ရှေ့သို့
Image

နေမာ ဘာကာမှာ ပြန်ကစားတာက ဘရာဇီး ဘောလုံးလောကအတွက် အကျိုးရှိတယ်လို့ ဆိုတဲ့ ဖီလစ်ပီလူးဝစ်

4:55 PM, 22 July

အက်သလက်တီကို အသင်းရဲ့ကစားသမားဟောင်း ဖီလစ်ပီလူးဝစ်ကတော့ နိုင်ငံအသင်းဖော် နေမာအနေနဲ့ လာလီဂါ ချန်ပီယံအသင်းမှာ ပြန်ကစားတာကို မြင်ချင်တယ်လို့ ဆိုပါတယ်။ ဒါပေမယ့် ဒီကိစ္စက တကယ် ဖြစ်လာဖို့ မလွယ်ကူပါဘူး။
ဖီလစ်ပီလူးဝစ်က PSG ရဲ့နာမည်ကျော် ကစားသမားနေမာဟာ ဘာကာအသင်းမှာ ပြန်ကစားတာက ဘရာဇီး လက်ရွေးစင် အသင်းအတွက် အကျိုး ဖြစ်ထွန်းစေလိမ့်လို့ ဆိုပါတယ်။
နေမာအနေနဲ့လဲ လီဂူးဝမ်းချံပီယံ PSG အသင်းကနေ ထွက်ခွာချင်နေပြီး လွန်ခဲ့တဲ့ ၂ နှစ်က ကမ္ဘာစံချိန်တင် ပြောင်းရွှေ့ကြေး ယူရို ၂၂၂ သန်း ( ပေါင် ၁၉၉ သန်း/ဒေါ်လာ ၂၄၉ သန်း) ထွက်ခွာလာခဲ့တဲ့ အသင်းဟောင်း ဘာစီလိုနာ အသင်းဆီကို ပြန်လည် ပြောင်းရွှေ့လိုနေပါတယ်။
ရီးရဲလ်မက်ဒရစ်ကလဲ နေမာ ပြောင်းရွှေ့နိုင်ခြေရှိတဲ့ အသင်းထဲမှာ ပါဝင်ပါတယ်။
PSG အသင်းရဲ့အားကစား ဒါရိုက်တာ လီယိုနာဒို ကိုယ်တိုင်က နေမာအသင်းက ထွက်ခွာနိုင်တယ်လို့ ပြောထားပေမယ့် ခုချိန်ထိ ဘာကမ်းလှမ်းမှုမှ မရရှိသေးဘူးလို့ သိရပါတယ်။
ဖီလစ်ပီ လူးဝစ်ကတော့ ဘရာဇီး အသင်းဖော်ကို နူးကမ့်ဆီ ပြန်လည် ပြောင်းရွှေ့စေချင်ပေမယ့် ဒါဟာ ဖြစ်နိုင်ခြေနည်းမယ် ဆိုတာကို သိထားပါတယ်။
ဘရာဇီးရုပ်သံ အစီအစဉ် တစ်ခုမှာ ဖီလစ်ပီလူးဝစ်က “  သူ့ (နေမာ)ကို ဘာကာအသင်းဆီ ပြန်ပြောင်းစေချင်ပါတယ်။ ဘာကာမှာဆို မက်ဆီနဲ့လဲ တွဲကစားရမှာ ဆိုတော့ သူပျော်မှာပါ။ နေမာသာ ဘာကာကို ပြန်ပြောင်းရင် ဘရာဇီး အသင်းအတွက် အကျိုးရှိစေမယ်လို့ ထင်ပါတယ်။  ဒါပေမယ့် ဖြစ်ဖို့ ခဲယဉ်းပါတယ် “ ဖီလစ်ပီလူးဝစ်ဟာ အက်သလက်တီကို အသင်းနဲ့ ရှစ်ရာသီကြာ ဖြတ်သန်းပြီးနောက် အသင်းကနေ ထွက်ခွာဖို့ ကြေညာထားခဲ့ပါတယ် ။
၃၃ နှစ်အရွယ် ကစားသမားကြီးဟာ သူ့ရဲ့ကစားသမား ဘ၀ကို ဖီဂွေရန်စီအသင်းနဲ့ စတင်ခဲ့ပြီး ယခုရာသီမှာ ဘရာဇီးကလပ် ဖလာမင်ဂိုး အသင်းကို ပြောင်းရွှေ့ကြေး အလွတ်နဲ့ပြောင်းရွှေ့ဖို့ စီစဉ်နေပါတယ်။
အက်သလက်တီကို အသင်းဟာ အန်တိုနီယို ဂရစ်ဇ်မန်း၊ လူးကပ် ဟာနန်ဒက်စ်၊ ရိုဒရီနဲ့ ဒီယေဂိုဂိုဒင် တို့လို အဓိက ကစားသမားတွေကို ဆုံးရှုံးထားပေမယ့် ဂျာအိုဖီးလစ်၊ ဟက်တာဟာရဲယား၊ မားကို့စ်လော်ရန်တေး၊ ကီရန် ထရစ်ပီယား၊ဖီလစ်ပီနဲ့ ရီနန်လိုဒီ တို့ကို ပြန်လည် ခေါ်ယူထားပါတယ်။
တီကိုဟာ ရီးရဲလ်အသင်းရဲ့ကိုလံဘီယာ ကွင်းလယ်လူ ဂျိမ်းစ်ရိုဒရီဂွက်ဇ်ကိုလဲ ခေါ်ယူဖို့ ချိတ်ဆက်နေပါတယ်။
ဖီလစ်ပီလူးဝစ်က “ ဂျိမ်းစ်လို ကစားသမားမျိုးသာ အက်သလက်တီကိုမှာရှိရင် အရမ်းကို စိတ်ဝင်စားဖို့ ကောင်းသွားမှာပါ။ ဘယ်သူပဲ ရောက်ရောက်ပါ ဂျိမ်းစ်လို ကစားသမားကတော့ ခမ်းနားလွန်းပါတယ် “ လို့ ထပ်လောင်း ပြောကြားသွားခဲ့ပါတယ်။

#ဖီလစ်ပီ လူးဝစ်