးတစ်ခုမှာ ဘာစီလိုနာ၊ ယူနိုက်တက်၊ ဂျူဗင်တပ်စ်တို့နဲ့ထွက်ပေါ်ခဲ့တဲ့ကောလာဟလသတင်းတွေကို ဒေါသတကြီးဝေဖန်သွားပါတယ်။

ဒါ့အပြင် သူဟာ နယ်သာလန်ကစားသမားတစ်ယောက်ကို အင်္ဂလိပ်ကလပ်အသင်းတစ်သင်းက ခေါ်ယူဖို့ ငြင်းဆန်ခဲ့တဲ့အကြောင်း၊ အဓိကအချက်ကတော့ အဲဒီကစားသမားရဲ့ဖခင်ဖြစ်သူက အ၀လွန်နေလို့ သူလည်း မျိုးရိုးလိုက်လိမ့်မယ်ဆိုတဲ့အချက်ကြောင့်ဖြစ်ကြောင်း ရေးသားဖော်ပြခဲ့တဲ့ Mirror သတင်းစာကိုလည်း ဝေဖန်သွားပါတယ်။

''ကျွန်တော့်အဖေက အ၀လွန်နေပြီး ကျွန်တော်ကလည်း အဲဒီရောဂါမျိုးရိုးလိုက်လိမ့်မယ်ဆိုပြီး အသင်းတစ်သင်းက ကျွန်တော့်ကိုမခေါ်တဲ့အကြောင်း သတင်းတွေဖတ်ရပါတယ်။ တကယ့်ကိုအဓိပ္ပာယ်မရှိတဲ့သတင်းပါပဲ''လို့ ဒီလစ်ဂ်ျက ပြောပါတယ်။

ဒါ့အပြင် ပီအက်စ်ဂျီနဲ့ထွက်ပေါ်ခဲ့တဲ့သတင်းတွေနဲ့ပတ်သက်လို့ ဒီလစ်ဂ်ျက ''ကျွန်တော့်ရွေးချယ်မှုမှာ ပိုက်ဆံက တစ်ခါမှအရေးကြီးခဲ့တာမရှိပါဘူး။ ပိုက်ဆံက ကျွန်တော့်ကို ဘယ်လိုမှတွန်းအားမပေးနိုင်ဘူး။ လူတိုင်းက
ကိုယ့်အမြင်နဲ့ကိုယ် ပြောပိုင်ခွင့်ရှိပေမယ့် သူတို့ပြောတာတွေက အပေါ်ယံအရမ်းဆန်ပါတယ်''လို့ ပြောပါတယ်။

#စီးရီးအေ #ဒီလစ်ဂ်ျ