ရှေ့သို့
Image

လီဗာပူးမှာ ဆက်ရှိနေဖို့ မသေချာသေးကြောင်း ဖွင့်ဟလာတဲ့ မီလ်နာ

10:52 AM, 22 July

လီဗာပူး ကွင်းလယ် ကစားသမား မီလ်နာကတော့ စာချုပ်သစ် ချုပ်ဆိုဖို့အတွက် ဆွေးနွေးမှု မရှိသေးတာကြောင့် အသင်းမှာ ဆက်ရှိနေဖို့ မသေချာသေးကြောင့် ဖွင့်ဟ ပြောကြားလိုက်ပါတယ်။

ကွင်းလယ် ကစားသမား မီလ်နာဟာ ၂၀၁၅ ခုနှစ် မန်စီးတီး အသင်းကနေ လီဗာပူးအသင်းကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ပြောင်းရွှေ့လာခဲ့တာ ဖြစ်ကာ အသင်းနဲ့ ၁၂ လသာ စာချုပ်သက်တမ်း ကျန်ရှိတော့တာ ဖြစ်ပါတယ်။

အင်္ဂလန်သားဟာ လီဗာပူး အသင်းအတွက် အကောင်းဆုံး စွမ်းဆောင်နိုင်ခဲ့ပေမယ့်လည်း လက်ရှိအချိန်အထိ စာချုပ်သစ်အတွက် ဆွေးနွေးခြင်း မရှိသေးတာ ဖြစ်ပါတယ်။

သတင်းတွေအရတော့ ကွင်းလယ် ကစားသမား မီလ်နာဟာ ကစားသမား ဘ၀စတင်တဲ့ လိဒ်အသင်းကို ပြန်လည် ပြောင်းရွှေ့ဖို့ ချိတ်ဆက်နေတယ်လို့ ဖော်ပြနေကြပေမယ့်လည်း အသက် ၃၃ နှစ်သားကတော့ အသင်းနဲ့အတူ ဆုဖလား အောင်မြင်မှုတွေ ဆက်လက် ရယူဖို့ ဆန္ဒပြင်းပြနေပါတယ်။

လီဗာပူးအသင်း ပိုင်ရှင်တွေဟာ အသက် ၃၀ ကျော် ကစားသမားတွေကို အသင်းနဲ့ စာချုပ်သစ် ချုပ်ဆိုလေ့မရှိတာကြောင့် ကွင်းလယ် ကစားသမား မီလ်နာအနေနဲ့ အသင်းမှာ ဆက်ရှိနေဖို့ မသေချာတော့တာ ဖြစ်ပါတယ်။

“ပြီးခဲ့တဲ့ နှစ်တုန်းက ကျွန်တော်နဲ့ အသင်း တာဝန်ရှိသူတွေနဲ့ စကားပြောဖြစ်ပါတယ်။ ဒါပေမယ့် သူတို့ဘက်ကတော့ အလိုမရှိတော့တဲ့ ပုံစံမျိုး ပြသနေပါတယ်။ အဲ့နောက်ပိုင်းကတည်းက ဘာသတင်းမှ မကြားရတော့တာပါ။ ကျွန်တော်ကတော့ အသင်းအတွက် နောက်ဆုံး အချိန်အထိ ပေးဆပ် ကစားသွားမှာပါ”လို့ မီလ်နာက ပြောကြားခဲ့ပါတယ်။

#လီဗာပူး #မီနာ